သီတာ
" သီတာ "
ကလေးဘဝ ၊ တွေးဆလို့ပျော်
ငယ်ဖေါ်လေးရယ် ၊ နင်ဘယ်မှာလဲ
မခွဲစတမ်း ၊ မျှော်မှန်းခဲ့တယ်
နင်ရယ်ငါရယ် ၊ မိုးရယ်မြေရယ်
ပန်ရွယ်မေတ္တာ ၊ သစ္စာဆိုထား
ဘုရားမှာပေါ့ ၊ သော့သော့ရွှင်ပျော်
ငယ်ဖေါ်လေးရယ် ၊ ချစ်တယ်ကွယ်။
ခုနေခါများ ၊ ငါ့နားမှာကွယ်
တကယ်လို့များ ၊ နင်များရှိရင်
ငါ့ရင်ထဲမှာ ၊ ဝမ်းသာရမှာ
နင်သာဘဝ ၊ ငါ့ဘဝပါ
ခွဲခွာရက်များ ၊ ငါ့အားနှိတ်စက်
ငါ့တွက်မှာလေ ၊ ရှာလေဝေးလေ
ဝေးမြေရပ်ခြား ၊ နင်သွားပြီးနောက်
နင်ပျောက်ခဲ့တာ ၊ ကြာပါပြီကွာ။
ပြေးပါသီတာ ၊ သီတာငါ့အား
နင်ထားခဲ့တာ ၊ ကြာပါပြီကွယ်
ဒီမယ်သီတာ ၊ ကမ္ဘာဆုံးစေ
ငါလေရှာမယ် ၊ နင်ရယ်ငါရယ်
မိုးရယ်မြေရယ် ၊ နောင်ဝယ်တစ်နေ့
ဖြစ်စေ့ရမယ် ၊ တကယ်လို့များ
ငါသေသွားမှ ၊ ဝေးသွားကြမယ်
ချစ်ရတယ်ကွယ် ၊ သီတာရယ်။ ။
" သစ်ရိပ်ညို "
ကလေးဘဝ ၊ တွေးဆလို့ပျော်
ငယ်ဖေါ်လေးရယ် ၊ နင်ဘယ်မှာလဲ
မခွဲစတမ်း ၊ မျှော်မှန်းခဲ့တယ်
နင်ရယ်ငါရယ် ၊ မိုးရယ်မြေရယ်
ပန်ရွယ်မေတ္တာ ၊ သစ္စာဆိုထား
ဘုရားမှာပေါ့ ၊ သော့သော့ရွှင်ပျော်
ငယ်ဖေါ်လေးရယ် ၊ ချစ်တယ်ကွယ်။
ခုနေခါများ ၊ ငါ့နားမှာကွယ်
တကယ်လို့များ ၊ နင်များရှိရင်
ငါ့ရင်ထဲမှာ ၊ ဝမ်းသာရမှာ
နင်သာဘဝ ၊ ငါ့ဘဝပါ
ခွဲခွာရက်များ ၊ ငါ့အားနှိတ်စက်
ငါ့တွက်မှာလေ ၊ ရှာလေဝေးလေ
ဝေးမြေရပ်ခြား ၊ နင်သွားပြီးနောက်
နင်ပျောက်ခဲ့တာ ၊ ကြာပါပြီကွာ။
ပြေးပါသီတာ ၊ သီတာငါ့အား
နင်ထားခဲ့တာ ၊ ကြာပါပြီကွယ်
ဒီမယ်သီတာ ၊ ကမ္ဘာဆုံးစေ
ငါလေရှာမယ် ၊ နင်ရယ်ငါရယ်
မိုးရယ်မြေရယ် ၊ နောင်ဝယ်တစ်နေ့
ဖြစ်စေ့ရမယ် ၊ တကယ်လို့များ
ငါသေသွားမှ ၊ ဝေးသွားကြမယ်
ချစ်ရတယ်ကွယ် ၊ သီတာရယ်။ ။
" သစ်ရိပ်ညို "
Comments
Post a Comment