ယောက်ျား ဘသား

" ယောင်္ကျား ဘသား "

ဟေ့လား ယောင်္ကျား
ဘသား လေးလေ့။

အားမာန် တင်းခံ
ချွေးလုံးသန်
ဧကန်ယောင်္ကျား အင်နဲ့အားကွဲ့။

လယ်ထဲ ယာထဲ
ထွန်တုန်းဆွဲ
မြေလည်းမွမွ ချွေးစစဟေ့။

တောင်ယာ တက်ရှင်း
လယ်မြေခင်း
မြေသင်းနှံ့နှံ့ မိုးပျံ့ပျံ့လေ့။

လယ်ရေသောက်မျှော်
ရေမြောင်းဖေါ်
လယ်တော်အိုင်အင်း ပြည့်လျှံတင်းကွဲ့။

လယ်ယာကန်သင်း
ရေလှောင်ရင်း
မြေနင်းရွှံ့ဗွက် မြေဆီတက်ဟေ့။

သမန်းဆီတက်
မျက်နှာထက်
ခြေလက်ကျောမ ကြေးရောင်ထလေ့။

ဟေ့ ယောက်င်္ကျား
ဟေ့ ဘသား
ဟေး လား မောင် တို့ ဝါး။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး