အမြဲချစ်မယ်

" အမြဲ ချစ်မယ် "

ရွယ်သစ္စာ စေတီဦး
ဆုထူးငယ် တသွယ်။

ချစ်ဦးသူ ဘယ်ဆီမှာလိမ့်
ဆေးပန်းချီ တဖုံလွှင့်
လွမ်းစချင့်ဖွယ်။

ရွှေစိတ်ကယ် ပြိုပြို မှန်
ထောင်ပြန်ပါ့ ခုနစ်စင်ကြယ်ရယ်
ညဥ့်လယ်ယံ အသွေး။

တာရာရှင် ချစ်နတ်အားငဲ့
မှတ်သား ဘယ်ဆီမှာလိမ့်
ရွှင်အညှာ လေရင်ခတ်တယ်
လွမ်းဓာတ်ပိုဆွေး။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်