အပူမရှာအေးငြိမ်းရာ
" အပူမရှာ အေးငြိမ်းရာ "
လူရွာဋ္ဌာန ၊ များလှသူငါ
ဗျာပါပူမီး ၊ လျှံငြီးရောင်ဖြာ
သေရွာသောင်ကမ်း ၊ ဆက်လှမ်းနေကာ
တခဏ ဘဝ မရှည်ကြာ။
ဥစ္စာဓန ၊ ရှာကြလူထို
ရလိုသူများ ၊ ဆပွားပိုပို
ငိုယိုပျက်ယွင်း ၊ ချက်ချင်းရင်ဖို
အမှောင်တိုက် လောင်မြိုက် ပူမီးကို။
အာဏာစက်ကွင်း ၊ သက်ဆင်းမှုဖြာ
အာဏာတန်ခိုး ၊ နွံမျိုးမှာသာ
အာဏာမဲ့လျင်း ၊ ရင်တွင်းမှာနာ
သင်္ခါရ မှတ်ကြ မယွင်းပါ။
တရားဓမ္မ ၊ နာကြသူတွေ
အေးစေညွှတ်ပြောင်း ၊ စိတ်ထောင်းကိုယ်ကျေ
စိန္တေဘုရား ၊ ဟောကြားထွေထွေ
ဓမ္မတေး ငြိမ်းအေး ကြည်သာပေ။
" သစ်ရိပ်ညို "
လူရွာဋ္ဌာန ၊ များလှသူငါ
ဗျာပါပူမီး ၊ လျှံငြီးရောင်ဖြာ
သေရွာသောင်ကမ်း ၊ ဆက်လှမ်းနေကာ
တခဏ ဘဝ မရှည်ကြာ။
ဥစ္စာဓန ၊ ရှာကြလူထို
ရလိုသူများ ၊ ဆပွားပိုပို
ငိုယိုပျက်ယွင်း ၊ ချက်ချင်းရင်ဖို
အမှောင်တိုက် လောင်မြိုက် ပူမီးကို။
အာဏာစက်ကွင်း ၊ သက်ဆင်းမှုဖြာ
အာဏာတန်ခိုး ၊ နွံမျိုးမှာသာ
အာဏာမဲ့လျင်း ၊ ရင်တွင်းမှာနာ
သင်္ခါရ မှတ်ကြ မယွင်းပါ။
တရားဓမ္မ ၊ နာကြသူတွေ
အေးစေညွှတ်ပြောင်း ၊ စိတ်ထောင်းကိုယ်ကျေ
စိန္တေဘုရား ၊ ဟောကြားထွေထွေ
ဓမ္မတေး ငြိမ်းအေး ကြည်သာပေ။
" သစ်ရိပ်ညို "
Comments
Post a Comment