ချစ်ငွေ့မပျယ်
” ချစ်ငွေ့မပျယ် ”
သွင်မူ ပျက်နွမ်း ၊ သူရှက်ရမ်း ၍
နှုတ်ခမ်း တစ်လံ ၊ ပန်းတစ်လံ လျှင်
ဧကန် စိတ်အား ငယ်လိမ့်မည်။
အားငယ် လားကွယ် ၊ နှမငယ် ရဲ့
နှောင်တွယ် ရစ်ထုံး ၊ မောင်သီကုံး တဲ့
နှလုံး သည်းပွတ် ချစ်သက်ရည်။
ချစ်ရည် ဆွတ်ဖြန်း ၊ ရင်ခွင်နန်း ၌
မခန်း မနား ၊ ပန်းတံတား ဖြင့်
နွမ်းပါး လျလျ အေးမြကြည်။
ငိုရီ ကြွကြွ ၊ သင်္ကေတ တွင်
တင့်လှ ပေဟန် ၊ ရှက်မူ ပြန်၍
လက်သံ ဖွဖွ ထုတော့သည်။ ။
” သစ်ရိပ်ညို ”
သွင်မူ ပျက်နွမ်း ၊ သူရှက်ရမ်း ၍
နှုတ်ခမ်း တစ်လံ ၊ ပန်းတစ်လံ လျှင်
ဧကန် စိတ်အား ငယ်လိမ့်မည်။
အားငယ် လားကွယ် ၊ နှမငယ် ရဲ့
နှောင်တွယ် ရစ်ထုံး ၊ မောင်သီကုံး တဲ့
နှလုံး သည်းပွတ် ချစ်သက်ရည်။
ချစ်ရည် ဆွတ်ဖြန်း ၊ ရင်ခွင်နန်း ၌
မခန်း မနား ၊ ပန်းတံတား ဖြင့်
နွမ်းပါး လျလျ အေးမြကြည်။
ငိုရီ ကြွကြွ ၊ သင်္ကေတ တွင်
တင့်လှ ပေဟန် ၊ ရှက်မူ ပြန်၍
လက်သံ ဖွဖွ ထုတော့သည်။ ။
” သစ်ရိပ်ညို ”
Comments
Post a Comment