ပညာ

" ပညာ "

ပဲ့နင်းမပါ
ပဲ့ဗလာ
လှေမှာ ဝဲလည်ခတ်။

ပညာအနား
ကပ်မထား
နောင်သား ခက်ခဲတတ်။

ပညာသင်လျှင်
ပဲ့ကိုင်ရှင်
ဦးတင် ဆရာအပ်။

ဥာဏ်ရွှင်မသွား
ပညာအား
သင်ကြား ခက်မည်မှတ်။

အတတ်ပညာ
မှတ်သညာ
များစွာ သင်ကြားအပ်။

ပညာကျေးဇူး
ဂုဏ်အထူး
ရည်စူး ပညာမြတ်။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်