တရားသောစစ်

” တရားသောစစ် ”

ဝင်လာ ငုတ်လျှိုး ၊ ဇက် ဂုတ်ချိုး မည့်
ဖုန်းဆိုး ကဝေ ၊ သတ်လျှို နေ၍
တို့ပြေ စိုးရိမ် ကဲလှသည်။

မချို မသာ ၊ ကြမ်းတမ်းစွာ ဖြင့်
နှုတ်မှာ ရင့်ထော် ၊ စော်ကား မော်ကား
မလျော် ရိုင်းစိုင်း လွန်းလှသည်။

သစ်လျှင် သစ်ဆိုး ၊ လူညစ် မျိုးနှင့်
ဇွတ်တိုး ပြိုင် ဖက် ၊ နှိမ်နင်း ခက်လည်း
မျိုးတွက် မို့သာ တိုက်ရမည်။

တို့မျိုး တို့ဆွေ ၊ မထိ လေနှင့်
တို့ရေ မြေ အား ၊ မထိပါး နှင့်
မျိုးခြား ရန်စွယ် ၊ အန္တရာယ် ကို
ပျောက်ကွယ် ဆိတ်သုဉ်း ၊ အညွန့် တုန်းအောင်
သက်ဆုံး တိုင်စေ ၊ တိုက်ထုတ် နေမည်
မသွေ ဒိဋ္ဌ အောင်ရမည်။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်