မပြစ်မှားမိစေလို
" မပြစ်မှား မိစေလို "
ခဲကျီဥစ္စာ ၊ မရှိပါလျက်
ကောင်းစွာစားချင် ၊ ကိုယ်တွင်ခွန်အား
လွန်နည်းပါးလျက် ၊ ကြုံးဝါးသက်လို
ကိုယ်၌ပညာ ၊ မရှိပါလျက်
များစွာဆိုကြူး ၊ ထိုသုံးဦးတို့
အရူးဟူသော် ၊ လူ၌ကျော်ရှင့်။
လူ့ဘောင်မှတ်သား ၊ ပန်းပွင့်များကို
ပျားပိတုန်းညို ၊ စားသုံးလိုသို့
မြွက်ဆိုအံ့မှူး ၊ ဂုဏ်ကျေးဇူးကို
အထူးသိတတ် ၊ သူမြတ်တို့သာ
လိုရှိရာ၏။ ။ ပြင်းစွာဖူးရောင်
အပုတ်ကောင်ကို ၊ ယင်ကောင်တို့မှ
လိုရှိကြသို့ ၊ မိုက်လှသည့်သူ
အယုတ်ဟူကား ၊ သူ့အပြစ်ကို
အလွန်လို၏။ ။အဆိုဖောက်ပြား
စကားတစိ ၊ မကောင်းဘိလည်း
အမိယုတ်သူ ၊ ကျင့်မူထိုမျှ
မကောင်းကြသော် ၊ အဘယုတ်မာ
နှစ်ဖြာမိဘ ၊ ယုတ်ကြရည်တူ
ကျင့်မူစကား ၊ နှစ်ပါးစလုံး
အယုတ်ဆုံးတည့်။ ။ မှတ်ထုံးတစိ
မိဘကောင်းမူ ၊ ပြန်၍ယူလော့။ ။
(လောကနီတိ မှ ကောက်နှုတ်သည် )
မလျော်ပြောကြ ၊ လူ့လောကတွက်
လောကနီတိ ၊ အဆိုရှိသား
ကဝိလက္ခဏာ ၊ ဆုံးမစာလျှင်
လူ့ရွာနတ်တုံ ၊ ပညာဂုဏ်ဖြင့်
ကုံလုံ ဓမ္မ ၊ လွန်ပြည့်ဝ၍
မြတ်လှပေစွာ ၊ သံဃာသူမြတ်
ရှင်သူမြတ်အား ၊ ပစ်မှားရွတ်အော်
မသင့်လျှော်သား ၊ လူသားများလား
ကိုယ့်အမှားကိုယ် ၊ ပြင်စေလိုသည်
စာဆိုကျိုးမျှော် ၊ လွန်နှိုးဆော်မိ
မတော်မလျား ၊ ပြုလိုငြားမူ
စိတ်ထားဘယ်သို့ ၊ ကောင်းပါ့မည်။ ။
" သစ်ရိပ်ညို "
ခဲကျီဥစ္စာ ၊ မရှိပါလျက်
ကောင်းစွာစားချင် ၊ ကိုယ်တွင်ခွန်အား
လွန်နည်းပါးလျက် ၊ ကြုံးဝါးသက်လို
ကိုယ်၌ပညာ ၊ မရှိပါလျက်
များစွာဆိုကြူး ၊ ထိုသုံးဦးတို့
အရူးဟူသော် ၊ လူ၌ကျော်ရှင့်။
လူ့ဘောင်မှတ်သား ၊ ပန်းပွင့်များကို
ပျားပိတုန်းညို ၊ စားသုံးလိုသို့
မြွက်ဆိုအံ့မှူး ၊ ဂုဏ်ကျေးဇူးကို
အထူးသိတတ် ၊ သူမြတ်တို့သာ
လိုရှိရာ၏။ ။ ပြင်းစွာဖူးရောင်
အပုတ်ကောင်ကို ၊ ယင်ကောင်တို့မှ
လိုရှိကြသို့ ၊ မိုက်လှသည့်သူ
အယုတ်ဟူကား ၊ သူ့အပြစ်ကို
အလွန်လို၏။ ။အဆိုဖောက်ပြား
စကားတစိ ၊ မကောင်းဘိလည်း
အမိယုတ်သူ ၊ ကျင့်မူထိုမျှ
မကောင်းကြသော် ၊ အဘယုတ်မာ
နှစ်ဖြာမိဘ ၊ ယုတ်ကြရည်တူ
ကျင့်မူစကား ၊ နှစ်ပါးစလုံး
အယုတ်ဆုံးတည့်။ ။ မှတ်ထုံးတစိ
မိဘကောင်းမူ ၊ ပြန်၍ယူလော့။ ။
(လောကနီတိ မှ ကောက်နှုတ်သည် )
မလျော်ပြောကြ ၊ လူ့လောကတွက်
လောကနီတိ ၊ အဆိုရှိသား
ကဝိလက္ခဏာ ၊ ဆုံးမစာလျှင်
လူ့ရွာနတ်တုံ ၊ ပညာဂုဏ်ဖြင့်
ကုံလုံ ဓမ္မ ၊ လွန်ပြည့်ဝ၍
မြတ်လှပေစွာ ၊ သံဃာသူမြတ်
ရှင်သူမြတ်အား ၊ ပစ်မှားရွတ်အော်
မသင့်လျှော်သား ၊ လူသားများလား
ကိုယ့်အမှားကိုယ် ၊ ပြင်စေလိုသည်
စာဆိုကျိုးမျှော် ၊ လွန်နှိုးဆော်မိ
မတော်မလျား ၊ ပြုလိုငြားမူ
စိတ်ထားဘယ်သို့ ၊ ကောင်းပါ့မည်။ ။
" သစ်ရိပ်ညို "
Comments
Post a Comment