သီတာရေစင်
” သီတာရေစင် ”
မေတ္တာသည် သီးခြားသဘော
ကြီးမားသော သတ္တိ။
ဘယ်အရာ မနှိုင်းယှဉ်အပ်အောင်
မြတ်လှ ပါဘိ။ ။
သစ္စာရှင် ရောင်စဉ်ပျိုး
အားကိုး ဖွယ့် မေတ္တာ
ရင်ထဲမှ လာ။
ဖြူစင်ရည် ကြည်လင်စွာ
အကြင်နာ ဆင့်ကဲ။
ဘဒ္ဒဤကမ္ဘာ
မနွမ်းပါ ထာဝရကွယ်
အေးမြ လျက်ပဲ။ ။
ပေးဆပ်မူ ပြုသဘော
စောကြောရ ခက်လှတယ်။
အေးချမ်းစွာ ဘဝအရေး
ဖေးမ မပြယ်။
နှလုံးသား မေတ္တာနယ်
စမ်းရေနှယ် ကြည်အေး။
စန်းလသော်တာရှင်
ဝဠာခွင် ရောင်စဉ်ကူးတယ်
ထူးတဲ့ ညလေး။ ။
” သစ်ရိပ်ညို ”
မေတ္တာသည် သီးခြားသဘော
ကြီးမားသော သတ္တိ။
ဘယ်အရာ မနှိုင်းယှဉ်အပ်အောင်
မြတ်လှ ပါဘိ။ ။
သစ္စာရှင် ရောင်စဉ်ပျိုး
အားကိုး ဖွယ့် မေတ္တာ
ရင်ထဲမှ လာ။
ဖြူစင်ရည် ကြည်လင်စွာ
အကြင်နာ ဆင့်ကဲ။
ဘဒ္ဒဤကမ္ဘာ
မနွမ်းပါ ထာဝရကွယ်
အေးမြ လျက်ပဲ။ ။
ပေးဆပ်မူ ပြုသဘော
စောကြောရ ခက်လှတယ်။
အေးချမ်းစွာ ဘဝအရေး
ဖေးမ မပြယ်။
နှလုံးသား မေတ္တာနယ်
စမ်းရေနှယ် ကြည်အေး။
စန်းလသော်တာရှင်
ဝဠာခွင် ရောင်စဉ်ကူးတယ်
ထူးတဲ့ ညလေး။ ။
” သစ်ရိပ်ညို ”
Comments
Post a Comment