ဓမ္မအစစ်ပါဗျာ

” ဓမ္မအစစ်ပါဗျာ ”

ချိန်ခွင်အလေး ၊ မျှမတွေးပဲ
နှုတ်ရေးပုံဖေါ် ၊ မသူတော်တို့။

မလျော်မကန် ၊ ဇွတ်ကြံဖန်လျက်
အမှန်မကူ ၊ မကြည်ဖြူလို့။

လုယူဓမ္မ ၊ အဓမ္မဟု
နှိမ့်ချစော်ကား ၊ အိုလူသားတို့။

မှောင်သားဆိုးသူ ၊ အဟိတ်လူ ကျ
ငြူစူမရှိ ၊ ကောင်းပါဘိသို့။

ကောင်း၏ကောင်းလျက် ၊ တိုင်းဂုဏ်ပျက်ဟု
မျိုးဖျက်သယောင် ၊ စိတ်စွဲအောင်ညှို့။

ထင်ယောင်ထင်မှား ၊ ကန့်သတ်ခြား၍
ပိတ်ကားပုံဖော် ၊ မျိုးချစ်တော်ကို
ညှိုးရော်ဖိစီး ၊ ဂုဏ်ကာဆီးလျက်
ဝိနည်းသိက္ခာ ၊ ထိုးနှက်လာသည်
မြန်မာပြည်မှ ဟုတ်၏တည်း။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်