ခေါင်းခဲတယ်ကွယ်
” ခေါင်းခဲတယ်ကွယ် ”
နေလုံးရယ်ကွယ်
တောင်စွယ် သို့ပြေး။
ညိုရီမှောင် တောင်ဂတုံးမှာ
ခေါင်းအုံး လို့မှေး။ ။
ခေါင်းအုံးလို့ လင်းမဖြာ
လသာလိမ့် လေး။
လမမြင် ကြယ်စင်ထွက်
လင်းလက် လိမ့်လေး။ ။
ငွေကြယ်ရောင် စောင်ခြုံလျက်
တိမ်မြုံ ဝှက် အထွေး။
မီးစာတွင် ရေနံဆွတ်
ဝင်းမွတ် ရောင်သွေး။ ။
တို့အင် တို့အားနဲ့
တို့များရဲ့ ဘဝမှာ
ရုန်းထ ဖို့သာ။
မျှော်လင့်ချက် မပေါ်လာ
ညှိုးငယ် ပါလေဘိ။
နောင်အခါ
မှောင်ကမ္ဘာ ညစ်အထေးမှာ
ရွေးခက် ပေ၏။ ။
” သစ်ရိပ်ညို ”
နေလုံးရယ်ကွယ်
တောင်စွယ် သို့ပြေး။
ညိုရီမှောင် တောင်ဂတုံးမှာ
ခေါင်းအုံး လို့မှေး။ ။
ခေါင်းအုံးလို့ လင်းမဖြာ
လသာလိမ့် လေး။
လမမြင် ကြယ်စင်ထွက်
လင်းလက် လိမ့်လေး။ ။
ငွေကြယ်ရောင် စောင်ခြုံလျက်
တိမ်မြုံ ဝှက် အထွေး။
မီးစာတွင် ရေနံဆွတ်
ဝင်းမွတ် ရောင်သွေး။ ။
တို့အင် တို့အားနဲ့
တို့များရဲ့ ဘဝမှာ
ရုန်းထ ဖို့သာ။
မျှော်လင့်ချက် မပေါ်လာ
ညှိုးငယ် ပါလေဘိ။
နောင်အခါ
မှောင်ကမ္ဘာ ညစ်အထေးမှာ
ရွေးခက် ပေ၏။ ။
” သစ်ရိပ်ညို ”
Comments
Post a Comment