လယ်မြေရေပြည့်ဝန်းလျှံ

" လယ်မြေရေ ပြည့်ဝန်းလျှံ "

မှုန်ပြာရီ ရစ်ဆိုင်း
ရှစ်ခွင်တိုင်း မှိုင်းသီ
ဝိုင်းပတ်လည် သည်ရွှေမိုး
ဝေဖြိုးကျပြီ။

ရေတိုးလို့ လျှံသည်
ဆည်ကန်ရေ ပြည့်သည်း
စံဌာနေ ရေလယ်တွင်း
နစ်ဆင်းရပြီ။ ။

မူးမြစ်အင်း ပိတ်ဆီးကာ
ရိပ်ကြီးဖြာ စုံမြိုင်တွင်း
ဝပ်ဆင်းတည် ဆည်ရေဖြိုးတော့
ရေတိုးပေါ့လေး။

မိုးစပါးဖေါ်
ပျိုးအားနော် သန်တဲ့ကွင်းပါဗျ
ရေနက်ကွင်း ဆည်ရေဟီးတယ်
ရေကြီးပေါ့လေး ။ ။

အားဖြည့်လို့ ပေးလှူသည်
ဖေးကူကွဲ့လေး။
တို့နိုင်ငံ တို့အရေးမို့
တွေးဆကွဲ့လေး။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်