အသက်ရှည်ကြာနေလိုပါသော်

" အသက်ရှည်ကြာ နေလိုပါသော် "

အပေါင်းအဖေါ် ၊ နည်းပါးသော်လည်း
ထင်ပေါ်ကျော်ကြား ၊ လူသိများ၍
စီးပွားဥစ္စာ ၊ လွန်ချမ်းသာသည့်
မဟာကုန်သည် ၊ ထိုသူကြွယ်သည်

ကုန်သွယ်သွားလာ ၊ ပြုလုပ်ရာတွင်
ဘယာဘေးများ ၊ လွန်များပြား၍
မသွားအပ်သော ၊ ခရီးကြောကို
ဘယ်သောခါမှ ၊ ခြေမချသို့။

အသက်မသေ ၊ ကောင်းစွာနေလို
ရှင်စေလိုက ၊ ချက်ချင်း ခဏ
သေစေကြသည့် ၊ အဆိပ်ဟူက
ရှောင်ရှားကြသို့။

တတ်လှပညာ ၊ ရှိသူမှာလည်း
ပါပအမှု ၊ မကောင်းမှုကို
ဂရုတစိုက် ၊ ရှောင်ရှားထိုက်၏။ ။

" မောင်သစ္စာ "
" မြန်မာပြည်သား "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်