အမှားတရား

" အမှားတရား "

ထစ်ကနဲ ဆို
သားသတ် လို
အိုဘယ်သို့သား ထင်အရှား။

ဖြတ်ကနဲ ဆို
လိမ်ဥာဏ် ပို
အိုဘယ်သို့သား ထင်အရှား။

တဏှာကဲ ဆို
ကာမ ကို
အိုဘယ်သို့သား ထင်အရှား။

လှပ်ကနဲ ဆို
ဥစ္စာ လျှို
အိုဘယ်သို့သား ထင်အရှား။

ဂွတ်ခနဲ ဆို
သောက်စားလို
အိုဘယ်သို့သား ထင်အရှား။ ။

ဤသို့ငါးပါး ၊ ထင်အရှားကို
မှောက်မှားစိမ့်စိမ့် ၊ တသိမ့်သိမ့်ဖြင့်
လိမ့်လိမ့်သာမူး ၊ ညံ့ဂုဏ်ထူးမှာ....

လက်ဦးဆရာ ၊ မည်ထိုက်စွာသော
နှစ်ဖြာမိဘ ၊ ဆရာစသည်
ဆုံးမစကား ၊ ချို့ငဲ့ငြား ဟု
နွဲ့ပါးဦးဆောင် ၊ နောက်လိုက်ထောင်က
မရှောင်သာများ ၊ သတိထားလော့။

သားသမီးမကောင်း ၊ မိဘခေါင်းတည့်
တပည့်မကောင်း ၊ ဆရာ့ခေါင်းတည့်
မကောင်းနောက်လိုက် ၊ ဦးဆောင်ခိုက်၏။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်