Posts

Showing posts from July, 2017

တောင်ခြေရွာလေး

Image
" တောင်ခြေရွာလေး " (လွမ်းချင်း) တို့ ရွာ မြေ. အညာ စခန်း ဆီ အရောက် လာ စေ ချင် စမ်း ရဲ့ ရွာ အ ဝင် လမ်း လွမ်း စေ တီ ဦး တိုက် ချီ အ မြင် ဆန်း ပါ ဘိ ပင် ပန်း လာ သမျှ ခွာ ချ ကာ အ ပူ တိမ်း တယ် အေး ငြိမ်း လို့ လေး ။ ဘူး နဲ့ သခွား ဆူး ပုတ် များ တကယ် ကြိုက် စရာ စပါး တောင် ယာ စိုက် ပါလို့ ဩ ဇာ သိုက် ကမ်း ပါး ယံ မှာ ရွာ လိုက် သည့် မိုး သံ ဆင်း ချိန်မှ ကန် သင်း ရယ် ခံ တင် ရေ ကျန် အလုပ် တကယ် ရှုပ် သကွဲ့ လယ် လုပ် တဲ့ ရှု ခင်း သာ မြင် ကွင်း မှာ သာ ယာ စွာ မို့ ယဉ် ကျေး ချို သံ သာ စကား ခါ ခါ ကြား လွမ်း ချင် စရာ ပါ့ တို့ ရိုး ရာ ကောက် သစ် ပွဲ မယ် နွှဲ ဆင် စို့ လေး ။ ။ " သစ်ရိပ်ညို "

တန်ဘိုး

Image
" တန်ဘိုး " မထေမဲ့မြင် ၊ လူတို့သွင်မူ ငါလျှင်သော်ကော ၊ ငါတကောဖြင့် သူ့တောချတောင် ၊ ငါ့ရွှေတောင်ဟု အမောင်တောင်မြောက် မကွဲချေ။ လှောင်ရီကာနှောက် ၊ ဘယ်ဟာကျောက်မြက် ဘယ်လောက်မက်ဖွယ် ၊ အသွယ်သွယ်လျှင် လက်ဝယ်ကိုင်ဆောင် ၊ ယောင်တောင်တောင်ဖြင့် အမောင်မသိ မိုက်တော့မည်။ ဆင်ကောင်လည်းရှိ ၊ မြင်အောင်ကြည့်ပါ့ ရှေးသိနည်းထုံး ၊ စာပေသုံးသည့် သီကုံးပန်ဆင် ၊ စာဥယျာဉ်တွင် ထင်မြင်လေ့လာ ထားသင့်သည်။ မြန်ပင်လေ့လာ ၊ မြန်မာစာကို ကဗျာတထွေ ၊ စကားပြေနှင့် နိထွေ မှတ်ရာ ၊ ဇာတ်တော်လာနှင့် ထွေလာသောင်းဗြောင်း ၊ ဖွေရှာပေါင်း၍ ပင်လောင်းရှင်သန် ၊ နောင်ကောင်းရန်တွက် ဧကန်ကြိုးစား ၊ အမျိုးများတို့ ပြည်ခြားစာပေ ၊ ခိုင်မာနေသလို တို့တွေသေချာ ၊ မြန်မာစာကို လေ့လာလိုက်စား ၊ ပျိုးထောင်သွားလျှင် နောင်များတစ်နေ့ ၊ မြန်မာဟေ့ဟု လွေ့လွေ့ကျွေးကျော် ၊ တို့ပြည်မော်မည် ရည်မျှော်ဆန္ဒ သဘောတည်း။ ။ : သစ်ရိပ်ညို "

မျိုးဖျက်စိတ်

Image
” မျိုးဖျက်စိတ် ” ဂျလေဘီ ပိုးရယ်ကြောင့် အရိုးအက် ယုတ်လျှင်။ ကိုယ့်မြန်မာ ဘာသာမျိုးကိုမှ တာရိုးထွက် ဆဲချင်။ ယက်သဲ့ကြား ငါးတင် တင်တဲ့ငါး ကြောင်စား။ သင်မခင် ဘာသာဝင် ပုတ်သရမ်းလျှင်တော့ လမ်းမှား မယ်ဗျား။ ။ ” သစ်ရိပ်ညို ”

တရားသောစစ်

Image
” တရားသောစစ် ” ဝင်လာ ငုတ်လျှိုး ၊ ဇက် ဂုတ်ချိုး မည့် ဖုန်းဆိုး ကဝေ ၊ သတ်လျှို နေ၍ တို့ပြေ စိုးရိမ် ကဲလှသည်။ မချို မသာ ၊ ကြမ်းတမ်းစွာ ဖြင့် နှုတ်မှာ ရင့်ထော် ၊ စော်ကား မော်ကား မလျော် ရိုင်းစိုင်း လွန်းလှသည်။ သစ်လျှင် သစ်ဆိုး ၊ လူညစ် မျိုးနှင့် ဇွတ်တိုး ပြိုင် ဖက် ၊ နှိမ်နင်း ခက်လည်း မျိုးတွက် မို့သာ တိုက်ရမည်။ တို့မျိုး တို့ဆွေ ၊ မထိ လေနှင့် တို့ရေ မြေ အား ၊ မထိပါး နှင့် မျိုးခြား ရန်စွယ် ၊ အန္တရာယ် ကို ပျောက်ကွယ် ဆိတ်သုဉ်း ၊ အညွန့် တုန်းအောင် သက်ဆုံး တိုင်စေ ၊ တိုက်ထုတ် နေမည် မသွေ ဒိဋ္ဌ အောင်ရမည်။ ။ ” သစ်ရိပ်ညို ”

ဆယ်အိမ်စုတို့ရွာလေး

Image
"ဆယ်အိမ်စု တို့ရွာလေး" ဆင်ကောင်ကြီး အမြီးမှာ တစ်တတ်သည် အရီးသာ တို့ချစ်စရာရွာ လှစ်ဟကာ ပြမယ်ပ ကိုးဆယ်ဆသာ။ ဆယ်အိမ်စု ချိန်ပြုလို့ ခက်ပိုနော် ရမက်ကို တကယ်သိမ်းမှ နွဲ့ယိမ်းတတ် မောဟခွာ ဒေါသမှာ သံသရာကွဲ့ လောဘဟာ သံသယတိုးတယ် ဖိုးအေးတို့ရွာ။ သူကြီးက ငါ့နေရာ သူငယ်က ငါအတတ် မယ်အေးသာ မလယ်ရှုပ်လို့ အမယ်ဘုတ်ကဲ့ သူ့ချည်မျှင် မိကြည်ခင် ငေးမှိုင်စွာ ဘေးထိုင်ကာ ဘုပြောလုပ် ယစ်ထုတ်က ဟောင်ဖွာဖွာ ဗလာတုတ် ယောင်ချာချာ တုတ်တုတ်သာ မလှုပ်။ တို့ကျေးရွာ မွဲပြာဆုပ်ချိန် သဲကာလှုပ် ညီစေချင် ရွှင်ပျော်ပျော် စီဝေလျှင် ခင်မင်ဖေါ် ဒီတစ်သက် ဖဲ့မထွက် တွဲလျှက်သာ သံသရာ အကျိုးမျှော် နှိုးဆော်လို့ တို့ကျေးရွာ ဆွေးနွေးကာလုပ် ။ ။ " သစ်ရိပ်ညို "

မင်္ဂလာ ဆောင်

Image
" မင်္ဂလာဆောင် " ခိုးယူပေါင်းသင်း ၊ လက်ထပ်ခြင်း။ အကျဉ်းချုံးကျွေး ၊ မင်္ဂလာလေး။ လက်ထပ်စာချုပ် ၊ အကျဉ်းချုပ်။ အိမ်နားဖိတ်ကြား ၊ မင်္ဂလာများ။ ဆွမ်းကပ်ကျွေးလှူ ၊ မင်္ဂလာယူ။ ဒါနလှူဒါန်း ၊ မင်္ဂလာဆွမ်း။ ရပ်ရွာနှင့်ဆောင် ၊ မင်္ဂလာဆောင်။ ဟိုရှေးမြင်ယောင် ၊ မင်္ဂလာဆောင်ဖြင့် ဆံယောင်ထုံးထိန်း ၊ ထိုင်မသိမ်းနှင့် ထောက်ထိန်းအင်္ကျီ ၊ ချိတ်ထဘီနှင့် တလီယောင်္ကျား ၊ တောင်ရှည်များနှင့် ဆင်ထားတိုက်ပုံ ၊ ရင်ကိုလုံလျက် မျိုးဂုဏ်တက်စေ ၊ မောင့်ကျက်သရေနှင့် ခြံရွေရံထား ၊ မောင်းမများလျှင် စံထားဘိသိဟ် ၊ မင်္ဂလာဟိတ်နှင့် ဆောင်ထိပ်ကြုညင်း ၊ ခရုသင်းနှင့် အောင်ခြင်းမင်္ဂလာ ၊ အောင်ကြောင်းသာသည် အောင်ပါစေသော ၊ အောင်စေသော။ ။ " သစ်ရိပ်ညို "

ဖုတ်ပူမီးတိုက်

Image
" ဖုတ်ပူမီးတိုက် " မမြင်မစမ်းနဲ့ တစ်စခန်း ထပြီပေါ့ မပန်းဝေ။ နင့်မှာလေ ဒေါသတွေ ပဲ။ နင့်ကိုယ်နင် အရင်ထဲက ဆင်ခြင်မှ ဘဲ။ ။ " သစ်ရိပ်ညို "

တာဝန်ကျေကြပါ

Image
” တာဝန်ကျေကြပါ ” တို့ပြည်သူ ကိုယ်စားပြု တို့များစု ရွေးချယ်။ ညီနောင်ဆွေ မြန်မာ့သားတို့ အားဖြစ် ပေတယ်။ သူရဲကောင်း တို့မျိုးနွယ် မှန်ရာဝယ် ရပ်တည်ရေး။ ခေတ်သမိုင်း ရုပ်ဆိုးအသွင် ငုတ်လျှိုးဝင် မနေကြပါနဲ့ကွယ် နိုးထ ကွဲ့လေး။ ။ ” သစ်ရိပ်ညို ”

လောကစရိုက်

Image
" လောကစရိုက် " ငှက်မူကောင်းကင် ၊ ငါးလျှင်ရေထဲ မှီတွဲသခင် ၊ ငယ်လျှင်ငိုငြား အင်အားဟုသာ ၊ စွဲမှတ်ရှာ၏။ ဆင်ရဲ ဖျားနာ ၊ ကြွေးဖြာ သူမိုက် နောက်လိုက်မှီခို ၊ မင်းငယ်ပျိုထံ ထိုထိုငါးလီ ၊ သေသူမည်၏။ ပျင်းသူအတတ် ၊ ရအပ်ဘယ်မှာ မိန်းမပေါင်းဖက် ၊ ကျင့်ပျက်ရဟန်း ညှိုးနွမ်းသီလ ၊ မရဘယ်မှာ များစွာသားငါး ၊ လွန်စားလိုသူ ဤသူမှာကား ၊ သနားဘယ်မှာ သေသောက်ကျူးသူ ၊ ဤလူယစ်မူး ဝေကျူးစကား ၊ မှန်ငြားဘယ်မှာ မြင့်တက်မောဟ ၊ လောဘတက်လျှင် လိုချင်ရမက် ၊ အရှက်ဘယ်မှာ များစွာအသိ ၊ ဆင်ခြင်ကြည့်လော့။ ။ (လောကနီတိ မှမှီငြမ်းသည်) " သစ်ရိပ်ညို "

ကျောင်းတုန်းက

Image
" ကျောင်းတုန်းက " နုသားဖြူ လပြည့်ဝန်းသို့ အိရွှန်းလဲ့ မျက်နှာရှင် ချစ်စရာ့ခင်။ ပြုံးတုံ့တုံ့ လှရိပ်ဆင် မြင်သူလျှင် ရှုငေး။ ပန်းနုငုံ ဖူးပုံဆန်းတယ် နန်းကျော့ယဉ်သွေး။ ။ " သစ်ရိပ်ညို "

ကာရန်

Image
" ကာရန် " ကဗျာတွေး ရေး တေးလေးဖြင့် အဖော်ခေါ် ရွှင်ရွှင်ပျော်ပျော်။ ထင်ပေါ်ပေါ် မတော်လျော် မရေး။ ကာရန်ကို စံသာပြု သုခုမလေး။ ။ " သစ်ရိပ်ညို "

ကြင်စဦး

Image
" ကြင်စဦး " နံနက်စာ ပျိုမေချက် ကိုနှစ်သက် စွဲမက်စရာ ခင့်ရဲ့လက်ရာ။ မွှေးပျံ့ကြိုင် ရနံ့သင်း ထမင်းဟင်းလျာ။ အိမ်ဦးနတ်တွက် ခပ်လို့ခူး စားဖွယ်ဦး ပြင်ဆင်ကာ။ ခင်ချက်တဲ့ ခင့်လက်ရာမှ မောင်ကကြိုက်တာ။ ဘူးသီးနှင့် ဝက်သား ငါးငပိ တို့စရာ။ ငါးခြောက်ဖုတ် ဆီဆမ်းထားတော့ စားပြီပေါ့ကွာ။ စားချင်စဖွယ် စုံလင်စွာ မောင့်အကြိုက်ချည့်သာ။ အားပါးတရ စားပြတာဖြင့် မောင့်ဝါဿနာ။ ထမင်းဝိုင်း တူယှဉ်မခွာ ယူငင်ကာထဲ့ကြွေး။ သုံးထပ်ညီ ဒီဝက်သားကို စားလိုက်မယ်လေး။ ။ " သစ်ရိပ်ညို "

မင်္ဂလာ ပါ

Image
" မင်္ဂလာပါ " * ဆရာမက လစန္ဒာ သားတို့ ကြယ်တာရာ၊ ကြည်နူးဖွယ်ရာ စာသင်ကျောင်း မေတ္တာရွှေရည်လောင်း။ ။ * သံကြည်ညွှတ်ပြောင်း ခေါင်းလောင်းသံ နားစည်သိမ့်သိမ့်လျံ။ စာအံသံ သံပြိုင်တေး စာသင်ကျောင်းဝင်းလေး။ ။ " ကဗျာညီနောင် "

ကြုံကြပါလိမ့်မယ်

Image
” ကြုံကြပါလိမ့်မယ် ” နိုင်ငံတော် တခဏနဲ့ ပျောက်ရှ မသွားပါ။ တို့ဘာသာ ထို့တူပဲ စွဲမြဲ ခိုင်မာ။ သာသနာ ဖျက်သူတွေသာ တွေ့မှာပါ ငရဲ။ တို့ရင်တွင်းမှာ ဖြင့် တို့ဘာသာ သာသနာတွက်ကို စောင့်ရှောက် လျက်ပဲ။ ။ ” သစ်ရိပ်ညို ”

ခေါင်းခဲတယ်ကွယ်

Image
” ခေါင်းခဲတယ်ကွယ် ” နေလုံးရယ်ကွယ် တောင်စွယ် သို့ပြေး။ ညိုရီမှောင် တောင်ဂတုံးမှာ ခေါင်းအုံး လို့မှေး။ ။ ခေါင်းအုံးလို့ လင်းမဖြာ လသာလိမ့် လေး။ လမမြင် ကြယ်စင်ထွက် လင်းလက် လိမ့်လေး။ ။ ငွေကြယ်ရောင် စောင်ခြုံလျက် တိမ်မြုံ ဝှက် အထွေး။ မီးစာတွင် ရေနံဆွတ် ဝင်းမွတ် ရောင်သွေး။ ။ တို့အင် တို့အားနဲ့ တို့များရဲ့ ဘဝမှာ ရုန်းထ ဖို့သာ။ မျှော်လင့်ချက် မပေါ်လာ ညှိုးငယ် ပါလေဘိ။ နောင်အခါ မှောင်ကမ္ဘာ ညစ်အထေးမှာ ရွေးခက် ပေ၏။ ။ ” သစ်ရိပ်ညို ”

ပန်းဟေဝန်

Image
" ပန်းဟေဝန် " ပန်းမျိုးစုံ ဟေဝန်နန်း ပွင့်လန်းလို့ဖြာ။ ပန်းရဂုံ စုံမြိုင်တွင်း လေညင်းကသာ။ လေညင်းနဲ့ ပန်းစင်္ကြာရယ် မွှေးကြိုင်စွာ ရနံ့ သင်း။ လမင်းနှင့် နေမင်းရှင်ရယ် ပန်ဆင်ရွယ် တစ်ပွင့်ပန်းငယ် နန်းဆန်ဘိခြင်း။ ။ " သစ်ရိပ်ညို "

ပန်းသဇင်

Image
" ပန်းသဇင် " သနပ်ခါး တွေနဲ့မှုန် မူပုံ နွဲ့အေး။ ပန်ဆင်ကွယ် သဇင်ပန်းနှင့် နန်းဆန်ကွဲ့လေး။ သနပ်ခါး ပါးကွက်တင် သွင်မူ မယ့်မွှေး။ ပန်ဆင်ဖွယ် သဇင်ပန်းရယ် ကမ်းလင့် ပေါ့လေး။ ရော့ပန်တော့ ခင် မြင်မြင်သူ ငေး။ ကေသာခေါင် မယ့်ဆံထုံး မှာ ပန်ဦး ကွဲ့လေး။ ပန်ဦးမယ် ပန်းသဇင် ဖြူလွင် မို့လေး။ မေ့ကေသာ ဆံယဉ်တိုး ကာ ထိုးပါ ကွဲ့လေး။ မောင်ထိုးကာ ပန်ဆင် ဟန်ပြင် ငဲ့လေး။ ရွှန်းရွှန်းစို ပန်းပျိုမကိုဋ် ရယ် ပန်လိုက် ပြီလေး။ မောင်ပေးလို့ မယ်ပန်ဆင် ဖူးငုံသဇင် မွှေး။ ကေသာဝယ် ပနံရ တယ် ဟန်ကျ ရဲ့လေး။ ပြုံးစစ မျက်နှာထားချို ရင်ဖို မိသေး။ တို့တောင်သူ ရွာလယ်ထဲ မှာ (အလိုကွယ်) ပွဲဝင် စို့လေး။ ။ " သစ်ရိပ်ညို "

တိမ်မြူဖယ်

Image
” တိမ်မြူဖယ် ” ကျေနပ်စွာ ရယ် ပြုံးနေ မယ် ခင်တွယ် မေတ္တာထား။ ကြင်နာ ဆတိုး ခိုင်ကြည် ဖြိုး မြတ်နိုး သဒ္ဓါပွား။ မြတ် ရတနာ ဖွေစစ် ရှာ သစ္စာ မှန်တရား။ ။ ” သစ်ရိပ်ညို ”

အပူ

Image
" အပူ " အပြင်ကို အလိုလိုက် ပါလို့ အတွင်းဘက် လှိုက်စားသူ မိုက်လိုက်တဲ့လူ။ အတွင်းကို အသာပေးလို့ အပြင်ရေး တိုက်ခိုက်မူ ပေါကွဲ့ ရန်သူ။ နှစ်လွှာဆက် ဘက်မကူ လက်ရည်တူ မျှရေး။ သေအချာ ခပင်း ပိတ် အတွင်းစိတ် ဒိဋ္ဌိ ပူကို ယူပါနှင့်လေး။ ။ " သစ်ရိပ်ညို "

မပြစ်မှားမိစေလို

Image
" မပြစ်မှား မိစေလို " ခဲကျီဥစ္စာ ၊ မရှိပါလျက် ကောင်းစွာစားချင် ၊ ကိုယ်တွင်ခွန်အား လွန်နည်းပါးလျက် ၊ ကြုံးဝါးသက်လို ကိုယ်၌ပညာ ၊ မရှိပါလျက် များစွာဆိုကြူး ၊ ထိုသုံးဦးတို့ အရူးဟူသော် ၊ လူ၌ကျော်ရှင့်။ လူ့ဘောင်မှတ်သား ၊ ပန်းပွင့်များကို ပျားပိတုန်းညို ၊ စားသုံးလိုသို့ မြွက်ဆိုအံ့မှူး ၊ ဂုဏ်ကျေးဇူးကို အထူးသိတတ် ၊ သူမြတ်တို့သာ လိုရှိရာ၏။ ။ ပြင်းစွာဖူးရောင် အပုတ်ကောင်ကို ၊ ယင်ကောင်တို့မှ လိုရှိကြသို့ ၊ မိုက်လှသည့်သူ အယုတ်ဟူကား ၊ သူ့အပြစ်ကို အလွန်လို၏။ ။အဆိုဖောက်ပြား စကားတစိ ၊ မကောင်းဘိလည်း အမိယုတ်သူ ၊ ကျင့်မူထိုမျှ မကောင်းကြသော် ၊ အဘယုတ်မာ နှစ်ဖြာမိဘ ၊ ယုတ်ကြရည်တူ ကျင့်မူစကား ၊ နှစ်ပါးစလုံး အယုတ်ဆုံးတည့်။ ။ မှတ်ထုံးတစိ မိဘကောင်းမူ ၊ ပြန်၍ယူလော့။ ။ (လောကနီတိ မှ ကောက်နှုတ်သည် ) မလျော်ပြောကြ ၊ လူ့လောကတွက် လောကနီတိ ၊ အဆိုရှိသား ကဝိလက္ခဏာ ၊ ဆုံးမစာလျှင် လူ့ရွာနတ်တုံ ၊ ပညာဂုဏ်ဖြင့် ကုံလုံ ဓမ္မ ၊ လွန်ပြည့်ဝ၍ မြတ်လှပေစွာ ၊ သံဃာသူမြတ် ရှင်သူမြတ်အား ၊ ပစ်မှားရွတ်အော် မသင့်လျှော်သား ၊ လူသားများလား ကိုယ့်အမှားကိုယ် ၊ ပြင်စေလိုသည် စာဆိုကျိ...

အမြဲချစ်မယ်

Image
" အမြဲ ချစ်မယ် " ရွယ်သစ္စာ စေတီဦး ဆုထူးငယ် တသွယ်။ ချစ်ဦးသူ ဘယ်ဆီမှာလိမ့် ဆေးပန်းချီ တဖုံလွှင့် လွမ်းစချင့်ဖွယ်။ ရွှေစိတ်ကယ် ပြိုပြို မှန် ထောင်ပြန်ပါ့ ခုနစ်စင်ကြယ်ရယ် ညဥ့်လယ်ယံ အသွေး။ တာရာရှင် ချစ်နတ်အားငဲ့ မှတ်သား ဘယ်ဆီမှာလိမ့် ရွှင်အညှာ လေရင်ခတ်တယ် လွမ်းဓာတ်ပိုဆွေး။ ။ " သစ်ရိပ်ညို "

ရေကြီးလေထန်(ရတု)

Image
" ရေကြီး လေထန် " (ပိုဒ်စုံရတု) မိုးလောက်နီးနီး ၊ ရေဟီးဟီးလျှင် သီးသီးနစ်မြုတ် ၊ ရေငုံထုပ်၍ ခြေတုတ်နှောင်နှောင် ၊ မိုးမှောင်မှောင်ဝယ် ယောင်ယောင်ကန်းကန်း ၊ တစမ်းစမ်းဖြင့် သွမ်းသွမ်းမိုက်မိုက် ၊ မျှင် အမှိုက်ကို လိုက်၍ဆုပ်ဖမ်း ၊ လွတ်ရာလမ်းဟု ရမ်းသန်းထင်ထင် ၊ ကမ်းမမြင်သည် ရေဝင်နစ်လျှိုး ငုတ်တော့သည်။ ကျိုးပေါက်စီးစီး ၊ တညီးညီးရွှင် ထီးတည်းဖြိုလှိုက် ၊ ရေမြိုသိုက်မှာ နွံတိုက်သွင်သွင် ၊ ညစ်ပြင်ပြင်ဖြင့် လျှင်လျှင်စီးမျော ၊ တသောသောဝယ် အောတိုက်မျိုးထွေ ၊ ပျက်လွင့်ကြွေသား မိုးလေဟောဟော ၊ လှိုင်းလေရောကာ ရေတောမြေထွင် ၊ ရောနှောဆင်သည် မြေပြင်တစ်ချိုး ပြုတ်တော့သည်။ ချိုးဖောက်ပြီးပြီး ၊ ရေကြီးကြီးတွင် ချည်းနှီးလက်ချ ၊ နွံနုံးကြွသည့် လမ်းမစုံစုံ ၊ လယ်ဖုံဖုံနှင့် မှုံမှုံတံတား ၊ အိမ်အများမှာ ချစားမီးလောင် ၊ တက်တက်ပြောင်သို့ မြေဘောင်ကျဲကျဲ ၊ နွံထဲထဲမှာ သဲသဲငိုချင် ၊ ဝမ်းနည်းသွင်သည် ခြေပင်ဆစ်ကျိုး ချုပ်တော့သည်။ ။ " သစ်ရိပ်ညို "

မမေ့နိုင်သော

Image
” မမေ့နိုင်သော ” ချစ်ပေဖူးလွှာ တစ်ချိန်ခါ ရွှေညာမြေက ခမောက်တောင်။ တောင်ခြေလွယ်မောက် ချွေးပေါက်ပေါက် မိုးအောက်မြေပြင် ပြုံးပျော်ရွှင်။ ချိုလွင်မျက်ဝန်း ချစ်ရည်ရွှန်း စေညွှန်းပန်းချီ ရေးခက်ပြီ။ နေခြည်ရောင်ဆမ်း တောင်ခါးပန်း စိတ်ချမ်းမြေ့ဖွယ် နားကြတယ်။ ချစ်တယ်စကား ရင်ခွင်ခြား မကြားရတာ ကြာပြီကွယ်။ ကံငယ် ခေ ရာ ဇာတ်လမ်းမှာ ကဗျာရေးရင်း တမိသည်။ ။ ” သစ်ရိပ်ညို ”

ဘုန်းမြင့်တေဇာ

Image
” ဘုန်းမြင့်တေဇာ ” ပရိဒေဝ ဝမ်းတစ်ထွာ ရှာဖွေမှီဝဲ ဖြေ့တင်းရာ။ ကောင်းမွန်စွာ အသက်မွေး သူ့ကျိုးကိုယ့်ကျိုး ညီမျှရေး။ ဘာသာရေးနှင့် ကျင့်သိက္ခာ တည့်တည့်မတ်မတ် ရှိဖို့ရာ။ နှလုံးသားမှာ တည်ကာထား ဗုဒ္ဓဟောကြား မြတ်တရား။ သစ်စေ့မျိုးပွား စိုက်ကြမယ် ပညာသိစိတ် မြှင့်တင်ကွယ်။ အားမာန်ကြွယ် မြန်မာ့သွေး စည်းလုံးညီညွတ် ကြစို့လေး။ ။ ” သစ်ရိပ်ညို ”

ထင်မိဘူး

Image
" ထင်မိဘူး " မအေကို သူမခန့် အံ့ပါရဲ့ ဗျာ။ သံဝါဝါ အာခေါင်လှိုက် ငိုပြလိုက်ရာ။ သဲသဲလှုပ် သားငိုတာ အမေ့မှာ အကြိုက်ဆုံး။ မွေးမေမေ အကုန်လုံးက သားငိုမှ ပြုံး။ ။ " သစ်ရိပ်ညို "

အေးငြိမ်းချမ်းသာ

Image
" အေးငြိမ်းချမ်းသာ " ပညာခြုံ ပုံထောက်လို့ ဂုဏ်မြောက်တဲ့ လင်္ကာ။ သမုဒ်ကယ် သွယ်သွယ်ဖြာ မြစ်ပင်လယ်ပြာ။ တတ်ပညာ ရှာလေသူ အပေါင်း။ နက်သဒ္ဒါ လင်္ကာရကို ဥာဏ်ဆလို့လောင်း။ ။ မြရောင်ရည် အုပ်လွှမ်းလို့ အေးချမ်းရိပ် သစ်ညို။ မျိုးဆွေသာ ဆရာရိပ် မိဘရိပ် သာပို။ စိုးရရိပ် အေးမြချို သာသနာ ပိုလို့အေး။ ငြိမ်းအေးရွှင် ရင်မှာထိန်း ကိန်းဝပ်ဖို့လေး။ ။ " သစ်ရိပ်ညို "

လောက

Image
" လောက " လူ့ဝန်းကျင် လူ့ဗာလ လောကမှာ ထင်။ မျိုးဂုဏ်ရည် ပညာစွန်း ထွန်းပမမြင်။ လူနပ်က ပေါ်လွင် ပညာရှင် ဝှက်ပုန်း။ လူ့ဝန်းကျင် လူ့ဗာလကို ထမ်း `မ´ စုရုံး။ ။ " သစ်ရိပ်ညို "

ပညာ

Image
" ပညာ " ပဲ့နင်းမပါ ပဲ့ဗလာ လှေမှာ ဝဲလည်ခတ်။ ပညာအနား ကပ်မထား နောင်သား ခက်ခဲတတ်။ ပညာသင်လျှင် ပဲ့ကိုင်ရှင် ဦးတင် ဆရာအပ်။ ဥာဏ်ရွှင်မသွား ပညာအား သင်ကြား ခက်မည်မှတ်။ အတတ်ပညာ မှတ်သညာ များစွာ သင်ကြားအပ်။ ပညာကျေးဇူး ဂုဏ်အထူး ရည်စူး ပညာမြတ်။ ။ " သစ်ရိပ်ညို "

စီးပွားရှာရာ

Image
" စီးပွားရှာရာ " အမျိုးသားတို့ရေ ရိုးသားမှုသာ စံ။ ကြိုးစားပါ ဘဝတလျောက် ချိန်လျှောက်ပါ့ ဧကန်။ မှောက်မှောက်ကယ် လှန် ဖောက်ပြန်ရာ ရှောင်တွေး။ မလျော်ကန် ဥာဏ်စီးပွားကို အားပြုနဲ့လေး။ ။ " သစ်ရိပ်ညို "

ပြောခက်ဖွယ်

Image
" ပြောခက်ဖွယ် " ပျို့မောင်ကြီးကို ရှင် ငြိုငြင်ကွဲ့လေး။ ပန်ဆင်ငယ် စံပယ်ကုံး သုံးခက်ပေါ့လေး။ ။ ရွှေစိတ်တော်တိုတို ညိုပါနဲ့လေး။ ပန်ဆင်ဖွယ် မောင်သီကုံးမယ် ပြုံးပါကွဲ့လေး။ ။ ပျိုလေးတို့ ကောက်စိုက်ရာ လိုက်လာနဲ့လေး။ ဟိုအပျို လူပျိုသိုက်တို့ မြှူလိုက်လိမ့်လေး။ ။ လူသိုက်ရယ်စုံစုံ အုံ ရယ်သော့ သွေး။ မောင်မပါ သာပိုကဲလို့ အဲ ကြလိမ့်လေး။ ။ " သစ်ရိပ်ညို "

ကျောင်းပျော်လေးများ

Image
" ကျောင်းပျော်လေးများ " ဒေါင်ဒေါင်ဒင်ဒင် ကလင်လင် ခေါင်းလောင်းသံလေး ချိုလွင်လွင်။ "မင်္ဂလာပါ" ဆရာမ ညီညီညာညာ နှုတ်ဆက်ကြ။ ဆရာမလေး ရပ်လို့ပင် စာသင်ခန်းရဲ့ အရှေတွင်။ "မင်္ဂလာပါ"တပည့်များ အားလုံးထိုင်ပါ သူပြောကြား။ စာအုပ်များကို ထုတ်ကြပါ စာသင်ခုံရဲ့ အပေါ်မှာ။ စာလုံးကလေး ဝိုင်းစက်ထွေး ပီပီသသ လှအောင်ရေး။ စာမျက်နှာလေး ထိပ်ဆုံးမှာ နေ့စွဲတပ်လို့ ရေးကြပါ။ သေသေချာချာ မှတ်လို့ထား စည်းကမ်းတကျ စာကြိုးစား။ ကျောင်းစာများကို ရှင်းပြရာ ဂရုတစိုက် နားထောင်ပါ။ မှတ်ဖွယ်မှတ်ရာ သင်စာများ ပိုင်ပိုင်နိုင်နိုင် ရေးမှတ်သား။ လူတော်လူကောင်း ဖြစ်ချင်ရင် နိုးနိုးကြားကြား ကြိုးစားသင်။ ပျော်ပျော်ရွှင်ရွှင် စာသင်ကြား သားသားမီးမီး တပည့်များ။ ။ " သစ်ရိပ်ညို "

ပညာရွှေအိုး

Image
" ပညာရွှေအိုး " ကာမ အိပ် စား ဤသည့်နွား ဥာဏ်အား ဘယ်သို့ သုံးပါ့မယ်။ အသား တိုးဖို့ ရှိတော့တယ်။ နွား ပုံပမာ တတ်ပညာ ဆိတ်စာ ထို့ထက် နည်းတတ်တယ်။ ပင်မှာ သစ်စိမ်း ကျိုးသည့်နှယ်။ ပညာ မကယ် တလည်လည် ဥာဏ်ငယ် လူဖြစ် ရှုံးလှဖွယ်။ နှုတ်ဝယ် အ အ တုံးတော့တယ်။ ကျယ်ပြော လှစွာ နည်းပညာ သင်ရာ တတ်ဖို့ ခဲလှဖွယ်။ ကိုယ့်မှာ ခွန်အား ပဲရှိတယ်။ အချိန် ရှိခိုက် လုံ့လစိုက် ဥာဏ်လိုက် အသိ ပွားကြမယ်။ ပညာ ရွှေအိုး ရသည့်နှယ်။ ကြိုးစားမယ် ကြိုးစားမယ်။ ။ " သစ်ရိပ်ညို "

မျက်မြင်ဒိဋ္ဌ

Image
” မျက်မြင်ဒိဋ္ဌ ” ဟိုတစ်ချိန် သောက်စားတဲ့ အရက်သမား တစ်ယောက်ပေ။ သူအိုနာ အရေရိုးတို့ ညှိုးချုံး ကျနေ။ သင်္ကန်း ဆီးစေ ရှင်သာမဏေ ကြီး။ နှစ်များအကြာ တစ်ပါးရတနာ သံဃာအဖြစ်ရယ် ပျိုမျစ် ထေရ်ကြီး။ ။ သူ့အဖေါ် အရက်သမား ဆိုက္ကားနှင့် တလည်လည်။ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် အရက် ခွက်တည်။ လူမမည် ဖြေဆည်ရန် ခက်သေး။ ရုပ်နာမ်အပြေ ဒုက္ခဝေ အရက်သမား သွားပေါ့ ရေဝေး။ ။ ” သစ်ရိပ်ညို ”

အမှောင်ကြီးစိုးသောခေတ်

Image
” အမှောင်ကြီးစိုးသော ခေတ် ” နှုတ်ဖွာလန် စိတ်ကြမ်းနှင့် စကားရမ်း မပြောချေ။ လူလိမ္မာ လူယဉ်ကျေးမို့ အေးဆေး လှပေ။ အမှောင်ထဲ ရောက်ရင်လေ သွားပြီလေ မမြင်မကန်း။ ရှေ့တိုးနောင်ငင်နဲ့ ထင်မြင်ရာ ငါတကော ရယ် ဩောချ လူသွမ်း။ ။ ” သစ်ရိပ်ညို ”

အမှားတရား

Image
" အမှားတရား " ထစ်ကနဲ ဆို သားသတ် လို အိုဘယ်သို့သား ထင်အရှား။ ဖြတ်ကနဲ ဆို လိမ်ဥာဏ် ပို အိုဘယ်သို့သား ထင်အရှား။ တဏှာကဲ ဆို ကာမ ကို အိုဘယ်သို့သား ထင်အရှား။ လှပ်ကနဲ ဆို ဥစ္စာ လျှို အိုဘယ်သို့သား ထင်အရှား။ ဂွတ်ခနဲ ဆို သောက်စားလို အိုဘယ်သို့သား ထင်အရှား။ ။ ဤသို့ငါးပါး ၊ ထင်အရှားကို မှောက်မှားစိမ့်စိမ့် ၊ တသိမ့်သိမ့်ဖြင့် လိမ့်လိမ့်သာမူး ၊ ညံ့ဂုဏ်ထူးမှာ.... လက်ဦးဆရာ ၊ မည်ထိုက်စွာသော နှစ်ဖြာမိဘ ၊ ဆရာစသည် ဆုံးမစကား ၊ ချို့ငဲ့ငြား ဟု နွဲ့ပါးဦးဆောင် ၊ နောက်လိုက်ထောင်က မရှောင်သာများ ၊ သတိထားလော့။ သားသမီးမကောင်း ၊ မိဘခေါင်းတည့် တပည့်မကောင်း ၊ ဆရာ့ခေါင်းတည့် မကောင်းနောက်လိုက် ၊ ဦးဆောင်ခိုက်၏။ ။ " သစ်ရိပ်ညို "

မြန်မာပြည် (ရတု)

Image
" မြန်မာပြည် " ( ပိုဒ်စုံရတု ) ဧရာဝတီ ၊ မြစ်နဒီတည့် ဝေးသီမြင့်ခေါင် ၊ မြိုင်တောတောင်စွယ် သွယ်နှောင်စိမ့်စမ်း ၊ နှစ်မွှာလမ်းမှာ သွယ်တန်းမေခ ၊ မလိခတို့ မြစ်မဧရာ ၊ စီးဆင်းလာသည် များစွာပေါင်းဆုံ ၊ မြစ်ချောင်းစုံသား မွှေးထုံသင်းပျံ့ ၊ ရေသင်းနံ့ဖြင့် ပြန့်ပြန့်ဝန်းကျင် ၊ ထက်အောက်ခွင်သီး စီးသွင်ယဉ်ကျေး ၊ ငြိမ့်ငြိမ့်အေးလျက် သက်သွေးခန္ဓာ ၊ သတ္တ၀ါနှင့် များစွာသစ်တော ၊ စုံမြိုင်ကြောဖြာ အံ့ဩလောက်စွာ ၊ သုံးကြရာဝယ် ရှည်ကြာတည်ထား ၊ မရပ်နားစွာ ရေအားနှင်နှင် ၊ စီးသွင်သွင်သည် ရေရှင်သာ၍ မွှေးသောကြောင့်။ ။ မြေလွှာမဟီ ၊ ရပ်ဝန်းဆီလည်း တည်မှီပျိုးထောင် ၊ တိုးတက်အောင်လျှင် တန်ဆောင်မြို့ရွာ ၊ လမ်းပန်းသာယာ တောရွာမြို့ပေါက် ၊ တောက်လျောက်ရောက်ကြ မထောင့်မနား ၊ ခရီးသွားသော် ပြန့်ပွားကုန်စည် ၊ ထက်အောက်ညီလျက် မြန်ပြည်တကြော ၊ စုံဆန်နှော၍ စုံတောမြိုင်ခြေ ၊ ရဂုံဘွေနှင့် ရေမြေနှောက်ရှာ ၊ ရတနာလျှင် ပြည်ရွာအကျိုး ၊ လွန်ဖွံ့ဖြိုးလို့ စိုက်ပျိုးဆောင်ရွက် ၊ သီးနှံထွက်လာ ကျေးလက်တောဆင့် ၊ မြို့ဂုဏ်ဝင့်ထည် လွန်တင့်တယ်သား ၊ မြို့ရွာများမှာ မြေသားရွှင်ရွှင် ၊ နည်းသွင်သွင်တည် မြေရှင်သာ၍ ...

အိပ်ငိုက်မနေကြနှင့်တော့

Image
” အိပ်ငိုက်မနေကြနှင့်တော့ ” တို့တိုင်းပြည် နေရောင်ခြည် ထွန်းလင်းဖြာ။ ရွှေရည်တောင် ငွေစင်ကျွန်း၌ ကွန်းခိုလျက် သာ။ သွေးအေးလို့ ငြိမ်နေတာ သံသရာ ရင်လေး။ ကန်ရေပြင် သို့နှယ် ရန်ဝေတွင် ဆိတ်ငြိမ်အိပ်သလို တိတ်ဆိတ် နှင့်လေး။ ။ မြန်မာ့မြေ တို့ပိုင်နက် တို့အသက် ကိုစေ။ တို့တစ်တွေ အသက်သွေးနဲ့ ရေးကြ စို့လေ။ ပြည်ပရန် အထွေထွေ ဝါးမြိုနေ တုန့်ပြန်ရေး။ တို့မကြောက် တို့မဖြုံ သိုက်နန်းမြုံ ဇာတိသွေးတွေ မွေးကြ စို့လေး။ ။ ” သစ်ရိပ်ညို ”

လွန်ဆွဲပွဲ

Image
” လွန်ဆွဲပွဲ ” တစ်ဖက်မှာ ရက်စက်ရာ ရွယ်ရည်စူး လူ့ဘီလူး တွေ။ တစ်ခြားတစ်ဖက်မှာ ဖြင့် ပေါင်းစုကာ လွန်ဆွဲဖို့ လူတို့ တစ်တွေ။ ဘီးလူးနှင့် လူတွေ အားပြိုင်နေ ချိန်လေး။ ဘီလူးဖက်မှာဖြင့် နတ်ဒေဝါ ရုက္ခစိုးတွေ တိုးဝှေ့ ကူဖေး။ ။ လာလိမ့်မယ် ချိန်ခါသင့် သိကြားနှင့် နတ် ဗြဟ္မာ နတ်မြတ် စုံစွာ။ ဖေးမတော့မှာပါ လူ့ပြည်ရွာ သာစခန်း။ နတ်ဆိုးအယူဟာနဲ့ တမူသာ လူ့ဘီလူးတို့ရဲ့ ဦးညွှတ်မည့် လမ်း။ ။ ” သစ်ရိပ်ညို ”

သားသုံးသား

Image
” သားသုံးသား ” ပြည်ချစ်များ စစ်သားကွဲ့ ဇာနည်။ အာဇာနည် မြတ်နှလုံး ပန်းကုံး သို့ သီ။ မြန်မာ့ မြေမဟီ တို့မြန်ပြည် ပေပဲ။ တွင်းပရန် မှန်သမျှကို တွန်းလှန် ကြမြဲ။ ။ ပြည့်ရင်သွေး နွေးထွေးလို့ ချစ်ကြည်။ ကျောင်းနေရွယ် လူငယ်များ ကြိုးစား ကြသည်။ တို့ မြန်ပြည် ခေတ်မီစွာ ဖွံ့ဖြိုး။ ကမ္ဘာမှာ ရင်ပေါင်တန်းမယ် လှမ်းစို့ ရှေ့တိုး။ ။ တို့ဘာသာ နေလ မြတ်ဗုဒ္ဓ ဂုဏ်ရောင်။ မြတ်သံဃာ ထေရ်ရဟန်း လမ်းပြ ရှေ့ဆောင်။ သာသနာ့ဘောင် ထွန်းလင်းပြောင် ကြည်အေး။ သည်းဘဝင် ရွှင်နှလုံး ဆုံးမ လို့ပေး။ ။ ” သစ်ရိပ်ညို ”

လယ်မြေရေပြည့်ဝန်းလျှံ

Image
" လယ်မြေရေ ပြည့်ဝန်းလျှံ " မှုန်ပြာရီ ရစ်ဆိုင်း ရှစ်ခွင်တိုင်း မှိုင်းသီ ဝိုင်းပတ်လည် သည်ရွှေမိုး ဝေဖြိုးကျပြီ။ ရေတိုးလို့ လျှံသည် ဆည်ကန်ရေ ပြည့်သည်း စံဌာနေ ရေလယ်တွင်း နစ်ဆင်းရပြီ။ ။ မူးမြစ်အင်း ပိတ်ဆီးကာ ရိပ်ကြီးဖြာ စုံမြိုင်တွင်း ဝပ်ဆင်းတည် ဆည်ရေဖြိုးတော့ ရေတိုးပေါ့လေး။ မိုးစပါးဖေါ် ပျိုးအားနော် သန်တဲ့ကွင်းပါဗျ ရေနက်ကွင်း ဆည်ရေဟီးတယ် ရေကြီးပေါ့လေး ။ ။ အားဖြည့်လို့ ပေးလှူသည် ဖေးကူကွဲ့လေး။ တို့နိုင်ငံ တို့အရေးမို့ တွေးဆကွဲ့လေး။ ။ " သစ်ရိပ်ညို "

တက္ကသီလာချစ်သူ

Image
" တက္ကသီလာ ချစ်သူ " လေးလုံးသံ တခွပ်ခွပ်ပေးလို့ ပြေးပါတဲ့ မြင်းလှည်းငယ် မုနိရှင် မြတ်ဘုရားသို့ သွားဖူးရာဝယ်။ ဆုတောင်းရ မေ့မောင်ရယ် ဖူးစာငယ် ဆုံနိုင်ရေး။ တက္ကသိုလ် သီလာကျွန်းမှာ ကွန်းခိုချိန်လေး။ ။ ရွှေရင်မှာ တမူထူးလို့ ရွှင်မြူးလှတယ်။ အအေးကို လက်ပြန်ချိတ်လို့ သောက်ခဲ့ကြတယ်။ တောင်သမန် အင်းကိုကွယ် ထပ်ဆင့်ရယ် ဆက်သွား။ မန္တလေးမှာ လွန်ထင်ရှားတဲ့ ဦးပိန်တံတား။ ။ လေပြေငယ် သုန်သုန်ဖြူး ကြည်နူးရပေ။ ဆံချည်မျှင် အဝတ်စား လွှားလွှားလွင့်နေ။ ကြည့်စမ်းပါ့ မေ့မောင်ရေ မောင့်ရဲ့မေ လှသလား။ နေကာမျက်မှန်လေးနဲ့ ပြုံးပြလို့ထား။ ။ သွားကြဦးစို့လားရှင့် တံတားမှအပြန်။ မန္တလေး တောင်တော်ဦးကို ဖူးကြဖို့ရန်။ သာပေစွ မြင်းခွာသံ သောသောညံ ရွှင်အေး။ မယ်နဲ့မောင် တူယှဉ်နွဲတယ် မြင်လှည်းနှင့်လေး။ ။ တောင်တောင်ခြေ မြတ်ဘုရားတို့ လျှောက်သွားရင်း ကြည့်ရာ။ ထုံးဖြူဖြူ တည်ဘုရား များပြားလှစွာ။ မေပုန်းလို့ မောင်လိုက်ရှာ မိပါတော့ ပိုက်ထွေး။ အကြင်နာ ရင်ခွင်လေးမှာ နွေးနွေးထွေးထွေး။ ။ တောင်ထိပ်ပေါ် သည်အတက် ချွေးထွက်လှတယ်။ ပစ္စယံ အလယ်နားမှာ နားကြရာဝယ်။ မောင့်ခေ...

ယမကာ

Image
" ယမကာ " မူး ယစ် ထွေ သောက် စား လို့ မှောက် မှား ဖို့ အကြောင်း ဖန် ယော င်္ကျား မို့ ဗျောင်း ဆန် လျှင် ဘေး ရန် ဝင် မာန် သွန်း။ ဒေါ သ စိတ် ငယ် ထိပ် ဝင် သော် အ ဆိပ် ငင် ရန် စ တို့ စွန်း။ ခက် ထန် လှ အ ကြောင်း ရှာ တယ် မ ကောင်း ပါ မိုက် လွန်း။ မှား ကံ မှာ ရွှေ ဥာဏ် ယွန်း ရင်ဖြင့် စေ ညွှန်း ခွင့် မ သာ။ အ တ္တ တွန်း ရှေ့ တန်း တင် လျှင် မိုက် လမ်း ထွင် အသင် ခက် လိမ့် မှာ။ မြတ် တ ရား အ မှား မပါ တယ် ရှောင် ရှား ရာ မူး ယစ် ဆေး ဟာမို့ အ မိုက် ဘေး အ ပြစ် ဒါဏ် မင်း ဘယ် သို့ လှန်။ တ ရား မြတ် မှတ် သား မှန် စွာ ရည် စိတ် သန် ရှု ပွား စို့ လေး။ ။ " သစ်ရိပ်ညို "

အိုဘယ့်ပါတီ

Image
” အို့ဘယ့်ပါတီ ” မင်းတို့တွေ ပြည်သူ့သားမို့ တို့များ မမုန်းပါ။ လုပ်နေတာ အယူလွဲလို့ မဲထည့် တာနာ။ အမျိုးနဲ့ ဘာသာ သာသနာ ဖျက်ဆီး။ ပြည်သူ့အသံတွေက မိုးထက်ယံ သွေးဆူပွက်တယ် တိုးထွက် ရင်မီး။ ။ ” သစ်ရိပ်ညို ”

မြပင်လယ်

Image
” မြပင်လယ် ” အရုဏ်ကျင်းလို့ လင်းပြီကွယ် မြင်ကွင်း စိမ်းရောင်ခြယ်။ ရောင်နီသယ် မိုးပေါက်ဆမ်း တို့ရွာ အဝင်လမ်း။ တောင်ညိုစိမ့်စမ်း ဝန်းပတ်ရံ မြစိမ်း စပါးနှံ။ ထက်မိုးယံ တိမ်လွှာနိုး မိုးသောက် ရောင်နီပျိုး။ ။ ” သစ်ရိပ်ညို ”

တိမ်ကွယ်သောလ

Image
” တိမ်ကွယ်သော လ ” အစွဲများ အသည်းကြား မှလာ။ ချစ်ပလ္လင် ရင်ဖိုလှိုက် ပင့်ရှိုက် မောစွာ။ ပြန်လည်ကာ ဖွေရှာရန် ခက်ခဲ။ နွဲ့သခင် ကြင်သူမဲ့ရယ် ကြာခဲ့ ပြီပဲ။ ။ ” သစ်ရိပ်ညို ”

ရိုးရာမုန့်များ

Image
" ရိုးရာ မုန့်များ " မုန့်လင်မယား ၊ မုန့်ရေပါး နှင့် မုန့်ပျားသလက် ၊ မုန့်စားထွက်မယ်။ မုန့်လက်ကောက်ကြော် မုန့်ဆီကြော် နှင့် ရေပေါ်မုန့်လုံး ၊ အကြိုက်ဆုံးပင်။ ငှက်ပျောဖက်ထုပ် ၊ မုန့်ဖက်ထုပ်ပြင် ပဲဆုပ် ကြွေစေ့ ၊ မုန့်ကြာစေ့ နှင့် မျက်ပေ့ လျှာရင်း ၊ ဆီထမင်းဖြင့် မုန့်ဟင်းခါးလည်း ၊ စားမည်ပဲလေ ခေါက်ဆွဲ မုန့်တီ ၊ ရှာလည်ပြီပေါ့။ ကောက်ညှင်းကျဉ်တောက် ၊ မုန့်ဦးနှောက် နှင့် ဆန်ကောက်ညှင်းပေါင်း ၊ မုန့်စိမ်းပေါင်းတို့ စားကောင်း ခေါပြင် ၊ ခေါပုတ် ကင်၍ ထို့ပြင် ဘီးမုန့် ၊ လေပွေ မုန့်သိုင်း(ခြုံ) မုန့်ဗိုင်းတောင့် ပါ ၊ ကရေကရာမုန့် မွှေးစွာနံ့သင်း ၊ ဆီထမင်းလျှင် လျှာရင်းမျက်စွာ ၊ စားကြရာ၏။ ။ " သစ်ရိပ်ညို "

မိုင်းသုန်တိုက်ပွဲ

Image
" မိုင်းသုန်တိုက်ပွဲ " လွမ်းစရာ့ တောင်တန်းပြာရေ။ ရှစ်ခွင်တိုင်း အုံ့မှိုင်းပါတဲ့ ကျိုင်းခွင်တောင်ခြေ။ သမိုင်းဝင် နယ်မြေ တိမ်မြူဝေ ရစ်သန်း။ စိမ်းလန်းစို စုံမြိုင်ပေါတယ် တောနှင့်တောင်တန်း။ ။ မိုင်းသုန်တောင် တောင်ဆီယွန်း ဝန်းသိုမြို့ ပတ်လည်။ စော်ဘွားကြီး ဦးအောင်မြတ်ရဲ့ တပ်မဟာတည်။ ဒေါင်းမြူးနှင့် နမ်းလိုင်းသည် ချောင်းရေကြည် သက်ဆင်း။ ကိုလိုနီ တော်လှန်ရေး ရဲ့ သွေမြေသက်နှင်း။ ။ ကျိုင်းခွင် မိုင်းသုန် တစ်ဝိုက် တိုက်ခိုက်လို့ တွန်းလှန်။ တိုက်ပွဲတို့ လွန်ပြင်းထန် သောသောဆူညံ။ သွေးဆေးကန် မာန်မာန မွေး။ အင်္ဂလန် ဂျပန်စုတ်တို့ တိုက်ထုတ်ဖို့လေး။ ။ " သစ်ရိပ်ညို "

ဂျူလိုင်၂၃ရက်

Image
" ဂျူလိုင်၂၃ရက် " ကမ္ဘာ့အပူဆုံးနေ့ (နေ့တာအရှည်ဆုံးနေ့) ဂျိုးဂျိန့်ဂျိန့်ညံ ၊ မိုးချိန်းသံဖြင့် တိမ်ယံစစ်သည် ၊ အားမာန်ချီလျက် နတ်စည်နတ်မောင်း ၊ တိုက်တစ်သောင်းလျှင် အောင်ကြောင်းစစ်ချီ ချုန်းတော့သည်။ မိုးဦးလေဦး ၊ မင်းလွင်ဦး မှာ ပြန့်ဖြူးဝဠာ ၊ ထက်အာကာဘုံ ပမာပုံဆောင် ၊ စစ်သည်မောင်တို့ တိမ်တောင်သိုက်ဝန်း ထွန်းတော့သည်။ တိမ်တောင်ဆီဝယ် ၊ ရောင်နီသယ်လို့ တင့်တယ်လှပျိုး ၊ နေခြည်ထိုးသော် မိုးဦးနံနက် ၊ သည်လိုရက်မှာ နေထွက် အလွန် စောလှသည်။ ။ " သစ်ရိပ်ညို "

မြန်မာစကားမတတ်လို့ပါ

Image
” မြန်မာစကားမတတ်လို့ပါ ” အသံတွေ ချုပ် နှုတ်စ ပျောက်နေ။ တုတ်တုတ်ကယ် မလှုပ် ငြိမ်ကုပ် လှပေ။ ဘင်္ဂါလီ တွေ ကျူးကျော်နေ သလား။ တို့မြေကို လာနယ်ချဲ့တယ် ဆိုးတဲ့ လူသား။ ။ ” သစ်ရိပ်ညို ”

ရွာဘုရားပွဲ

Image
” ရွာ ဘုရားပွဲ ” ရွာစေတီ အလှည့်ကျ ဂေါပက ဖြစ်ပြီလေ။ ဘုန်းကြီးနှင့် ရွာသူကြီးတို့ကို လွှားပြီး ပြောနေ။ သူကြီးက ဟောဒီမှာနေ ဘုန်းကြီးတွေ လာမရှုပ်နှင့်။ ဂေါပက ပလွှားနေ ထားရာနေ စေရာသွားတဲ့ စကား ရင့်ရင့်။ ။ ” သစ်ရိပ်ညို ”