ရိုးရာမုန့်များ

" ရိုးရာ မုန့်များ "

မုန့်လင်မယား ၊ မုန့်ရေပါး နှင့်
မုန့်ပျားသလက် ၊ မုန့်စားထွက်မယ်။

မုန့်လက်ကောက်ကြော် မုန့်ဆီကြော် နှင့်
ရေပေါ်မုန့်လုံး ၊ အကြိုက်ဆုံးပင်။

ငှက်ပျောဖက်ထုပ် ၊ မုန့်ဖက်ထုပ်ပြင်
ပဲဆုပ် ကြွေစေ့ ၊ မုန့်ကြာစေ့ နှင့်
မျက်ပေ့ လျှာရင်း ၊ ဆီထမင်းဖြင့်
မုန့်ဟင်းခါးလည်း ၊ စားမည်ပဲလေ
ခေါက်ဆွဲ မုန့်တီ ၊ ရှာလည်ပြီပေါ့။

ကောက်ညှင်းကျဉ်တောက် ၊ မုန့်ဦးနှောက် နှင့်
ဆန်ကောက်ညှင်းပေါင်း ၊ မုန့်စိမ်းပေါင်းတို့
စားကောင်း ခေါပြင် ၊ ခေါပုတ် ကင်၍
ထို့ပြင် ဘီးမုန့် ၊ လေပွေ မုန့်သိုင်း(ခြုံ)
မုန့်ဗိုင်းတောင့် ပါ ၊ ကရေကရာမုန့်
မွှေးစွာနံ့သင်း ၊ ဆီထမင်းလျှင်
လျှာရင်းမျက်စွာ ၊ စားကြရာ၏။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်