သိုးအသွင် ဖြစ်တော့မည်

” သိုးအသွင် ဖြစ်တော့မည် ”

အိုအသင်
ဘာသာဝင် မြတ်ဗုဒ္ဓ
ထိန်းချုပ်ကြ သည်းခံ။

မြင့်မြတ်သူ အကုန်လုံး
ဘုန်းတင့် ရောင်လျှံ။

တုတ်ခဲပေါက် ရိုက်နှက်ခံ
ဘာသံမှ တုန့်ပြန်နှင့်။

သူယုတ်မာ လာချေမှုန်း၍
စက်ဆုပ်စရာ အားကုန်သုံးတောင်
ရုန်းလျှင် ပစ်သင့်။ ။

သူယုတ်မာ လျှာဖျား
ချိုသကြား သကာတင်။

ဘာသာဝင် အကုန်ထုတ်လို့
မျိုးဖြုတ် ဖို့ပြင်။

သာသနာပိုင် ကယ်တင်ရှင်
ရှောင်တခင် သတ်ကွင်း။

တို့ဘာသာ တို့အမျိုး
ထိုးနှက် မြင်ကွင်း။ ။

ကိုးကွယ်သူ လူအများ
အင်အား၌ ဥပဒေကွယ်။

လူတွေကို အမိန့်သုံး
နှောင်ထုံး ချုပ်ဖွယ်။

လာတော့မယ်ဗျ လာတော့မယ်
ကယ်သူဖယ် မဲ့လျင်း။

ရိုင်းအမှု မထောက်ထားသော်
တိုင်းပြည်သူ့ တပ်မတော်သားတောင်
တားခက် လေခြင်း။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်