အစစ်ဂုဏ်ရည်

" အစစ် ဂုဏ်ရည် "

အစစ်အစစ်ဟာက
အနှစ်အနှစ်ပါလို့
အပြစ်အပြစ်တို့ မပြုတယ်။

အတုအတုမှာဖြင့်
အစုအစုရှာလို့
အမှုအမှုတို့ ပြုတတ်တယ်။

သကြားချိုပါလျှက်ကယ်နှင့်
ဆားကိုသာ ရောယှက်ရင်ဖြင့်
ဪ အဖျက်ကြောင့် ပျက်တတ်တယ်
လက်ရှောင်ကြကွယ် ဤအမှား။

မြတ်တရား ဒေသနာ အလာကို
အမှတ်မမှား သေချာစွာဖြင့်
ထပ်မမှားလေအောင် စောင့်ထိန်း ကြပါစို့ရဲ့
တစ်တပ်တစ်အား ပါဝင်ကာကွယ်
အနှောင့်အတိမ်း မတွယ်ကပ်ရအောင်
သတ်မှတ် ပိုင်းခြား။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်