မြက်လေးမျိုး

" မြက်လေးမျိုး "

ရိပ်ကျမြက်စို
လောင်းရိပ်ခို
ကိုလိုနီ သို့သာ။
နေချည်ဆင်းပိတ်
သစ်ပင်ရိပ်
ပင်ထိပ် မထွားသာ ။

ညှပ်ဆိတ်ပင်ပြတ်
တိတိဖြတ်
လတ်ဆတ် ဝေဆာလာ။
တိုးစေလှောင်းလှောင်း
ပင်ပျိုလောင်း
အားကောင်း ပိုသန်လာ ။

အပေါင်းဖိနှိမ့်
မြက်ကိုလှိမ့်
ဖြေသိမ့် ပိပြားစွာ။
လွှားလွှားပြန်ကြွ
ထောင်းထောင်းထ
မြက်လှ ညီညွတ်စွာ ။

ရေလွှာကြောဖြတ်
ပင်သင်းသတ်
ရေငတ် ပင်ခြောက်လာ။
ကွေ့လိမ်သရမ်း
ခြောက်ကပ်နွမ်း
သက်ငြမ်း ကြွေကာလာ။

ရိပ်ဆိတ်နှိပ်ဖြတ်
ပမာထပ်
လေးရပ် မြက်မျိုးသာ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်