လောကနီတိ ဆုံးမစာ
" လောကနီတိဆုံးမစာ " လောက နီတိ ၊ က၀ိ စကား မှတ်သား နာယူ ၊ နှလုံး ဖြူက လူပုံ အလယ် ၊ တင့်တယ် ထွန်းတောက် စိန်ကျောက် အလား ၊ စီးပွား တိုးတက် ဂုဏ်ကျက် သရေ ၊ တက်ဖြိုး ဝေလိမ့်။ လေညာ လေအောက် ၊ ရနံ့ ရောက်၍ ကြိုင်လောက် မွှေးကြူ၊ ပန်း မဉ္စူ သို့ သူသူ ငါငါ ၊ ချီးမြှောက် ရာ၏။ ခုခါ နောင်ရေး ၊ ရန်ဖယ် ဝေး၍ စိတ်အေး ချမ်းသာ၊ ရိပ် ဆာယာ ၀ယ် ပညာ သီလ ၊ မြတ် ဓမ္မ ဖြင့် ဘ၀ ၌သုံး ၊ ချိန် မဖြုန်း မှ မရှုံး တန်ဖိုး ၊ တိုးလိမ့် မည်။ ။ ပဏ္ဍတ ကဏ္ဍ ပျင်းရိသောသူသည် အတတ်ပညာမရနိုင်၊ အတတ်ပညာမရှိသူသည် ဥစ္စာစီးပွားမရနိုင်၊ ဥစ္စာစီးပွားမရှိသူ အဆွေခင်ပွန်းကောင်းမရနိုင်၊ အဆွေခင်ပွန်းကောင်းမရှိသူ ချမ်းသာသုခမရနိုင်၊ ချမ်းသာသုခမရှိသူ ကောင်းမှုကုသိုလ်မရနိုင်၊ ကောင်းမှုကုသိုလ်မရှိသူသည်နိဗ္ဗာန်ကို အဘယ်မှာ မျက်မှောက်ပြုနိင်အံ့နည်း။ ဤလောက၌ အတတ်ပညာနှင့် တူသော ဥစ္စာသည်မရှိ၊ အတတ်ပညာကို ခိုးသူတို့ မခိုးယူနိုင်၊ အတတ်ပညာသည် မိတ်ဆွေကောင်းဖြစ်၍ ချမ်းသာကိုလည်းပေးဆောင်နိုင်၏။ အကြားအမြင် ပညာကို နည်းသည်ဟူ၍ ဘယ်အခါမျှ မအောက်မေ့ရာ၊ လေ့လာစည်းပူး၍ စိတ်၌ သိုမှီးသိမ်းဆည်းထားရာ၏။ ခြပုရွက်တို့ စုဖို့၍ မြေတောင်ပို့ကို ...
Comments
Post a Comment