အာဇာနည် နေ့

"အာဇာနည် နေ့"

ကြိမ် မီး အုံး ညှိုး ချုံး လျ
မိုး လုံး မျှ ကျ မျက် ရည်
တို့ မြန် မာ ပြည် ။

မခိုင်ကြည် သည်စိတ်တစ်ခြမ်းကြောင့်
အာဇာနည် ကျိန်စာထမ်းရပြီပေါ့
နွမ်းလျမှိုင်ပြီ။

လဂျူလိုင် တစ်ဆယ့်ကိုး မှာဖြင့်
အလံတိုင် တစ်ဝက်ချိုးပါလို့
မျိုးဇာနည် ခေါင်အထွဋ်တို့ကို
ဦးညွှတ်လို့ အလေးပြုသည်
မြန်မာပြည် တို့အရေး။

ရူးသွပ်ခဲ့ တို့တိုင်းပြည်မှာ
နှစ်ကြာရှည် မေတ္တာနှောက်လို့
သစ္စာဖောက် လောက်ကောင်တွေကိုဖြင့်
ပျောက်စေဖို့လေး။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်