ပျိုဖော်ဝင်

" ပျိုဖေါ်ဝင် "

ချစ်မိပြီ ဆိုတော့လည်း
မုန်းဖို့လည်း မလွယ် ။
စိတ်ဆိုးဖို့ဆို ဝေလာဝေး
တွေးဆခက်ဖွယ် ။
အကိုရယ် ငြူစူပါနဲ့ကွယ်
မေ့မှာငယ်သေး။
စိတ်ဆိုးရင် ငိုကာမဲ့လို့
စိတ်ကောက်ကွဲ့လေး။ ။

ငယ်သူမို့ နွဲ့ဆိုးလေးရယ်
ဆိုးချင်မိတယ် ။
အကိုသာ ချော့ပါလေမှ
စိတ်ကောက်ပြေမယ် ။
အားကိုးလို့ ချစ်ချင်တယ်
ကြောက်တတ်တယ် တအား။
ဟီးလေးခို လက်ကိုပိုက်လို့
နွဲ့လိုက်ချင်သား။ ။

သဲနုပျို ကိုယ်ကိုယို့လို့
မခို့တယို့ ယဉ်ကျေး။
မေဆိုးရင် ငြူစူစောင်းနဲ့ကွယ်
တောင်းပန်မယ်လေး။ ။

သံယောဇဉ် တွယ်ငင်မိ
ရင်မှာငြိ ချစ်တယ်။
မုန်းဖို့ဆို ဝေးလာဝေး
နွေးထွေးချစ်မယ်။
မတွေ့ပြန်တော့ စိတ်အားငယ်
နွဲ့မူသွယ် ခွေနုံး။
တစ်နွယ်ငင် တစ်စင်ရစ်ပါပေါ့
ချစ်ဖွဲ့နှောင်ထုံး။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်