ပြောခက်ဖွယ်

" ပြောခက်ဖွယ် "

ပျို့မောင်ကြီးကို ရှင်
ငြိုငြင်ကွဲ့လေး။
ပန်ဆင်ငယ် စံပယ်ကုံး
သုံးခက်ပေါ့လေး။ ။

ရွှေစိတ်တော်တိုတို
ညိုပါနဲ့လေး။
ပန်ဆင်ဖွယ် မောင်သီကုံးမယ်
ပြုံးပါကွဲ့လေး။ ။

ပျိုလေးတို့ ကောက်စိုက်ရာ
လိုက်လာနဲ့လေး။
ဟိုအပျို လူပျိုသိုက်တို့
မြှူလိုက်လိမ့်လေး။ ။

လူသိုက်ရယ်စုံစုံ
အုံ ရယ်သော့ သွေး။
မောင်မပါ သာပိုကဲလို့
အဲ ကြလိမ့်လေး။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်