ရော်ရွက်ဝါ
" ရော်ဝါရွက် "
ငါ့အစွမ်း
အရွက်ထမ်းသလိုသာ။
ရင့်ကြမ်းလျှင် ခွာချွေလှစ်
စွန့်ပစ်မှာပါ။
အစွမ်းအစ ငါ့မှာကုန်ကာ
လူရည်မှာ ညံ့။
ထင်မြင်ရာ ဥာဏ်ရည်နုတ်တော့
ဖယ်ဖြုတ်ရပ်တန့်။ ။
ကြိုးကြိုးစားစား
နိုးကြားခဲ့ပါပြီ။
လုပ်ငန်းခွင် တကယ်ဆိုက်ရောက်မှ
နောက်လိုက်ဖြစ်ရသည်။
ခေါင်းဆောင်ကွဲ့ ငါ့နာမည်
လုပ်ဆောင်ရည် ညံ့ဖျင်း။
မူးယစ်ထွေ ငါသောက်စားလို့
အားထဲ့ဖို့ပျင်း။ ။
အပေါင်းအသင်းမှာလ
ရောင်းရင်းက အရင်ကြွေ။
လေမလှုပ်ခင် သည်အရွက်
ဆင်းသက်လို့ နေ။
စိတ်တွေလေ
ထွေပါပေါ့ ဝန်ထမ်း။
ငါဝန်တာ စဉ်အဆက်မှာ
အားပျက်တဲ့လမ်း။ ။
" သစ်ရိပ်ညို "
ငါ့အစွမ်း
အရွက်ထမ်းသလိုသာ။
ရင့်ကြမ်းလျှင် ခွာချွေလှစ်
စွန့်ပစ်မှာပါ။
အစွမ်းအစ ငါ့မှာကုန်ကာ
လူရည်မှာ ညံ့။
ထင်မြင်ရာ ဥာဏ်ရည်နုတ်တော့
ဖယ်ဖြုတ်ရပ်တန့်။ ။
ကြိုးကြိုးစားစား
နိုးကြားခဲ့ပါပြီ။
လုပ်ငန်းခွင် တကယ်ဆိုက်ရောက်မှ
နောက်လိုက်ဖြစ်ရသည်။
ခေါင်းဆောင်ကွဲ့ ငါ့နာမည်
လုပ်ဆောင်ရည် ညံ့ဖျင်း။
မူးယစ်ထွေ ငါသောက်စားလို့
အားထဲ့ဖို့ပျင်း။ ။
အပေါင်းအသင်းမှာလ
ရောင်းရင်းက အရင်ကြွေ။
လေမလှုပ်ခင် သည်အရွက်
ဆင်းသက်လို့ နေ။
စိတ်တွေလေ
ထွေပါပေါ့ ဝန်ထမ်း။
ငါဝန်တာ စဉ်အဆက်မှာ
အားပျက်တဲ့လမ်း။ ။
" သစ်ရိပ်ညို "
Comments
Post a Comment