မြန်အောင်နိမိတ်ကျွန်း

" မြန် အောင် နိမိတ် ကျွန်း "

သော်တာရောင် လရောင်လင်း တော့
နေမင်းက ငုပ်လျှိုးကွယ်
ထွေခင်းစို့ စိန်ငွေကြယ် မယ်
တိမ်ယံမယ် ချယ်မြူကင်း
ဖြူဝင်းပ အာကာဘောင်ချီ
ရောင်စဉ် သွေးသည်။

ရွှေစင်ပွတ် ဝင်းမွတ်ကြယ် မှာ
ငွေမှင်သွပ် ဆင်းကွပ်လာ သော်
ကွင်းစင်္ကြာ မဟာတံတိုင်း မှာဖြင့်
ကာရန်နှိုင်း ကဗျာသီ တယ်
စံဌာနီ ကမ္ဘာမြေ စွင့် ပါပေါ့
ညာဆွေမြင့် တင့်စေသည်
ပွင့်ရွှေရည် အေး ။

အောင်စည်ဟိန်း လို့ တထီထီ
ဆောင်မည့်ကိန်း မို့ တဘောင်ချီ
နောင်အရှည် အေးစေကြောင်း ကိုဖြင့်
သော်တာရည် ဖွေးနိမိတ်ကျွန်း ဝယ်
ထွန်းပ ရာသီ
မြန်မာပြည် ရွှေရောင်ဝင်း စွ
ကြယ်ပြောင်ဝင်း ခမ်းနားထည်
စွမ်းပကားညီ ကြွယ်စေပြီ ပေါ့
တခမ်းတနား များနယ်ပယ် ဝယ်
ဆန်းပြားချယ် ရောင်စုံသွန်း လို့ရယ်
ကွန်းရိပ် ချိုအေး ။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး