ဒိဋ္ဌိ
" ဒိဋ္ဌိ "
အဆိပ်သင့်ပင် ၊ ကိုင်းရွက်သွင်မူ
ညှိုးနွမ်းခွေလျော့ ဖျော့တော့တော့။
သွေးအဆိပ်သင့် ၊ မူးနောက်ဖြင့်သာ
သွေးနှင့်ရေပြား ယားတားတား။
အချစ်ဆိပ်တက် ၊ လွမ်းဆွေးလျက်ဖြင့်
စိတ်ထွက်ပေါက်ရှာ ဟာတာတာ။
အမှားစိုးထိတ် ၊ တရားဆိပ်တက်
သိစိတ်မြင်မြော် ငေါ်တော်တော်။
မိုးခါးဆိပ်ရည် ၊ ရူးစိတ်စေသည့်
မိုးရေခါးခါး ၊ သောက်သူများမှာ
တိုးပွားမူးနောက် ၊ ဘဝတလျောက်မှာ
သောက်လေသောက်လေ ၊ ငတ်မပြေတည့်။ ။
" သစ်ရိပ်ညို "
အဆိပ်သင့်ပင် ၊ ကိုင်းရွက်သွင်မူ
ညှိုးနွမ်းခွေလျော့ ဖျော့တော့တော့။
သွေးအဆိပ်သင့် ၊ မူးနောက်ဖြင့်သာ
သွေးနှင့်ရေပြား ယားတားတား။
အချစ်ဆိပ်တက် ၊ လွမ်းဆွေးလျက်ဖြင့်
စိတ်ထွက်ပေါက်ရှာ ဟာတာတာ။
အမှားစိုးထိတ် ၊ တရားဆိပ်တက်
သိစိတ်မြင်မြော် ငေါ်တော်တော်။
မိုးခါးဆိပ်ရည် ၊ ရူးစိတ်စေသည့်
မိုးရေခါးခါး ၊ သောက်သူများမှာ
တိုးပွားမူးနောက် ၊ ဘဝတလျောက်မှာ
သောက်လေသောက်လေ ၊ ငတ်မပြေတည့်။ ။
" သစ်ရိပ်ညို "
Comments
Post a Comment