မမြင်မကန်း

” မမြင်မကန်း ”

ရွှေနှုတ်တော် ချောင်းစီးပဟဲ့
မောင်းတီးတဲ့ လိုင်းပေါ်။
သံသရာ ရထားစီးတို့
ရန်မီး ထွန်းသော်။
လျော်မလျော်
တော်မတော် ချင့်တွေး။
ဘေတွေကုန် စိတ်လေနွမ်းကာ
ပန်းလှ တယ်လေး။ ။

” ငြိမ်လည်းမဖြစ် ”

မအော်ပြန် မြေကတုတ်က
ရှေ့ထပ်ထုတ် ကျူးကျော်။
အရိုးပေါ် အရွက်ဖုံးလို့
မျိုးတုံး လိမ့်နော်။
မှော်ရွာ ပျော်
ဆော်သာဆော် နှိမ်ပေး။
သူယုတ်တွေ အစွယ်ပြုန်းမှ
စုန်းမီး မှိန်လေး။ ။

” သွေးနှင့်ဆက်သော ဇာတိမြေ ”

စုန်းကဝေ မှော်ဘီလူး
မှင်စာမြူး ဖုတ်တစ္ဆေ။
အစွယ်ရည် တများများနဲ့
သွားကြား ကကြွေ။
မြန်မာပြေ
တို့တစ်တွေ အသက်ချွေး။
အစွယ်အို ကျွန်သပေါက်တွေ
ပျောက်ပျက် ဖို့လေး။ ။

” စောင့်သိခြင်း ”

အိမ်ဦးနေ အရှင်များ
အညံ့စား ဖြစ်ပစေ။
မိသားစု အဝန်းဝိုင်း
ခြုံသိုင်း တတ်လျှင်လေ။
ဆင်းရဲပါစေ
တို့တစ်တွေ မကြောက်။
အမျိုးသား သစ္စာထားလို့
လားလားမျှ မဖောက်။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်