လောကစရိုက်

" လောကစရိုက် "

ငှက်မူကောင်းကင် ၊ ငါးလျှင်ရေထဲ
မှီတွဲသခင် ၊ ငယ်လျှင်ငိုငြား
အင်အားဟုသာ ၊ စွဲမှတ်ရှာ၏။

ဆင်ရဲ ဖျားနာ ၊ ကြွေးဖြာ သူမိုက်
နောက်လိုက်မှီခို ၊ မင်းငယ်ပျိုထံ
ထိုထိုငါးလီ ၊ သေသူမည်၏။

ပျင်းသူအတတ် ၊ ရအပ်ဘယ်မှာ
မိန်းမပေါင်းဖက် ၊ ကျင့်ပျက်ရဟန်း
ညှိုးနွမ်းသီလ ၊ မရဘယ်မှာ
များစွာသားငါး ၊ လွန်စားလိုသူ
ဤသူမှာကား ၊ သနားဘယ်မှာ
သေသောက်ကျူးသူ ၊ ဤလူယစ်မူး
ဝေကျူးစကား ၊ မှန်ငြားဘယ်မှာ
မြင့်တက်မောဟ ၊ လောဘတက်လျှင်
လိုချင်ရမက် ၊ အရှက်ဘယ်မှာ
များစွာအသိ ၊ ဆင်ခြင်ကြည့်လော့။ ။

(လောကနီတိ မှမှီငြမ်းသည်)

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်