ပြည်ထောင်စုကျောက်တိုင်
" ပြည်ထောင်စုကျောက်တိုင် "
ရှေးပဝေဏသီ
မြန်မာပြည်သားတို့
အင်အားနှင့်ဇွဲမာန်တိုင်
မြဲတဲ့ကျောက်တိုင်။
သက်တမ်းပြည့် ယနေ့တိုင်
မြဲခိုင်ခိုင် တည့်မတ်ထား။
သွေးသစ္စာ မှန်မယွင်းဟာမို့
လက်ချင်းညီ ကာကွယ်ရစ်မယ်
သွေးသစ္စာစကား။ ။
အုတ်တစ်ချပ် သဲတစ်ပွင့်ဖြင့်
ပေါင်းဆင့်လို့ ကဗျည်းတင်
တကောင်းခေတ်က စတင်။
သာသနာ လွှမ်းခြုံတင်
ရာဇဝင် ပုဂံခေတ်။
ပြည့်အားမာန် စံမူပျိုးပါတဲ့
ပြည်မြန်မာ ပျူ ဟံ နိုး တို့လို
ပုဂံအင်းဝ ပင်းယတောင်ငူ
ညောင်ရမ်း ကုန်းဘောင်တို့ဟာဖြင့်
တို့ပြည်ထောင် ညီနောင်အရေးမို့
သွေးစည်းလို့ချစ်။ ။
လာမစမ်း လေနဲ့
လာစမ်းပါကွဲ့ ပြည့်ရန်သူ
တွင်းပြင်မဟူ။
တို့ကျောက်တိုင် ခွေယိုင်လဲအောင်
ဆွဲမယ့်ရန်သူ။
သာသနာ ထုံးဖြူဖြူ
ညစ်ထူလျှင် သန့်ရှင်း။
ကျောက်တိုင်ဖြူ ပြည်သူချစ်တယ်
သွေးသစ်ညီရင်း။ ။
ဆွေတစ်သင်းတို့ရေ
ရင်တွင်းရောက် စိတ်အမြူ
ရှင်းကြကွဲ့ ဒီမြူ။
လက်ပါးစေ ဘာသာဆိုးကြောင့်
တို့အမျိုး လက်ခံမယူ
တိုက်ဖျက်ညီတူ။
တိုက်ဖျက်စို့ တွဲလက်ကူ
တဖက်လူ မြှူသည့်အရေး။
တို့ပြည်ထောင် တည်စေကြောင်းကို
ပေါင်းစုဖို့လေး။ ။
" သစ်ရိပ်ညို "
ရှေးပဝေဏသီ
မြန်မာပြည်သားတို့
အင်အားနှင့်ဇွဲမာန်တိုင်
မြဲတဲ့ကျောက်တိုင်။
သက်တမ်းပြည့် ယနေ့တိုင်
မြဲခိုင်ခိုင် တည့်မတ်ထား။
သွေးသစ္စာ မှန်မယွင်းဟာမို့
လက်ချင်းညီ ကာကွယ်ရစ်မယ်
သွေးသစ္စာစကား။ ။
အုတ်တစ်ချပ် သဲတစ်ပွင့်ဖြင့်
ပေါင်းဆင့်လို့ ကဗျည်းတင်
တကောင်းခေတ်က စတင်။
သာသနာ လွှမ်းခြုံတင်
ရာဇဝင် ပုဂံခေတ်။
ပြည့်အားမာန် စံမူပျိုးပါတဲ့
ပြည်မြန်မာ ပျူ ဟံ နိုး တို့လို
ပုဂံအင်းဝ ပင်းယတောင်ငူ
ညောင်ရမ်း ကုန်းဘောင်တို့ဟာဖြင့်
တို့ပြည်ထောင် ညီနောင်အရေးမို့
သွေးစည်းလို့ချစ်။ ။
လာမစမ်း လေနဲ့
လာစမ်းပါကွဲ့ ပြည့်ရန်သူ
တွင်းပြင်မဟူ။
တို့ကျောက်တိုင် ခွေယိုင်လဲအောင်
ဆွဲမယ့်ရန်သူ။
သာသနာ ထုံးဖြူဖြူ
ညစ်ထူလျှင် သန့်ရှင်း။
ကျောက်တိုင်ဖြူ ပြည်သူချစ်တယ်
သွေးသစ်ညီရင်း။ ။
ဆွေတစ်သင်းတို့ရေ
ရင်တွင်းရောက် စိတ်အမြူ
ရှင်းကြကွဲ့ ဒီမြူ။
လက်ပါးစေ ဘာသာဆိုးကြောင့်
တို့အမျိုး လက်ခံမယူ
တိုက်ဖျက်ညီတူ။
တိုက်ဖျက်စို့ တွဲလက်ကူ
တဖက်လူ မြှူသည့်အရေး။
တို့ပြည်ထောင် တည်စေကြောင်းကို
ပေါင်းစုဖို့လေး။ ။
" သစ်ရိပ်ညို "
Comments
Post a Comment