ကိုယ်ကျိုး
" ကိုယ်ကျိုး "
ခက်တော့ခက်သား ၊ တဖက်နားရောက်
အမှားထောက်သော် ၊ မသင့်လျော်တည့်။
မလျော်မကန် ၊ သူ့လုပ်ဟန်ကို
ပြင်ရန်သော်ကား ၊ မရှိငြားတည့်။
အမှားသတိ ၊ တရားရှိအောင်
ပေးသိပြန်သော် ၊ တုန့်ပြန်ဆော်၏။
မြင်မြော်သိုင်းဝိုင်း ၊ ပြင်ဖို့ခိုင်းလည်း
ပြင်တိုင်းခဏ ၊ ပြန်ပြုကြ၏။
ငွေတစ်မျက်နှာ ၊ တဖက်သာကြည့်
သူ့တာဝန်ထမ်း ၊ သူတို့လမ်းတွင်
မှားမှန်းမှန်မှန်း ၊ မဝေခြမ်းပဲ
ဆင်ကန်းတောတိုး ၊ လုပ်ရပ်ဆိုးဖြင့်
ကိုယ်ကျိုးတွက်သာ ၊ ကိုယ့်တွက်ရှာသော်
ပြည်ရွာတဝှမ်း ၊ မငြိမ်းချမ်းတည့်။ ။
" သစ်ရိပ်ညို "
ခက်တော့ခက်သား ၊ တဖက်နားရောက်
အမှားထောက်သော် ၊ မသင့်လျော်တည့်။
မလျော်မကန် ၊ သူ့လုပ်ဟန်ကို
ပြင်ရန်သော်ကား ၊ မရှိငြားတည့်။
အမှားသတိ ၊ တရားရှိအောင်
ပေးသိပြန်သော် ၊ တုန့်ပြန်ဆော်၏။
မြင်မြော်သိုင်းဝိုင်း ၊ ပြင်ဖို့ခိုင်းလည်း
ပြင်တိုင်းခဏ ၊ ပြန်ပြုကြ၏။
ငွေတစ်မျက်နှာ ၊ တဖက်သာကြည့်
သူ့တာဝန်ထမ်း ၊ သူတို့လမ်းတွင်
မှားမှန်းမှန်မှန်း ၊ မဝေခြမ်းပဲ
ဆင်ကန်းတောတိုး ၊ လုပ်ရပ်ဆိုးဖြင့်
ကိုယ်ကျိုးတွက်သာ ၊ ကိုယ့်တွက်ရှာသော်
ပြည်ရွာတဝှမ်း ၊ မငြိမ်းချမ်းတည့်။ ။
" သစ်ရိပ်ညို "
Comments
Post a Comment