ကောင်းသောအလုပ်
" ကောင်းသောအလုပ် "
ပညာတတ်သိ ၊ ပညာရှိ ၊ အသိ မြဲခိုင်မာ။
ဥစ္စာစောင့်ထိန်း ၊ ချမ်းသာငြိမ်း ၊ ထိန်းသိမ်း မြဲတတ်လာ။
ဒါန၏လမ်း ၊ မပင်ပန်း ၊ လှူဒါန်း ရဲတတ်တာ။
သီလအမှန် ၊ မြဲရှင်သန် ၊ ကျင့်ကြံ ရဲတတ်ရာ။
ဘာဝနာ`အား´ ၊ မှန်တရား ၊ ပွားများ ရဲတတ်စွာ။
ပညာသာရှိ ၊ အသိကြွယ်သည်။
ဥစ္စာရရှိ ၊ ပေါပြည့်ကြွယ်သည်။
ဒါနစခန်း ၊ လှူဒါန်းလွယ်သည်။
သီလရင့်သန် ၊ ကျင့်ကြံလွယ်သည်။
ဘာဝနာ`အား´ ၊ ပွားများလွယ်သည်။ ။
" သစ်ရိပ်ညို "

Comments
Post a Comment