စိုက်ပျိုးရေး

” စိုက်ပျိုးရေး ”

ဘယ့်နှယ် ဖြစ်တာလဲ
ကိုင်းတွေလည်း ကြိုးပြတ်နေ။

ဟိုနေရာ မြေမှာစိုက်
ဒီနေရာ မြေမှာစိုက်
ငုတ်ရိုက်သလိုပေ။

ကိုင်းချိုးစိုက် တာတဲ့လေ
အပင်တွေ အများကြီး။

ကိုင်းငုတ်တို အရွက်ညှိုးကာ
မျိုးပျက်သည့် နည်း။ ။

အလိုက်ထိုက် နေသားကျ
သူ့ပင်က ရွက်သစ်ဝေ။

အပင်ပျို အင်အားတက်
အခက် ဖြာစေ။

ခုတော့လေ
ကိုင်းတွေကို ဖျက်ချိုး။

ကိုင်းတွေကို မြေမှာစိုက် တယ်
မိုက်လိုက်တဲ့ မျိုး။ ။

ရေနှင့်ပျိုးကိုဖြင့်
မပံ့ပိုး နိုင်။

မြေဩဇာ ကဆီဓာတ်က
ပြတ်လပ် သည့်စတိုင်။

သည်အပင် မျိုးအဆိုင်
မရှင်နိုင် ချိုးစိုက်ရေး။

အစေ့ငယ် အပင်ပေါက်ကိုမှ
ပျိုးဖောက် သင့်လေး။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်