မြန်မာပြည် (ရတု)
" မြန်မာပြည် "
( ပိုဒ်စုံရတု )
ဧရာဝတီ ၊ မြစ်နဒီတည့်
ဝေးသီမြင့်ခေါင် ၊ မြိုင်တောတောင်စွယ်
သွယ်နှောင်စိမ့်စမ်း ၊ နှစ်မွှာလမ်းမှာ
သွယ်တန်းမေခ ၊ မလိခတို့
မြစ်မဧရာ ၊ စီးဆင်းလာသည်
များစွာပေါင်းဆုံ ၊ မြစ်ချောင်းစုံသား
မွှေးထုံသင်းပျံ့ ၊ ရေသင်းနံ့ဖြင့်
ပြန့်ပြန့်ဝန်းကျင် ၊ ထက်အောက်ခွင်သီး
စီးသွင်ယဉ်ကျေး ၊ ငြိမ့်ငြိမ့်အေးလျက်
သက်သွေးခန္ဓာ ၊ သတ္တ၀ါနှင့်
များစွာသစ်တော ၊ စုံမြိုင်ကြောဖြာ
အံ့ဩလောက်စွာ ၊ သုံးကြရာဝယ်
ရှည်ကြာတည်ထား ၊ မရပ်နားစွာ
ရေအားနှင်နှင် ၊ စီးသွင်သွင်သည်
ရေရှင်သာ၍ မွှေးသောကြောင့်။ ။
မြေလွှာမဟီ ၊ ရပ်ဝန်းဆီလည်း
တည်မှီပျိုးထောင် ၊ တိုးတက်အောင်လျှင်
တန်ဆောင်မြို့ရွာ ၊ လမ်းပန်းသာယာ
တောရွာမြို့ပေါက် ၊ တောက်လျောက်ရောက်ကြ
မထောင့်မနား ၊ ခရီးသွားသော်
ပြန့်ပွားကုန်စည် ၊ ထက်အောက်ညီလျက်
မြန်ပြည်တကြော ၊ စုံဆန်နှော၍
စုံတောမြိုင်ခြေ ၊ ရဂုံဘွေနှင့်
ရေမြေနှောက်ရှာ ၊ ရတနာလျှင်
ပြည်ရွာအကျိုး ၊ လွန်ဖွံ့ဖြိုးလို့
စိုက်ပျိုးဆောင်ရွက် ၊ သီးနှံထွက်လာ
ကျေးလက်တောဆင့် ၊ မြို့ဂုဏ်ဝင့်ထည်
လွန်တင့်တယ်သား ၊ မြို့ရွာများမှာ
မြေသားရွှင်ရွှင် ၊ နည်းသွင်သွင်တည်
မြေရှင်သာ၍ ထွေးသောကြောင့်။ ။
ဆွေညာတလီ ၊ ပေါင်းစုံညီသား
မြန်ပြည်လူ့ဘောင် ၊ ရင်းမြစ်နှောင်လွန်း
ထွန်းပြောင်သာကီ ၊ ပညာတည်စေ
ညီဆွေမျိုးသစ် ၊ ခေတ်တစ်ခေတ်၌
ပျိုမြစ်နုနယ် ၊ မြေးမြစ်ငယ်များ
သားနှယ်မျိုးပွား ၊ တိုင်းရင်းသားတွင်
အင်အားစုံနှင်း ၊ ရွက်ချီရင်းဖြင့်
လက်ခြင်းယှက်တင် ၊ ကြိုးစားလျှင်သော်
တိုင်ပင်ဆွေးနွေး ၊ မှန်ရာရွေးလို့
ပြည်ရေးပြည်ရာ ၊ မျိုးမြန်မာစုံ
အာဏာဂုဏ်မြောက် ၊ ညှာတာထောက်ချင့်
ချစ်ကြောက်ရိုသေ ၊ မျိုးမြှင့်စေလျက်
မသွေရပ်ခြား ၊ တိုင်းတစ်ပါး မှာ
ဆွေသားသွင်သွင် ၊ နှီးမျှင်မျှင်သည်
ဆွေခင်သာ၍ မှေးသောကြောင့်။ ။
" သစ်ရိပ်ညို "
( ပိုဒ်စုံရတု )
ဧရာဝတီ ၊ မြစ်နဒီတည့်
ဝေးသီမြင့်ခေါင် ၊ မြိုင်တောတောင်စွယ်
သွယ်နှောင်စိမ့်စမ်း ၊ နှစ်မွှာလမ်းမှာ
သွယ်တန်းမေခ ၊ မလိခတို့
မြစ်မဧရာ ၊ စီးဆင်းလာသည်
များစွာပေါင်းဆုံ ၊ မြစ်ချောင်းစုံသား
မွှေးထုံသင်းပျံ့ ၊ ရေသင်းနံ့ဖြင့်
ပြန့်ပြန့်ဝန်းကျင် ၊ ထက်အောက်ခွင်သီး
စီးသွင်ယဉ်ကျေး ၊ ငြိမ့်ငြိမ့်အေးလျက်
သက်သွေးခန္ဓာ ၊ သတ္တ၀ါနှင့်
များစွာသစ်တော ၊ စုံမြိုင်ကြောဖြာ
အံ့ဩလောက်စွာ ၊ သုံးကြရာဝယ်
ရှည်ကြာတည်ထား ၊ မရပ်နားစွာ
ရေအားနှင်နှင် ၊ စီးသွင်သွင်သည်
ရေရှင်သာ၍ မွှေးသောကြောင့်။ ။
မြေလွှာမဟီ ၊ ရပ်ဝန်းဆီလည်း
တည်မှီပျိုးထောင် ၊ တိုးတက်အောင်လျှင်
တန်ဆောင်မြို့ရွာ ၊ လမ်းပန်းသာယာ
တောရွာမြို့ပေါက် ၊ တောက်လျောက်ရောက်ကြ
မထောင့်မနား ၊ ခရီးသွားသော်
ပြန့်ပွားကုန်စည် ၊ ထက်အောက်ညီလျက်
မြန်ပြည်တကြော ၊ စုံဆန်နှော၍
စုံတောမြိုင်ခြေ ၊ ရဂုံဘွေနှင့်
ရေမြေနှောက်ရှာ ၊ ရတနာလျှင်
ပြည်ရွာအကျိုး ၊ လွန်ဖွံ့ဖြိုးလို့
စိုက်ပျိုးဆောင်ရွက် ၊ သီးနှံထွက်လာ
ကျေးလက်တောဆင့် ၊ မြို့ဂုဏ်ဝင့်ထည်
လွန်တင့်တယ်သား ၊ မြို့ရွာများမှာ
မြေသားရွှင်ရွှင် ၊ နည်းသွင်သွင်တည်
မြေရှင်သာ၍ ထွေးသောကြောင့်။ ။
ဆွေညာတလီ ၊ ပေါင်းစုံညီသား
မြန်ပြည်လူ့ဘောင် ၊ ရင်းမြစ်နှောင်လွန်း
ထွန်းပြောင်သာကီ ၊ ပညာတည်စေ
ညီဆွေမျိုးသစ် ၊ ခေတ်တစ်ခေတ်၌
ပျိုမြစ်နုနယ် ၊ မြေးမြစ်ငယ်များ
သားနှယ်မျိုးပွား ၊ တိုင်းရင်းသားတွင်
အင်အားစုံနှင်း ၊ ရွက်ချီရင်းဖြင့်
လက်ခြင်းယှက်တင် ၊ ကြိုးစားလျှင်သော်
တိုင်ပင်ဆွေးနွေး ၊ မှန်ရာရွေးလို့
ပြည်ရေးပြည်ရာ ၊ မျိုးမြန်မာစုံ
အာဏာဂုဏ်မြောက် ၊ ညှာတာထောက်ချင့်
ချစ်ကြောက်ရိုသေ ၊ မျိုးမြှင့်စေလျက်
မသွေရပ်ခြား ၊ တိုင်းတစ်ပါး မှာ
ဆွေသားသွင်သွင် ၊ နှီးမျှင်မျှင်သည်
ဆွေခင်သာ၍ မှေးသောကြောင့်။ ။
" သစ်ရိပ်ညို "
Comments
Post a Comment