ရင်ဝှက်တေး

” ရင်ဝှက်တေး ”

သန်းခေါင်ယံ လွန်
ကြက်ဦးတွန် ဝယ်
တံခွန် ကြယ်မင်း ဆင်းကြသည်။

လမင်း စန္ဒာ
ငွေဝတ်လွှာ ဖြင့်
ကြည်သာ ချမ်းမြေ့ တွေ့ကြသည်။

တိမ်လွှာ ခစား
ရံရွေ ဖွားတို့
ပြေးလွှား သော့သော့ ဆော့ကြသည်။

ပြန့်ကား ဖူးလာ
ပဒုမ္မာ လျှင်
ရေလွှာ နန်းထက် တက်ကြသည်။

ပြိုးပျက် ဝင်းလျှံ
ဤညဥ့်ယံ တွင်
တေးသံ ချိုချို ဆိုမိသည်။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး