" မိထွေးဆို ဘယ်မိထွေးမှ အကျင့်မကောင်းဘူး " အရိပ်လို အခက်ချိုးတာဖြင့် အဆိပ်လို အဖျက်မျိုးမို့ ဇွတ်တိုး၍ လုပ်ကြပေ။ မိထွေးဆို ဘယ်မိထွေးရယ်မှ မမေ့ဗျို နှယ်ဖိကျွေးတာဖြင့် တွေးမရ ချေ။ ဟုတ်တာတော့ ဟုတ်နေပြီလေ တို့အမွေ ရန်ရှာပါရော့။ နေမတတ်တော့ပါဘု ကျေမနပ်နိုင် တို့တွေလမ်းပေါ် လှမ်းလျှောက် တာပေါ့။ ။ " သစ်ရိပ်ညို "
Posts
Showing posts from June, 2019
- Get link
- X
- Other Apps
" အဆိပ်တက်သော အသည်းများ " အမိနိုင်ငံတော် typeကြောင့် ငိုက်ကနဲ ပါသွားတယ်။ ဥပဓိ လေးကြောင့် ထွေး ကနဲ ပါသွားတယ်။ အသည်းခိုက် အကြိုက်တွေ့ပြီး မူးမိုက်မေ့သွား ကြတယ်။ သူလျှောက်တဲ့ လမ်း ဆီဆမ်းတဲ့ လိမ်ဆင် ခွင်ရိုက်သည့် လူမျိုးရေး ပေးကြွေးတဲ့ ဝါဒ ကပြတဲ့ ဇာတ်ခုံ ယုံခက်တဲ့ စကားလုံး သုံးတတ်တဲ့ လက်ပြန်ကြိုး ချိုးဖျက်မယ့် ယုံကြည်မှု နုဖတ်သည့် လျှပ်ပေါ် လော်လီသည့် ကိုယ်ကျင့်တရား မှားယွင်းသည့် အလုပ် ယုတ်ဓာတ်ရဲ့ လမ်းစဉ် နင် မမြင်ဘူးလား နင် မနာကျဉ်ဘူးလား နင် ချစ်ရမှာ နိုင်ငံနဲ့လူမျိုး နင် ချစ်နေတာ ရုပ်ရှင်ဇာတ်လမ်း လွဲနေပြီလေ အတော်ကို လွဲနေပါပြီ။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" အသက်တွေလည်းကြီးပါပြီဗျာ " ကျောက်ထက်စာတင် ၊ သမိုင်းဝင်ဟု ထင်မြင်နွယ်ဖွား ၊ အမျိုးသားတို့။ ကျောက်သားခိုင်မာ ၊ ရှိဘိရာလည်း ပင်ညှာမြစ်ပေါက် ၊ မဖြစ်လောက်ဟု စိုးနှောင့်ဗျာပွေ ၊ မရှိလေဘဲ ကြာရှည်သောခါ ၊ စွဲမြဲရာက ကျောက်ဖြာလည်းကွဲ ၊ ကျောက်လည်းခွဲ၍ အက်ကွဲဟက်တက် ၊ အမျိုးပျက်တည့်။ ခွဲထွက်စေလို ၊ ဝင်သပ်လျှိုလျက် ကျောက်ကိုကြည့်စမ်း ၊ ထက်ပိုင်းချမ်းသို့ ပြည်ဝှမ်းစိပ်စိပ် ၊ ဝါးမြိုကြိတ်သော် စိုးထိတ်ပူပန် ရလိမ့်မည်။ စိုးထိတ်ပူပန် ၊ မရှိရန်တွက် ပင်မှန်သမျှ ၊ ရှင်းလင်းကြမှ စိတ်ချနောင်ရေး ၊ တို့ရင်သွေးတွက် မွေပေးလှမ်းကိုင် ၊ လက်ကမ်းနိုင်မှ ခိုင်ခိုင် စိတ်ချမ်းသာလိမ့်မည်။ စိတ်ချမ်းသာမှု ၊ မျိုးဖျက်စုက လူမှုဝန်းကျင် ၊ ပြစ်မမြင်ဖို့ လိမ်ဆင်ဝါဒ ၊ ကြားရုံမျှဖြင့် ပြည့်ဝထောက်ခံ ၊ ပြည်ကျောက်ကန်သော် ဧကန်မုချ ၊ သင့်ဘဝသည် သုံးချခံသူ ဖြစ်တော့မည်။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
” လုံးဝ လွဲနေပြီ ” သူမမောပါဘု ဟောသည်မှာ မေမေ ရေ ရွှေငါး ကလေးလေ။ အမြဲတစေ ပေ ရေထဲမှာ လှုပ်ရှား။ မှန်ရေကန် ဘောင်အတွင်းမှာ ဆင်းငုတ် လျက်သား။ ။ ကျနော် မကယ်ထုတ် ရင်တော့ ရေငုတ်တဲ့ ရွှေငါးဟာ မွန်းသေ တော့မှာ။ သနား စရာ အမြန်သာ ကယ်လို့ပေး။ ရွှေငါးငယ် ရေကိုကြိုက်တယ် မိုက်ပါ ကွဲ့လေး။ ။ ပိုက်လေးနှင့် ကျနော်ဖမ်း ဘမ်းပေါ်မှာ ရွှေငါးတင် ကြည့်လို့ နေစဉ်။ ရွှေငါး အရှင် ပျော်ရွှင်ပုံ အသွင်ထူး။ တခါနှစ်ခါ ဆတ်ပါလို့ ဖျတ်ဖျတ်ခါ ရေမှာငုတ်သလို လှုပ်နိုင် တော့ဘူး။ ။ ” သစ်ရိပ်ညို ”
- Get link
- X
- Other Apps
" ချာမကို ချစ်တယ် ဂျာ နော် " ချရာမ ချရာမ တားကိုချစ်ရား ချရာမ။ တားကိုချစ်ရင် ရိုက်နဲ့ဂျာ တားတား ငိုကျစ်မှာ။ တားကိုအိမ်ဂျာ ခဏခဏပေး တားကိုရိုက်ဖို့ရေး။ အတန်းထဲမှာ တားချော့တာ ကျန်းမာရေး တွက်ပါ။ ပေပေကြောတာ တားမှတ်ထား အဲဒါအားကဂျား။ တားတို့ကျောင်းက ချာတင်ခုံ ချာအုပ်တေနဲ့ တနေကုန်။ အရိုက်ပါနဲ့ ချာမရေး တားတားချော့ချိန်ပေး။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" တို့အိမ်ခြံဝင်း " အိမ်ကလေး အိမ်ကလေး တို့မိသားစု အိမ်ကလေး။ တို့အိမ်ဝင်းလေး အတွင်းမှာ ဖေဖေ မေမေ မမပါ။ ကစားစရာ အဖေါ်များ ခွေးကြောင်ကြက်ဝက် မွေးလို့ထား။ ခွေးပုလေး ဝုတ် ဝုတ် ဟောင် ခုန်ပေါက်ပြေးလွှား ချော့မြှူယောင်။ ပူစီကြောင် ညောင် ညောင် ပေး ကိုယ်ကိုပွတ်သပ် ချော့နေသေး။ ကြက်ဖလေးက အော်သံကျယ် အောက်အီအီးအွတ် မြည်သံရယ်။ ဝက်ဖြူလေးမှာ တ ဝတ် ဝတ်(ဝပ်) အစာတောင်းသံ မပြတ်ရွတ်။ တို့အိမ်ကလေး ချစ်စဖွယ် အေးချမ်းလှပတယ်။ စာသင်ချိန်မှာ ကျောင်းသို့သွား အိမ်ပြန်ရောက်မှ ဆော့ကစား။ တဝါးဝါး တဟားဟား တဝါးဝါး တဟားဟား ။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" အသံ " တကျစ်ကျစ် နဲ့ စာလေးပျော် ကတော်ကတော် ကြက်မအော်။ အုံးအွမ် အော်သံ ဖားလေးမြူး မိုးခေါ်တေးသံ အသွင်ထူး။ ပဲပဲ မြည်တဲ့ ဆိတ်လေးရယ် ဂတ်ဂတ် ဆူညံ ဘဲမွေးမယ်။ တညောင်ညောင်နှင့် ကြောင်ကလေး ဝုတ်ဝုတ် ခွေးလေး ဟောင်လို့ပြေး။ ဒေါင်းငှက်တွန်ကြူး အိုးဝေသံ မျောက်က ကျိုးခွေ ဆူဆူညံ။ ဆင်လေးမိုမို တဝူး ဝူး ဂျိုးငှက်မြည်သံ တကူကူး။ ဝမ်းဘဲ မြည်တဲ့ နွားလေးရယ် ကျွဲလေး ညွမ့်ညွမ့် မြည်ပါတယ်။ မြင်းတွေရယ်သံ တဟီးဟီး မြွေအော်သံက တရွှီးရွှီး။ စာသင်ကျောင်းက ခေါင်းလောင်းသံ ဒေါင်ဒေါင်ဒင်ဒင် စီစီညံ။ စာအံသံ ညံမစဲ တို့ကျောင်းတော်ကြီးထဲ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" ပန်းဆယ်မျိုး ကဗျာ " ဦး"ပန်းတည်း" ငွေကြိုးသီ ညီလေး"ပန်းရံ" ဆောက်လုပ်စီ။ မေ"ပန်းချီ" မှာ ဆေးချယ်သ ဒေါ်"ပန်းပွတ်" နော် သစ်လုံးရ။ ကို"ပန်းပဲ" က သံကိုနိုင် မောင်"ပန်းတော့" လေး ပန်းရုပ်ပြိုင်။ ဦးလေး"ပန်းပု" ရုပ်ကိုထု မယ်"ပန်းတိမ်" တွက် ရွှေလက်မှု။ မ"ပန်းတမော့" ပန်းရိပ်ဖေါ် မိ"ပန်းယွန်း" ထည် ယက်ပေါ့နော်။ တူစုံလက်စုံ ပန်းဆင်နွှဲ မြန်မာ့ဓလေ့ လက်ရာပွဲ။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
"ပန်းဆယ်မျိုး ကဗျာ" ဘုရားမတင် နတ်မဝင် လူတွင် ပန်းဆယ်မျိုး ။ မြန်မာ့ရိုးရာ ပညာရှင် လက်မှု ပညာပျိုး ။ ဆေးစက်ကျရာ အရုပ်ထင် ပန်းချီ ပညာပင် ။ ပန်းပုပညာ ထုဆစ်ကြ လှပ ရုပ်လုံးကြွ ။ ပန်းရံကတော့ တည်ဆောက်မယ် သံလျက် ကိုင်လို့ရယ် ။ ပန်းပဲထုတဲ့ သံပူရဲ လက်နှက် ပစ္စည်းမြဲ ။ လက်မှုရွှေသား ပန်းတိမ်မှာ လွပရတနာ ။ ပန်းပွတ်လုံးတွေ မျိုးစုံသုံး ဆင်လှ တစ်အိမ်လုံး ။ ပန်းတည်းခတ်က လှဆန်းကြယ် ငွေထည် လက်ရာကြွယ် ။ ပန်းနွယ်ခက်ကြွ လက်ရာလှ ပန်း တမော့ရယ်ပ ။ ပန်းတော့ပညာ ဖောင်းကြွစွာ နံကပ် ကနုတ်ပါ ။ ပန်းယွန်းဆွမ်းအုပ် ယွန်းထည်လုပ် နုရွ ပညာထုတ်။ စုံလင်လက်မှု လက်ရာများ ပန်း ဆယ်မျိုးကပွား ။ လက်မှုပညာ ထွန်းတောက်လျှင် နိုင်ငံ့ ဂုဏ်ရောင်ထင် ။ ဆယ်ဖြာလက်မှာ ဦးတင်ထား ကောင်းမှု ကြွယ်စေသား ။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ " ကျွန်ုပ်တို့ရဲ့ အလံတော် အရောင် လေးမျိုး ရှိသနော်။ ဖြူ နီ စိမ်း ဝါ အရောင်များ မြန်မာပြည် ကိုယ်စား။ ။ အလံတော်မှ အဝါရောင် စည်းလုံးညီညွတ် မှုကိုဆောင်။ ပညာတန်ဆောင် ထွန်းလင်းလျှက် တို့တွေ လက်ခြင်းဆက်။ ။ အလံတော်ရှိ အစိမ်းရောင် မြေဆီဩဇာ ကြွယ်ဝဆောင်။ ငြိမ်းချမ်းသာယာ မေတ္တာအေး စိမ်းလန်း စိုပြည်ရေး။ ။ အလံတော်၏ အနီရောင် ရဲရင့်ပြတ်သား အားကိုဆောင်။ သွေးစည်းညီစေ တို့တွေများ ပြည်ထောင်စုရဲ့ သား ။ ။ အဖြူရောင်ရဲ့ အဓိပ္ပါယ် မြင့်မြတ်သန့်ရှင်း ဖြူစင်ကြယ်။ တို့တိုင်းပြည်ရဲ့ ယဉ်ကျေးမှု ရိုးသား ဖြောင့်မတ်မှု။ ။ စည်းလုံး ဝေစည် သွေးချင်းညီ ဖြူစင် သန့်ရှင်း စင်ကြယ်သည်။ စွမ်းရည် ပြည့်ဝ ရှိစေသား အလံတော်၌ ထား။ ။ လွတ်လပ်ရေးကို ထိန်းသိမ်းရန် သစ္စာရှိဖို့ သတိပန်။ တို့ပြည်ထောင်စု တို့လူထု နိုင်ငံတော်ကို အလေးပြု။ ။ ပေါင်းစုညီစေ တို့အင်အား ရိုးသားကြိုးစား တို့လုပ်အား။ မှတ်သားသိဖွယ် ဂရုပြ...
- Get link
- X
- Other Apps
" ပလုပ်တုတ် " "သ မီး လေး ရယ် ၊ ကြိုက် တဲ့ အရုပ် လှုပ် လှုပ် လဲ့ လဲ့ ၊ အာ သာ ထုတ် သူ့ မှာ ပ လုပ် တုတ် ............ ခြေ တစ် ချောင်း လေး ၊ ရပ် ကာ လှုပ် ဘင် ဝိုင်း လေး ရယ် ၊ သူ့ အ လုပ် အဲ ဒါ ပ လုပ် တုတ် ............. လက် ကောက် ဝတ် လေး ၊ လှုပ် တဲ့ အရုပ် ရိုး ရိုး ဘယ် ညာ ၊ သံ သာ ထုတ် တုတ် တုတ် တက် တက် ၊ မည် တဲ့ အရုပ် အဲ ဒါ ပ လုပ် တုတ် ............. ဝ ဝ တုတ် တုတ် ၊ တ လှုပ် လှုပ် ရွှေ သွေး နု နယ် ၊ ပု သေး နုတ် သူ့ မှာ ငုတ် တုတ် တုတ် ............. ပ လုပ် တုတ် တုတ် ၊ ကြိုး မ ရှုပ် လှုပ် လီ လှုပ် လဲ့ ၊ တ တုတ် တုတ် အဲ ဒါ ပ လုပ် တုတ် ............. ကြိုး လေး သေး သွယ် ၊ ထု တဲ့ တုတ် အ သံ သာ သာ ၊ သူ့ အ လုပ် သူ့ မှာ ငုတ် တုတ် ၊ အ ဖြေ ထုတ် အဲ ဒါ ပ လုပ် တုတ် ............. မာ န မ ရှုပ် ၊ အ လုပ် လုပ် သူ့ ရဲ့ ပင် ကိုယ် ၊ ပြုံး လဲ့ သရုပ် သူ့ သ ဘော က လှုပ် တဲ့ တုတ် အဲ ဒါ ပ လုပ် တုတ် ............ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" ကျောင်းတက်မယ် " သွားတိုက်ရေချိုး သန့်ရှင်းစင် သနပ်ခါးလေး လူးပြီးလျှင်။ အုန်းဆီလိမ်းကာ ခေါင်းကိုဖြီး ခြေသည်းလက်သည်းလှီး။ ကျောင်းကိုသွားဖို့ လွယ်အိတ်ပြင် စာအုပ်ခဲတံ စုံစုံလင်။ ဦးထုပ်ဆောင်းကာ ဖိနပ်ကိုစီး ဖြူစိမ်းလေးဝတ်ပြီး။ ကျောင်းတက်ခေါင်းလောင်း ဒေါင်ဒင်ဒင် ကျောင်သူကျောင်းသား စုံညီပင်။ တန်းစီညီညာ ရပ်ကာစု နိုင်ငံတော်ကို အလေးပြု။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" ရေနည်းငါး " ရှေးသရောခါ ၊ ပြည်ဗာရာဝယ် ပြည်ရွာသေနင်း ၊ ပြည့်ရှင်မင်းမှာ အလျဉ်းမရှိ ၊ မင်းမြှောက်ဘိဟု နန်း၏အမတ်ချုပ် ၊ အကြံထုတ်၍ အုပ်ချုပ်နန်းလျာ ၊ ရူးနှမ်းစွာကို မင်းအရာ တင်မြှောက် ခဲ့လေသည်။ မင်းတို့ဖြတ်ထုံး ၊ လက်တစ်လုံးနှင့် ဝင်ဆုံးဖြတ်ကာ ၊ တီးတိုးစွာလျှင် မင်းမှာမိန့်မြွက် ၊ ဥပဒေသက်၏။ သူခိုးသူကန်း ၊ ငွေလက်ကမ်းပြီး လွတ်လမ်းမွှေနှောက် ၊ မင်းလျှင်နောက်က လွတ်မြောက်ကြစေ မိန့်မြွက်လေ၏။ မှန်စေမြတ်ပေါင်း ၊ သူတော်ကောင်းတို့ ပုပ်ယောင်းညစ်ပတ် ၊ အမြစ်ဖြတ်ဖို့ မြိုင်ရပ်နှင်စေ ၊ သားသတ်စေတည့်။ တစ်ထွေချဉ်းကပ် ၊ မင်းနားရပ်သော် လျဉ်းဖြတ်ပိုင်ပိုင် ၊ ချုပ်သံတိုင်နှင့် မနိုင်တိုက်ပိတ် ၊ ခြေလက်ထိပ်တည့်။ တစ်နေ့သောခါ ၊ ရူးသွမ်းရှာသည့် မင်းမှာမှားယွင်း ၊ မတ်ချုပ်မင်းကို ထောင်သွင်းတိုက်ပိတ် မိလေသည်။ မတ်ချုပ်မရှိ ၊ ဘာမသိနှင့် ဆိုး၏လွတ်ငြိမ်း ၊ သူတော်တိမ်းနှင့် ပွဲသိမ်းနီးကပ် ၊ ထိပ်တုံးခတ်ဟု ကောင်းဓာတ်ညှိုးအက် ၊ မုန်းဓာတ်သက်၍ စစ်ဖက်ရန်မီး ၊ လျှံလျှံငြီးလျက် ပြည်ကြီးပျက်စွာ ၊ ရှေးအခါဝယ် ဗာရာဏသီ ပြည်၌တည်း။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" အတုရှိတော့အမှုလာ " တုယှဉ်ပြိုင် သည်စနက်ကယ်ကြောင့် အမှုရင်ဆိုင် အဖြေခက်စရာပေါ့ စဉ်အဆက် ရတက်ပွေ ဘဝမှာလေ။ လောဘ ဒေါသ မောဟထွေ သောကဝေ အတ္တများ။ အေးငြိမ်းရာ တရားရိပ်မှာ မှေးမှိတ်လို့ နား။ ။ အတုကင်းမှ အမှုအခင်းမလာ ပြုခြင်းက သမုဖြာ လူ့တို့ပြည်ရွာ။ အပြစ်ပြောလည်း အပိုသာ အနေမှန်တာ သင့်အကြောင်း။ နောင်တချိန် တကယ်တိမ်းသူက သူ့ကိန်းနဲ့ သူ့သဒ္ဓါ အမှန်ဟာ ပေါ်လာမြဲပေမို့ သည်းခံလို့ပေါင်း။ ။ အမှုက တုတယ် အတုက အမှုဝယ် တုမှုဆက်သွယ်။ လူ့ဘဝ ခဏတာဝယ် လိမ်လည်တာ သူ့အကြောင်း။ နောင်ဝယ်မယ် ဒီလူတောင်းကို ပေါင်းသင့်မှပေါင်း။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
မျက်ဖြေ လင်္ကာ(အနန္တသူရိယ) သူတည်းတစ်ယောက်၊ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ၊ပျက်လင့်ကာသာ ဓမ္မတာတည်း။ ရွှေအိမ်နန်းနှင့်၊ကြနန်းလည်းခံ မတ်ပေါင်းရံလျက်၊ပျော်စံရိမ်ငြိမ် စည်းစိမ်မကွာ၊မင်းချမ်းသာကား သမုဒ္ဒရာ၊ရေမျက်နှာထက် ခဏတက်သည့်၊ရေပွက်ပမာ တစ်သက်လျာတည်း။ ကြင်နာသနား၊ငါ့အားမသတ် ယခုလွှတ်လည်း၊မလွတ်ကြမ္မာ လူတကာတို့၊ခန္ဓာခိုင်ကြည် အတည်မမြဲ၊ဖောက်လွဲတတ်သည် မချွတ်စသာ၊သတ္တဝါတည်း။ ရှိခိုးကော်ရော်၊ပူဇော်အကျွန် ပန်ခဲ့တုံ၏၊ခိုက်ကြုံဝိပါတ် သံသာစက်၌၊ကြိုက်လတ်တုံမူ တုံ့မယူလို၊ကြည်ညိုစိတ်သန် အခင်မွန်ကို၊ချန်ဘိစင်စစ် အပြစ်မဲ့ရေး၊ခွင့်လျှင်ပေး၏ သွေးသည်အနိစ္စာ၊ငါ့ခန္ဓာတည်း။ (အနန္တသူရိယ) အနန္တသူရိယ
- Get link
- X
- Other Apps
" ကျနော့်ကဗျာ " ရသခုံမင် ၊ သုတယှဉ်၍ ဖတ်ချင်ဓမ္မ ၊ မကျန်ရအောင် စစတွေးတော မိပါသည်။ အဆုံးအမ ၊ ရွာအလှနှင့် ချိုမြသံချို ၊ လင်္ကာတိုဖြင့် ခွန်းချိုကဗျာ သမိသည်။ အနှောင့်အသွား ၊ စာစကားဖြင့် အများသူငါ ၊ မပြောပါဘူး သာယာချိုနှော ပြောခဲ့သည်။ ရှေ့သို့လည်းသင် ၊ ပညာရှင်ထံ သင်အံမှတ်သား ၊ စာဝါပွားလျက် ကြိုးစားမှတ်သိ ရှိပါသည်။ လူငယ်နောင်သွေး ၊ ပညာပေး၍ ဆွေးနွေးသုတ ၊ နည်းလမ်းပြဆို ဝေငှအတွေး ပေးပါသည်။ အကောင်းအဆိုး ၊ ထိုနှစ်မျိုးတွင် ကောင်းကျိုးစေငြား ၊ ထိုနှစ်ပါးတွင် ဆိုးသွားသည်လည်း ရှိခဲ့သည်။ တစ်နေ့တစ်ည ၊ တစ်ဘဝတွင် လှပစိတ်ဝမ်း ၊ လွန်အေးချမ်းသည့် ပြုံးပန်းဝေဆာ ရှိပါမည်။ သာယာကြည်အေး ပန်းတိုင်းမွှေးသို့ ရွှင်အေးစေကြောင်း တောင်းဆုရည်။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
” လက်ကြောတင်းသောမိန်းမ ” ရှေးမြန်မာ မိန်းမများ ထင်ရှားတဲ့ သုံးနှုန်းပါ။ ငရုတ်သီး အစိပျက် ကြေညက်အောင် ထောင်းတာ။ အဲ့ဒါမှ မိန်းမပီစွာ အိမ်မှုရာ လက်ကြောတင်း။ စံတိုင်းတာ ပမာပြတယ် မိန်းမ ရည်ခြင်း။ ။ ငရုတ်ဟာ ထမင်းမြိန်လွေး ဟင်းခတ်မွှေး သုံးတည့်စွာ။ ကျန်းမာသည့် ကျိုးသင့်ကြောင်း သောင်းပြောင်းထွေလာ။ ငရုတ်စိ ဝမ်းတွင်းမှာ ပုတ်တတ်ရာ အူအတက်။ ငရုတ်ဆုံ ထည့်ကာထောင်းမှ ကောင်းကောင်း ကြေညက်။ ။ ” သစ်ရိပ်ညို ”
- Get link
- X
- Other Apps
" နောင်အရေး ရင်လေးသည် " မပူပန် တစ်ယူသန် စိတ်ကယ်နဲ့ မူ မမှန် သူ အကြံ နှိပ်ချေပေါ့ တိတ်ရတဲ့ မြန်ပြည်။ ငွေသပြာ ဖွေရှာရာ ခက်သနဲ့ မေကလျာ ရွှေမာယာ စနက်တွေ ကြောင့် အခွန် တွက် ပူသည်။ ဘယ်အရေး ကမှဖြင့် ဖြေတွေးလို့ မရနိုင်ပြီ မအေးပူ ရင်မှာ အခါခါ ဆူသမို့။ နေ မယွန်းခင် စေညွှန်းရှင် ဖန်တစ်ရာ စီမံဖျက်သနှင့် ပြည် သံသရာ ညီလာခံမှာ အဆင် အချိုးဟာဖြင့် ဤ မှန်ရာ အထင် တစ်မျိုး လွဲရ အောင် ကျွဲ ဖြစ်တယ် လို့။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" နောင်အရေး ရင်လေးသည် " မပူပန် တစ်ယူသန် စိတ်ကယ်နဲ့ မူ မမှန် သူ အကြံ နှိပ်ချေပေါ့ တိတ်ရတဲ့ မြန်ပြည်။ ငွေသပြာ ဖွေရှာရာ ခက်သနဲ့ မေကလျာ ရွှေမာယာ စနက်တွေ ကြောင့် အခွန် တွက် ပူသည်။ ဘယ်အရေး ကမှဖြင့် ဖြေတွေးလို့ မရနိုင်ပြီ မအေးပူ ရင်မှာ အခါခါ ဆူသမို့။ နေ မယွန်းခင် စေညွှန်းရှင် ဖန်တစ်ရာ စီမံဖျက်သနှင့် ပြည် သံသရာ ညီလာခံမှာ အဆင် အချိုးဟာဖြင့် ဤ မှန်ရာ အထင် တစ်မျိုး လွဲရ အောင် ကျွဲ ဖြစ်တယ် လို့။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" ဒီစာတွေ့ရင် ပြန်လာပါ " ကျောင်းပျော်ငယ်ရင်း ၊ သူငယ်ချင်းရေ လယ်ကွင်းထဲမှာ ၊ ငါမြင်တာဖြင့် သာယာရှုမော ၊ တို့ယာတောက ကျယ်ပြောလွင်ပြင် ၊ စိမ်းမြရွှင်လျက် သစ်လွင်စွင့်လန်း လာပြီလေ။ သည်နံနက်ခင်း ၊ ရှင်နေမင်းက နေ့ခင်းရက်သာ ၊ မင်္ဂလာဟု ရောင်ဖြာထွန်းလင်း ၊ ရွှေရည်ဝင်းလို့ ဖြန့်ဆင်းနိုးထ ၊ ဆင်းဟန်ကြွတာ ဝေးကလှမ်းမြင် ရတယ်လေ။ သံသာတွန်ကျူး ၊ ကျေးငှက်မြူးတဲ့ ကွင်းဦးလယ်ယာ ၊ တလွှားမှာလည်း ပျံကာဝေ့ဝဲ ၊ တေးဆိုဆဲပေါ့ ပေါက်လဲမို့ပွင့် ၊ ဝေဟင်လွင့်သို့ မိုးမြင့်တိမ်ယံ ထဲကိုလေ။ လယ်ကန်သင်းကြား ၊ ပုဇွန် ငါးအပြင် စားဖား ကြွက်တွင်း ၊ ငါးရှည့်တွင်းတွေ ရှာရင်းဖွေရင်း ၊ ပျော်ခဲ့ရင်းက မင်းတို့နဲ့ ငါ ၊ တစ်မြို့တစ်ရွာစီ ခွဲခွာ ခဲ့တာ ကြာပြီလေ။ ငယ်စဉ်တောင်ကျေး ၊ တို့ရွာလေးကို ပြန်တွေးကြည့်ပါ သူငယ်ချင်း။ ဟိုနှောင်းအတိတ် ၊ ငါ့ရဲ့စိတ်မှာ စီးဖိတ်ယိုဆင်း ၊ တို့ရောင်းရင်းတို့ ချစ်ခြင်းမုန်းခြင်း ၊ ကွဲကွာခြင်းတွက် တွေးရင်းသတိရ မိတယ်လေ။ မင်းတို့တစ်တွေ ၊ ဘယ်ရောက်နေလဲ မာစေသာကြောင်း ၊ ငါဆုတောင်းရင်း ရွာဟောင်းရင်ပြင် ၊ ယာတောခွင်မှာ ငယ်ပင်ငယ်သွေး ၊ လေပြေအေးတို့ တစ်ရေးနိုးထ ၊ ကြည်စယ်လှပေါ့ ...
- Get link
- X
- Other Apps
" ပိတ်မိနေပြီ " ခဏလေးပေမယ့် ဘဝအရေး က ခက်လှတယ် စားဝတ်နေ မလွယ်။ စည်းကမ်းဘောင် ကျဉ်းကျဉ်းမယ် ဝဲပျံနယ် ရှိဘူး။ ဘောင်၌ပျံ လှောင်ချိုင့်စံ ငှက်ငယ်ဘဝတို့ ခပ်နန ရူး။ ။ " တနင့်တပိုး " အခွန်တွေ တုပ်ပါလို့ လှုပ်သည်နှင့် ကြိုးချည် ဒုက္ခ ဗျာသီ။ ချုပ်ညနာရီ မအီသာ လိမ့်လူး။ တိရစ္ဆာန် ရုံ ဗိမာန်ဘုံ ရဂုံတောဝယ် မောမေ့မေ့ မူး။ ။ " ဘဝမေ့သူ " ကိုယ်လိုလူ အာဏာရ ဘဝကို ပြောင်းပြန်မြင် လူ့ဘဝ ဘုံခွင်။ စက်ရုပ်သွင် ထင်မြင်သည့် လူသား။ သနားမညှာတာ ခါးတမာ သကာဖုံးနှယ် သုံးချ ပုံများ။ ။ " ကျွန် " အခွန်ပေါ် အခွန်ဆင့် အခွန်မြင့် တို့တိုင်းပြည် တိုးကောက် လိမ့်မည်။ စိုးကြောက်ဖွယ့် ဗာရာဏသီပြည် ဖြေမဆည် နိုင်အား။ ရာဇမာန် အနိမ့်စံ လှိမ့်ခံဦးကွယ် ရုန်းထ ခက်သား။ ။ " ကျီးလန့်စာစား " ဖမ်းမယ်တဲ့ဆီးမယ်။ တစ်ပိုင်နိုင် ဈေးသူသား လမ်းကြား ထိကွယ်။ စက်ဘီးနဲ့ ဘက်ထရီရယ် လိုင်စင်ငယ် ချမပေး။ ပါးစပ် သေနတ် သာဖြင့် ခပ်ပြတ်ပြတ် အပိုင်သိမ်း လို့ ဂိမ်း ဆော့ ရော့လေး။ ။ " တောကစားထွက်ခြင်း " ဖြစ်ချင်တာဖြစ်စေတော...
- Get link
- X
- Other Apps
"အမေများနေ့ " အမေရွယ်အို အလှပြိုလည်း အမေ့အပြုံး ရှုမဆုံးခဲ့။ အမေ့စကား ဝမ်းလွယ်ထားဆဲ သန္ဓေခဲစဉ် နားချိုဝင်ခဲ့။ အမေဆိုတေး နို့ချိုကြွေးတိုက် အိုအေးအေးအို ချော့မြှူဆိုပုံ အရွယ်မခြား ကြင်နာအားဖက် သားသ္မီးတွက်ဆို အသက်ပါပုံ ကုန်လုံပြည့်ဝှမ်း အမေ့ဝမ်းတွင် စိတ်ကြည်လင်ဖို့ ရယ်ရွှင်စို့စို့ အမေ့နို့ဖိုး ကြေစေချင်။ သစ်ရိပ်ညို
- Get link
- X
- Other Apps
" စိစစ်လက်ခံ ကောင်းရာကံ " ဤသူတော်ကောင်း ၊ ဘယ်လောက်ကောင်းစေ မကောင်းအပြစ် ၊ ရှာဖွေစစ်က အညစ်အနွမ်း တွေ့လိမ့်မည်။ ဤသည်လူဆိုး ၊ ဘယ်လိုဆိုးစေ အကျိုးမေတ္တာ ၊ ကောင်းကွက်ရှာက ကောင်းရာကံကျိုး တွေ့လိမ့်မည်။ ဘယ်သူဘယ်ဝါ ၊ ဘယ်အရာမဆို ဘယ်ဟာပုဂ္ဂိုလ် ၊ မှားမှန်ကိုဖြင့် သာပိုဓမ္မ ၊ အဓမ္မဖြင့် နှိုင်းဆပိုင်းခြား ၊ တိုင်းတာငြားမှ ခွဲခြားသိမြင် ရှိလိမ့်မည်။ သူ့လူငါ့လူ ၊ အတ္တကူ၍ မတူစိတ်ထား ၊ ယူဆခြားကာ ကွဲပြားဆန့်ကျင် ၊ ပြစ်မမြင်ဘဲ ဆင်ခြင်ဓမ္မ ၊ အဓမ္မဖြင့် ထောက်ပြသင့်ပေ ၊ လက်ခံလေမှ များထွေကျိုးဖြာ ၊ အောင်မြင်ရာ၏။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" မိဘမေတ္တာ " ပျားအုံတွင်းအောင်း ၊ ပျားသားလောင်းတွက် ပျားပေါင်းရှာပေး ၊ ပျားရည်ကြွေး၏။ အစာရှာပေး ၊ သားငယ်လေးတွက် ခွံ့ကြွေးငှက်မ ၊ ဪမိဘတည့်။ အရွယ်ငယ်သွေး ၊ ခွေးပေါက်လေးကို အံကြွေးချစ်ခင် ၊ ခွေးမိခင်တည့်။ ပုရွက်ဆိတ်များ ၊ ဥ၍ထားသည့် ဥအားစောင့်လျှောက် ၊ အံ့ဩလောက်၏။ သိဥာဏ်ပြည့်ဝ ၊ လူမိဘလျှင် သားလှသမီး ၊ ရှုမငြီးစွာ ငယ်ကြီးမဟူ ၊ ချစ်ရည်တူ၏။ ရင်မှသွေးသား ၊ မေတ္တာထား၍ ဆပွားမေတ္တာ ၊ ပေးဝေကာဖြင့် မေတ္တာနှလုံး ၊ ကိုယ်စီသုံးရင်း နှလုံးမြတ်လှ ၊ ဪ.. မိဘတည့်။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" နဝေတိန်တောင် " ရာဇသံသင့် အမျက်မာန် လွှင့်ရှာတယ် အိုဘယ့်ချစ်သူရယ်။ ထားကညာ တစ်ပါးကွယ် သနားဖယ် အမျက်ပွား။ အလိုလိုက် အကြိုက်ဆောင်သူအရှုံးမို့ မုန်းရက်တာလား။ ။ အပြင်မှာ မငိုပေမယ့် ရင်မှာလေ ငိုနေတယ်။ အပြင်မှာ မျက်ရည်မကျပေမယ့် ရင်ထဲက အသည်းကျေမွနေတယ်။ ဘာ့ကြောင့်ကွယ် ချစ်သူရယ် ငြင်းတယ်ရယ်လို့ များ။ ဘယ်အခြေ ဘယ်အရေးကြောင့် တွေးဆခက်သား။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
"အတ္တမဲ့ချစ်ခြင်း" မောလိုက်တာသားရယ် အမေမနားပါဘူး သားလေးဆီရောက်ဖို့ဘဲ အမေမျှော်လင့်တယ် ခု တရားစခန်းက အမေ ထွက်လာခဲ့တာကွဲ့ သားသတင်းကြားကြားခြင်းအပြေးလေးလာပေါ့ မိုက်လိုက်တာသားရယ် စဉ်းစားလေ လူမိုက်ကို ဖက်ပြိုင်တော့ သားအနိုင်ရရဲ့လား ခုတော့သားရှိတဲ့အရပ်ဆီ အမေလာနေပြီလေ တရားမမှတ်နိုင်တော့ပါဘူး သားရယ် သားကိုချစ်လွန်းလို့ စိုရိမ်လွန်ကဲ အမေ့ရင်တွေ ပူလောင်ဆူပွက်နေပါပြီ နေအပူ မြေပူလဲ အမေဂရုမစိုက်အား လေပူ လေအေးမှန်းလည်း မခံစားမိပါကွယ် ချွေးစို့စို့ထွက်တဲ့ အမေ့နဖူးဆံစကို ခေါင်းပေါင်းတံဘက်စ ဖြုတ်သုတ်ရင်း ဆယ်နွေကဲတဲ့အပူမီး အမေ့ရင်မှာပိုက်ထားတယ် အမေ့အချစ် အမေ့မေတ္တာက သားအတွက် သောကနဲ့ လိမ်းကျံ ပြီး အချုပ်ထောင်ဝ ရောက်လာပြီ သားငယ်လေး မေမေချစ်တဲ့သား အမေ့သား ဖျားနာ နေမလား စွန်းပဲ့သွားမလား သားမျက်နှာလေး မြင်လိုလှပါပြီ အမေ ဘာမှ စွမ်းဆောင် မပေးနိုင်ပေမယ့် သားလေးနေကောင်းထိုင်သာမြင်ရဖို့ လာတာပါ "အမေ"လို့ သားခေါ်သံလေး ရင်နင့်နင့် အမေ့နား ကြားလိုလှပါပေါ့ သားငယ် သားလေး ကျန်းမာပါစေဘုရား။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" တစ်ကိုယ်စာအတွေး " ဥာဏ်လှပေမယ့် ကံက မလျှော်စွာ။ စိတ်ရောင်စဉ် ကွယ်ပုန်းလို့ ဖုံး လျက်လေးသာ။ အမိန့်တွေ လိုက်နာ နေတတ်လာ ကြုံ့လျှိုး။ ကြွရဲပါဘူးလေ ရလေမယ့် ပင်စင်လေးတွက် တွေး ကြောင့်ကြ စိုး။ ။ " သစ်ရိပ်ညို " " လှည့်ကွက် " ရေကြောမြေ အခြေဖြတ် ခြောက်တတ် သူရေ။ နင်လည်းလေ လောကီသား စောင့်စား ကြည့်နေ။ အလှည့်ကျ နွဲ့ နဲ့လေ အမှည့်ချွေ ကြွေမြဲ။ ပလီ ဆင် နင် တီထွင် နင်လျှောက်လှမ်းတာ လမ်းမှ ဟုတ်ဘဲ။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" စည်းကျော်စော်ကားသူ " မာယာကသိုင်း မိန်းမရိုင်းရေ ထင်တိုင်းကြဲလာ တို့ဘာသာမှာ ဝင်ကာနှောင့်ယှက် ရိုးရာဖျက်လို့ နင့်တွက်မယဉ် ရိုင်းလှတယ်။ သာသနာ့မြေ စုန်းကဝေနဲ့ တစ္ဆေဘီလူး ဝင်လို့မြူးရင် ညစ်ညူးဖယ်ခွာ ကမ္မဝါနဲ့ နေရာသန့်ရှင်း လုပ်ရတယ်။ ခြေကျော်ကျူးပြ ဒီမိန်းမကြောင့် ဒုက္ခသာတိုး လွန်ရုပ်ဆိုးသည် တန်ခိုးကြီးမား မြတ်ဘုရားမှာ နင်ကားစည်းကျော် ကျူးလှတယ်။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
"နွေနေ့ ကုသိုလ်" နွေကန္တာတွင် ပင်အိုငုတ်တို သစ်ပုတ်အို။ နွေလယ်လများ ရေရှားပါးနေ လှူစို့လေ။ နွေတည်းခေါင်ခေါင် ပွက်လောင်ဆူမြိုက် ပူအိုက်အိုက်။ နွေလမိုးကြဲ လွန်ကြိုးဆွဲပွဲ ဆင်ယင်နွှဲ။ နွေနေနေ့ခင်း လေပူပြင်းပြင်း အိုက်စပ်ဖျင်း။ နွေဂိမ္မန်တ ပြောင်းကြွရောက်လျှင် တေးဆိုချင်။ နွေရှည်လညောင်း ကိန်းအောင်းမြူးတုံ ပေါင်းကူးဆုန်။ အားကြိုးမာန်တက် နွေနေ့ရက်တို့ ချိတ်ဆက်စာနာ စေတနာ ဖြင့် မေတ္တာ ရေစမ်း ဘယ်မခန်းဟု ဆောင်နန်းကြွဘိ ပရဟိတ ရှိကြထွေထွေ နွေပြည် တိုင်းနွေ ဝေချင်တိုင်းဝေ အဆွေခင်ပွန်း သဒ္ဓါသွန်း၍ ပြည်ဝန်းစိတ်တူ မြတ်အလှူဖြင့် ရေလှူကြစို့ အမျိုးတို့။ ။ "သစ်ရိပ်ညို"
- Get link
- X
- Other Apps
"အမေ မှ အမေ" အပြောချိုချို အမေအိုလည်း ပြောဆိုဆုံးမ မြေဝယ်မကျ သားလှရှိပါ့ ပါပေါ့ အမေ။ အရေတွန့်မွဲ ပါးရေတွဲနှင့် အားခဲစိတ်မွေး သားရှေ့ရေးတွက် မအေး ကြောင့်ကျ ရှိပေါ့အမေ။ သားရဲ့အပူ မျှဝေယူဖို့ အမေ့ မူ မနား စိတ်မချအားပဲ သားဇောချစ်စိတ် ပြင်းပေါ့အမေ။ အမေအမေ.. သားရုပ်ခန္ဓာ ကြီးမားလာလဲ ငယ်တာပဲလေ့ မနောခွေ့လျက် အမေ့မျက်ဝန်း ရွှန်းပေါ့အမေ။ နှိုင်းတုမဲ့စရာ မေတ္တာ ရည်စ အမေမှတပါး သားတွက်မှာဖြင့် ကမ္ဘာ ကုန်ရှာလည်း မတွေ့တော့ပြီ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
” သင်ရောပေးဆပ်ပြီးပြီလား ” နိုးကြားပါ မြန်မာ ကြိုးစား ကြပါ။ အလုပ်ကိုင် အခွင့်လမ်း တမ်းတ လို့ရှာ။ ဘွဲ့ရတာ ကြာပါ ပေါ့လေး။ စပယ်ယာ ဆိုက်ကားနဲ့ပဲ ရေခဲရေ ရေခဲချောင်း ရောင်းဖို့ အားမွေး။ ။ တိုင်းပြည်တွက် တစ်တပ်တအား ဘယ်နားက လုပ်ရမလေ။ တို့အမေ ကူညီတောင်း ဈေးရောင်း ပျက်ပါစေ။ ဗိုက်ဟောင်းလောင်း နဲ့ပေ ကြိုးစားနေ ချင်လျက်။ သို့ပေမယ့်လေ နေရာယူ အသာစီးသာ ကြီးပွား တိုးတက်။ ။ ” သစ်ရိပ်ညို ”
- Get link
- X
- Other Apps
"ခက်တော့ခက်သားလား" သူတို့ကိစ္စ ကိုယ့်ကိစ္စလုပ် ကိစ္စများမြောင် လူတို့ဘောင်ဝယ် ခမ်းဆောင်မင်္ဂလာ အဖြာဖြာနှင့် လှူပါတမ်းပါ ကူညီပါဟု သူငါစုရုံး မေတ္တာထုံးနှောင်။ သဲသောင်ကမ်းနား လူအများတို့ ပြေးလွှားရောက်နေ ရေနစ်လေသူ ဆယ်စေကူရာ လူစုလာ၏။ ညှာတာထောက်ထား လွန်သနားဖွယ် ခွန်အားငယ်သည့် လူငယ့်မိဘ မရှိကြလျှင် ပံ့ပိုးချင်၏။ ရေတွင်ပြတ်ငတ် ခြောက်သွေ့ရပ်တွင် မပြတ်လှူချင် ဒါနရှင်များ စိတ်ကြင်မွန်မြတ် စာနာတတ်၏။ စာတတ်လူရှင် ပညာသင်ရာ ကျောင်းတွင်လိုအပ် အရပ်ရပ်သော ကျေနပ်ဖွယ်ရာ လှူဒါန်းစွာ၏။ မြို့ရွာရပ်ကွက် လမ်းသွားခက်သည့် လှမ်းဆက်ဖို့လမ်း လူ့စခန်းမှ လမ်းပမ်းသွယ်ကာ ဖောက်ကြရှာ၏။ ဘာသာတရား လက်ကိုင်ထားကာ ဆပွားမေတ္တာ မြတ်သဒ္ဒါနှင့် တည်ကာဘုရား စေတီများတည့်။ မွေးဖွားလာမှ မမြင်ရသည့် မရပြောကြား နားမကြားလည်း လူကြားထဲမှာ နိမ့်ကျရှာ၏။ ဖွေရှာအံ့ဩ လူတို့လောက အတောမသတ် အရပ်ရပ်တွင် လွတ်လပ်ပါဝင် စုဖွဲ့ထွင်သည့် ဆင်ခြင်သိလှ ပရဟိတဆောင် ဤလူ့ဘောင်ဝယ် တည်ထောင်ကာထား ပါဝင်အားက များပြားလှစွာ ချစ်စရာနှလုံး အစဉ်ပြုံးလို့ စုရုံးနှောင်ချည် ဝိုင်းဖွဲ့သီကြ အများကိစ္စ ကိုယ့်ကိစ္စလုပ် ဒုက္ခများလှ လူ့ဘဝတွက...
- Get link
- X
- Other Apps
" ချစ် မှာတမ်း " မြကျွန်းညို ကွန်းခိုကွဲ့ စံနန်း။ ပန်းဝတ်ရည် နေချည်ဦးမှာ မြူးရွှင်လို့လန်း။ လှရွှန်းစို ညွှန်းဆိုတဲ့ လဝန်း။ ညရိပ်ချယ် မျှော်ရည်သွေးတယ် ဆွေးကူလို့ယွန်း။ ချစ်လွန်းပို ခွန်းဆိုခဲ့ မှာတမ်း။ ဆင်မြန်း ချွေချင်က ရွှေရင်ပို လှိုက်ဖိုကျွမ်းရအောင် ခန်းစက်ရာ ဆောင်တော်နန်းမှာ မောင်လှမ်းပြိုင် ရွှေဂဟေ နွှဲလို့ရယ် စွဲစိတ်ဖိုလွှမ်း။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
” ဆွဲပြီ ” အို....ဘယ့်အတွက် တက္ကစီ သမား။ ပြည်သူ့ ခွန် တံဆိပ်ခေါင်း ပေါင်း နှုတ် မြှောက် စား။ ။ ” သစ်ရိပ်ညို ” ” ဒူပေဒါဏ်ပေ ” သူ့တာနဲ့ သူပေမို့ သူတို့လဲ ခံရ။ သို့ပေသည့် ဝါးလုံးဟူ စားသုံးသူ အကုန်းလုံး သိမ်းကြုံး ခံကြ။ ။ ” သစ်ရိပ်ညို ” ” ကျောမွဲလို့ပါ ” ဆင်းရဲသူ လူတန်းစား နင်းပြား ပဲလေ။ ခေါင်းပေါ်မှာ ကျော်တင်နင်း ဥာဏ်ရင်း န ပေ။ ခေါင်းထောင်လို့ နေနဲ့လေ တောင့်ခံနေ သယ်ချင်း။ အပေါ်လွှာ ဘယ်သူရောက်ရောက် အောက်သို့ သာနင်း။ ။ ” သစ်ရိပ်ညို ”
- Get link
- X
- Other Apps
"အတ္တကင်း ချစ်ခြင်းဆီသို့" စိတ်ထားကြင်နာ မေတ္တာ ပျို အိုသည်မရှိ ပိုလေ သိ သတိခက်ဝေ ခိုင်စေ သနား။ ဆပွားလို့ ပြောရ အလောဘ စိတ်ပွား။ ဘဝခြား ဘက်မညီဘောင်ဝယ် သားကောင်ငယ် မုဆိုး။ ထပ်တမျိုးသာ မုဆိုးဟာ သားကောင်အလိုက် ကြိုက်ဆောင် တဲ့မေတ္တာ ချစ်စရာ တမူထူး လွမ်းဖွယ့်မူးမူး။ သူထူးငယ်စံ မာန်စွယ်ရန် မနှင်း ဥာဏ်ခွင်း ဆင်ခြင်နိုင်မှ ခွေယိုင်ခွာ အတ္တကင်းမယ် သင်းတဲ့စိတ်ကူး။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
” ကာရန် ကဗျာတေး ” မြန်မာ့မူ မြန်မာ့စကား မြန်မာများ ချစ်လျှင် သံစာသား ခေတ်အမြင်ဝယ် စနစ်ယှဉ် ပန်ကြား။ နဘေကို စိန်စီသုံးပါလို့ စာသီကုံး ရေးဖွဲ့ သင့်သား။ ကာရန်ညီ သံသာကျွန်းရယ်က စီမံသွန်း ဝင့်ကြွား။ ထံတျာညွှန်း ဆိုစကားဖြင့် ထက်ဖျား ဝတိံသာ။ မြန်မာ့မူ မြန်မာ့သွေးတွေမို့ လက်ရေးငယ့် သဝဏ်တော်လွှာ။ နတ်ပန်းညွန့် ခိုင်ရွှေဝါ ကြိုင်လှိုင်စွာ မွှေးကြူနမ်း တေးမူနန်း မင်းမဟော် ဆင်းကြွ ဂုဏ်ကျော်။ ကာရန်ချိုး ရွှင်ပျော်ပျော်ကွယ် ညီနောင်ဖော် တေးစပ်စို့လေး။ ။ ” သစ်ရိပ်ညို ”
- Get link
- X
- Other Apps
" လောကပါလ " အသိ ကင်းရင်ဖြင့် အဆင်း မဲ့ပါတယ်။ ကိုယ့်အခြေ ကိုယ့်အသိ ရှိကြ ပါကွယ်။ သတိနဲ့ ဆင်ခြင်ဖွယ် အမြင်ကျယ် ပါစေသား။ ပသာဒ မပါတဲ့ သဘာဝ ယှဉ် လောကဓာတ် နယ် ထိန်းတတ် ပြီလား။ ။ ကျင့်ဝတ်ဂုဏ် ဘယ်မတိမ်းဖို့ စောင့်ထိန်း လို့ ထားကွယ်။ ညစ်ဆိုးကျယ် ဖယ်အညှောင့် စောင့်လေ မျိုးနွယ်။ ကျော်မကျူး ကြနဲ့ကွယ် ကိုယ့်နယ်ပယ် ကိုယ့်အသိ။ သမာကိန်း ပါဗျ စောင့်ထိန်း တစ်မယ် ခင်ရဲ့ အရွယ်တွင် ဥာဏ်မသိုးအောင် နိုးကြား သတိ။ ။ ကျွေးမွေး မပျက် ဆောင်ရွက် စီမံ မွေခံ ထိုက်စေ ၊ လှူမျှဝေ ၍ စောင့်လေ မျိုးနွယ် ၊ အသွယ်သွယ် လျှင် နယ်ပယ် အနှံ့ ၊ စိတ်သန့်သန့် နှင့် ဖြန့်ကျက် ဂုဏ်ရည် ၊ မျိုးဂုဏ် တည်၍ ညီမျှစေသား ၊ သမီး သား တို့ မှောက်မှား မရှိ ၊ မြဲသတိ နှင့် အသိ ရှိစွာ ၊ နေတတ်ပါ ဟု မင်္ဂလာ ဆုတောင်း ၊ ခွန်းချွေ လောင်းသည် ကောင်းခြင်း မင်္ဂလာ ပြည့်ဝစေ။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" ပညာသတ္တိ " အတွေးမျှော်ကိုး ၊ ရလိမ့်နိုးနှင့် တစိုးတစိ ၊ မှောင်သတိကြောင့် ပိုးထိ အဆိပ် ၊ သင့်ငယ်ထိပ်သို့ နှိပ်စက် ဆူဝေ ၊ ပြန့်နှံ့ပေလိမ့်။ မျှဝေ ပိုင်းခြား ၊ သတိထား၍ သစ်ကျားကင်းမြွေ ၊ ရှောင်တတ်လေမှ ထွေထွေအကျိုး ၊ ဥာဏ်စပျိုးလျက် တန်ဖိုး ရှိစွာ ၊ ပိုင်ဆိုင်ပါလိမ့်။ ရှိတာမခက် ၊ သိတာ ခက်မို့ ဥာဏ်စက် ချွန်းနှယ် ၊ ထိုးထွင်းလွယ်စွာ မြင်ကြွယ် လျပ်ပါး ၊ လိမ္မာငြားမူ လွဲမှား အမှု ၊ တိမ်းရှောင်ပြုလိမ့်။ ကံဆု ပြည့်ဝ ၊ ကျိုးလှ ကွန်းခို ပင်အိုသစ်ခေါင်း ၊ တွင်းအောင်းရတနာ ပညာ မျက်စိ ၊ မြဲသတိနှင့် ဆုံးထိ မလွန် ၊ တတ်သိပွန်မူ မကျွံ မိုက်ဆိုး ၊ ရှောင်နိုင်မျိုးမို့ တန်ဖိုး အနဂ္ဂ ၊ ပိုင်ဆိုင် ရပြီး ဘဝ မျက်မြင် ၊ လူ့တန်းဝင် မည် လူရှင် ပညာ ရှိသောကြောင့်။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
” ဘဝတက်လမ်း ” မေမေ သားလေ ၊ မြို့မှာ နေလို့ စာပေ တတ်ကြီး ဖြစ်ချင်တယ်။ သား အထင်ကြီး ၊ ပညာ ဆည်းဖို့ မြို့ကြီး မှာမှ ၊ စာတတ် ရဟု တွေးဆ ထင်ယောင် မမှားနှင့်။ မြို့ပြ အဆောင် ၊ ရွာ့ဂုဏ် ရောင်နှင့် မွဲပြောင် ခမ်းနား ၊ ကွဲသော် ငြားလည်း မြို့ကား ရှုပ်ပွေ ၊ ပျက်စီး စေမည့် ဌာနေ ရပ်ဝန်း များလှတယ်။ တောနေ ငုတ်စွန်း ၊ ပညာ ချွန်းက ကျယ်ဝန်း မရှိ ၊ ကျဉ်းမြောင်း ဘိမို့ တတ်သိ တေလေ ၊ မဖြစ် လေအောင် ကြီးထွေ ထပ်ထပ် ၊ ပညာတတ် တို့ သတ်မှတ် ရပ်မှာ သင်ချင်တယ်။ ဤသို့ ပြောင်းလာ ၊ အဆောင် ရှာ၍ ကျောင်းစာ ကိုသင် ၊ သားဖြစ် အင်မှာ ဂုဏ်အင် ခွဲခြား ၊ ပေါင်းသင်း ကြားနှင့်။ အစား အသောက် ၊ ချို့ခြံ ထောက်လျက် မလောက် မင ၊ သား ဒုက္ခ မှာ နိမ့်ကျ ပညာ ၊ အားငယ် စွာနှင့်။ သေချာ ကြိုးစား ၊ ဘဝ အားလျှင် ငုံ့ထား မမော် ၊ ကျောင်းမှာ ပျော်ရင်း ခြေချော် တိမ်းစောင်း ၊ မရှိ ကောင်းအောင် နောက်ကြောင်း မစေ ၊ ကြိုးစား နေသည် မေမေ စိတ်ချမ်း သာပါစေ။ ။ ” သစ်ရိပ်ညို ”
- Get link
- X
- Other Apps
" သတိနှင့်နေ " တစ်ဝမ်းတစ်ခါး ဝန်နှင့်အား အစား မျှပါစေ။ အချိန်ရှိငြား ကျောတစ်ပြား တအား အိပ်နဲ့လေ။ ဧည့်နေရပ်ခြား ခရီးအား သွားတိုင်း မသင့်ပေ။ ချင့်ချိန်ပိုင်းခြား ဆိုစကား ပြောကြား ထိန်းတတ်စေ။ မာယာလှည့်စား ထံအပါး ကြားတိုင်း ယုံနဲ့လေ။ လျှို့ဝှက်ချက်အား သိုဝှက်ထား အားလုံး ပြောနဲ့လေ။ ။ " သစ်ရိပ်ညို " ( သုတရတနာဆုံးမစာမှ မှီငြမ်းရေးဖွဲ့သည် )
- Get link
- X
- Other Apps
" တို့ရွာမှာ စုန်းပြူးတယ် " ထဘီခြုံ ငှက်ဠင်းတ စုန်းမတို့ ကျင့်ကြံ။ စုန်းကဝေ အတတ်ကျူး စုန်းပြူး သည့်ဟန်။ ရိုးရာလိုက် တိုက်သည့်ရန် ရပ်ကျေးခံ နတ်ပူး။ သာသနာ ကျော်ကာလွှားတယ် အပါး ဝ မြူး။ ။ ဤဟာကို လူတစ်သိုက် သူ့အကြိုက် လိုက်စေ။ အောက်ကနေ မျက်နှာပေးနဲ့ မေးပင့် လျက်နေ။ အနိဋ္ဌာ အားကြီးအောင်လေ အပါးစေ လက်ဝေစား။ ရပ်ရွာနေ လူတင်းကြမ်းရယ် ဆန်း လှ ပါလား။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" ပြောင်းလဲတတ်သော " စီးပွား တွင် တိုးတက်က ဝင်းလက် ပ လှ မျက်နှာ။ ကြီးပွား မမြင် ကျိုးပျက်က ညှိုးလျက် ကျရှာ။ ကျိုးကြောင်းဆက် ရုပ်ခန္ဓာ ဖြစ်ပေါ်လာ အဆင်သွေး။ စိတ်တည်ရာ ခန္ဓာလိုက်တယ် နှစ်ချိုက် ကွဲ့လေး။ ။ ဆင်းရဲသူ လူတန်းစား ဝမ်းတစ်ခါး ငတ်လျှင်ကွယ်။ ဝမ်းပူဆာ ပြည့်ဝရေး မအေး လှဖွယ်။ ပြု မပြု ထိုက်တာတွေရယ် ဘေးဖယ်ကာ မစဉ်းစား။ မင်းဘဏ္ဍာ ဥစ္စာများတောင် ထိပါး တတ်သား။ ။ ပြည်သူတွေ ငတ်ပြီကွဲ့ ကြောက်ကြဟဲ့ မင်းဆိုးတွေ။ မင်းကောင်းရင် နှောင်အဖွဲ့ ကျိုးမဲ့ မစေ။ ထောက်ပံ့မှု ကူညီလေ အခွင့်စေ လျော့ပေါ့ပေး။ အခွန် အတုတ် တွေနှောင်တဲ့ မျက်နှာပြောင် ပြည်ပကိုးတွက် စိုးထိတ် မိသေး။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" တွဲလက်ညီညီ " စိမ့်စမ်းကြည်ပြာ ၊ တောင်ခြေရွာ၏ လယ်ယာအဝှမ်း ၊ ရေပြည့်လွှမ်းသော် ထယ်ခြမ်းမြေမွ ၊ ထွန်ယက်ကြပြီ နိုးထ တောင်သူ ကျေးဇူးရှင်။ လယ်မြေဧက ၊ စိမ်းမြမြဖြင့် လှပသာမော ၊ လယ်ယာတောဝယ် မမောမပန်း ၊ ပြည့်ဝန်ထမ်းလျက် မိုးဆန်း ပန်းနှယ် လန်းဆန်းရွှင်။ မိုးကုန်ဆောင်းဦး ၊ ယာသို့ကူးလျက် ကြည်နူးချမ်းမြ ၊ လုပ်အားလှဖြင့် တက်ကြွသည့်မာန် ၊ ကြိုးစားပြန်သည် သန်မာ လုပ်သား စွမ်းပကား။ ယာသခွားခင်း ၊ ဖရုံဝင်းမှဲ့ မုန်ညင်း ဖရဲ ၊ မုန်လာ ပဲစိမ်း မြေပဲ အာလူး ၊ ချဉ်ပေါင် ဘူးနှင့် ပြောင်းဖူး ခရမ်း မလွတ်တမ်း။ ဆောင်းထွက်သီးနှံ ၊ စပါးဆန်မှ ကျောင်းကန်ဘုရား ၊ လှူဒါန်းအားလျှင် စိတ်ထားအပြည့် ၊ မြတ်ပီတိနှင့် ထိမိ သဒ္ဓါ ၊ လှူကြရှာ၏။ နွေမှာလှည်းဆွဲ ၊ သစ်ဝါးတွဲဖို့ တောထဲသွားကာ ၊ ခုတ်ယူလာ၍ အိမ်ယာကန်ကျောင်း ၊ နွေသစ်လောင်းလျက် စုပေါင်း ညီညာ ၊ ရှိကြပါ၏။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" ရွှေညာမြေ အရိပ်ပင်ကြီးများ " ရှား ထနောင်း ပေ သရက် ကယ်ဖြင့် ပုန်းညက် နှင့် ပညောင်ပျို။ ပိတောက် တမာ စိန်ပန်း ထန်း နဲ့ ဒန်း မရန်း ပျဉ်းမအို။ အုန်း သင်္ကန်း ဖန်းခါး ကုက္ကို ပြည်ပန်းညို ဆီးဖြူ သီး။ တည် ကြို့ ထိမ် သပြေ အင် ခရေ ကညင် ယမနေ ပိန္နဲ ကျွန်း မဲဇလီ ဗာဒံ စစ်စီး တွေဖြင့် ဆီး လက်ပံ ဥသျှစ် လည်းပါ သစ်ပုတ် သစ်ရာ ပေါက် တညင်း တို့ရယ် ရင်းတိုက် မန်ကျည်း။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" အနေတတ်က အသေမြတ်လှ " သေချိန်တန်နီး ဤခရီးကား ကြိုဆီးဌာနေ ကမ္ဘာမြေထဲ ပြန်ရမြဲတည့်။ ဧည့်သည်ဘဝ လာခဏမှာ ဒါနကိုပွား မေတ္တာထား၍ သေနေ့စေ့သင့်။ ရ၏ခန္ဓာ ဖက်မပါပဲ ဖြစ်လာဘဝ ဥာဏ်ဇဉ်ရအောင် အသိဆောင်တည့်။ များထွေကျေးဇူး သူတစ်ထူးကို ရွယ်စူးရည်မှန်း တတ်သိစွမ်းချင့် ပေးထောက်သင့်၏။ လက်မှာဗလာ မရှိပါပဲ စိတ်မှာစွဲ၍ လှူမြဲပေးဝေ မရပေတည့်။ အားလျှင်ကြိုးကုတ် ဥာဏ်ကိုထုတ်ကာ မဆုတ်မနစ် တဖျစ်ဖျစ်သာ ဥစ္စာရှာသင့်။ ဥစ္စာလဲပြီး ပညာဆည်းကာ သိနည်းရှာကြ မြတ်ဒါနနှင့် သီလဆောက်တည် ကောင်းမှုဆီသို့ မျှော်ရည်စခန်း ဘာဝနာလမ်းသွယ် ကုသိုလ်ဆည်လော့။ သေမည်မုချ သေမည်ပလည်း ဘုံငရဲနှင့် ရှောင်လွှဲသွေဖယ် ကုသိုလ်ကယ်၍ အပါယ်တံခါး ပိတ်လိမ့်မည်။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" ရွှေ မာ လန်းရွှင် " ဂိမှာန်ခါ နွေ ၊ ယင်းမာရွှေရည် နေခြည်ရောင်သော့ ၊ ပန်းရည်ပျော့တောင် သွေးဆော့နေလှုံ ၊ ပန်းမြိုင်စုံယံ ပန်းမှုံလှိုင်သင်း ၊ နေခြည်မင်းရှင် ကြိုင်ဝင်းလှိုင်လှိုင် ၊ သင်းပျံ့ ကြိုင်လျှင် ပန်းခိုင်ရွှေညှာ ၊ ရေထွေလာငယ် ဝေဆာပင်လုံး ၊ ခိုင်ညှာဖုံးလျက် မက်ဆုံးရှုမျှော် ၊ ညင်းလေဆော်မှုန် မြရော်ရည်ဝါ ၊ နီရွှေပြာဖြူ တောင်သာတွန်ကျူး ၊ ကျေးငှက်မြူးလျက် ကျူးရင့်သံဝါ ၊ ငှက်ဘာသာဝယ် သိင်္ဂါရွှေဆမ်း ၊ ယင်းမာပန်းနှင့် တင်ဆန်းသာမော ၊ ရွှေကျေးနှောသည် သောသောငယ်ညံ ၊ ထက်ပင်ယံမှာ ဖန်ဖန်သံချို နှောတော့သည်။ ။ တိမ်ယံမှာစေ ၊ တောင်လေပြေငယ် မြူခြေကျံစုံ ၊ ဝဠာဘုံခန်း ပင်မြုံနန်းရှင် ၊ ဖြူရောင်ရွှင်ကြည် လေငင်ဆောင်ကွန့် ၊ တိမ်လွှာညွန့်ခွေ လူးလွန့်ပြေငယ် ၊ နေခြည်ရွယ်နှင်း ရောင်ချယ်လင်းမှန် ၊ နီဝါဖန်တောက် တိမ်ယံဖောက်သွင် ၊ ဖြူဝယ်ဆင်သိုင်း အောက်ခွင်မှိုင်းယောင် ၊ မြူတိမ်တောင်မှာ ပြိုမှောင်ညို့စိုင်း ၊ လေညင်ဝိုင်းထင့် ထက်စိုင်းအာကာ ၊ အမ္ဗုန်ဖြာသို့ ဖေါ်ကွာလွမ်းမော ၊ စုံမြိုင်တောလယ် လွင့်မျောသံစုံ ၊ ကျေးသီပုံဖြင့် အစုံအခက် ၊ ဝါရွှေရွက်ခေါ် ပင်ထက်မှာစံ ၊ ခိုင်ရွှေတံညှာ ပြန်လှန်စံပျိ...
- Get link
- X
- Other Apps
” မေတ္တာ သက်ဝင် ” မေတ္တာ ရွှေရည် ၊ ဝတ်မှုန် စီ၍ နေခြည် နုသွေး ၊ ချိုလွင် အေးလျက် မလေး မောင်တို့ အားသစ်ချီ။ သစ္စာ ပင်စည် ၊ ခိုင်ခိုင် ချည်၍ တည်ကြည် ရှင်းသန့် ၊ ဝင်းဖန့်ဖန့် ဖြင့် ဆင်းခန့် နုချော သဘောဖြူ။ ပေါင်းစည်း ရည်တူ ၊ ဝိုင်းဝန်း ကူ၍ ကြည်ဖြူ ချမ်းမြ ၊ နှလုံး လှသော် ပြည့်ဝ စိတ်ထား ၊ ညီညွတ် အားနှင့် လုပ်အား လည်းလှ ၊ ဝမ်းလည်း ဝစွာ ကျန စည်းကမ်း ၊ တို့ လျှောက်လှမ်း မည် ရွှင်လန်း ညီညာ ရှိကြမည်။ ။ ” သစ်ရိပ်ညို ”
- Get link
- X
- Other Apps
” သာသနာရေးရာ ဌာန ” မြန်မာနိုင်ငံတော် ပေါ်လာတဲ့ ပထမ ဗုဒ္ဓ ရဲ့ သာသနာ ကိုးကွယ်ကြတာ။ တို့မြန်မာ စဉ်ဆက်လှ ဒုတိယ တတိယရယ်နှင့် မြတ်လှတဲ့ ဒေသနာ ရိုးရာ မြန်မာ။ ကိုလိုနီ ဘဝတွင်း ဖက်ဆစ်ညှဉ်း ပြည်မြန်မာတောင် သာသနာ မကွယ်ပျောက်။ လွတ်လပ်လို့ လာတော့လည်း မြှင့်တင်မြဲ သာသနာ ကိုးကွယ်ရာ မြတ်ဗုဒ္ဓ၏ ဓမ္မဒေသနာ ကိုဖြင့် ပြည်မြန်မာ စိတ်အစဉ်ကိန်းလျက်ကွယ် ထိန်းသိမ်းစောင့်ရှောက်။ ။ ” သစ်ရိပ်ညို ”
- Get link
- X
- Other Apps
" ကန်သာယာ " လေချိုအသွေး ၊ ပန်းအမွှေးပေါ့ ကြည်အေးစိမ့်ဖြာ ၊ ကန်ပိုင်မာတွင် သာယာပြန့်ဖြူး ၊ ရေလွှာမြူးလျက် ကမ်းဦးကန်ဘောင် ၊ ချော့မြှူယောင်လျှင် တောင်လေဖြတ်ဖြတ် လူးတော့သည်။ နံနက်မိုးသောက် ၊ လမ်းလျှောက်နေရင်း လေညင်းဆည်းဆာ ၊ ဂုဏ်နှစ်ဖြာကို ယှဉ်ကာလျှောက်လှမ်း ၊ လေ့ကျင့်ခန်းဖြင့် လန်းဆန်းစိတ်ဝယ် ၊ ရေပြင်ကျယ်လျှင် ခင်တွယ်နေ့တိုင်း ရောက်တော့သည်။ မျက်နှာတူရှု ၊ ကန်ရေထုနှင့် ဝန်းစုပန်းမာ ၊ နီဝါပြာလျှင် ရွှေကြာလည်းမွှေး ၊ ပန်းလည်းမွှေး၍ ရွှင်အေးလှစွာ ၊ ကန်သာယာကို တိမ်ပြာလေးနှင့် မိုးထားသည်။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
"လှိုင်းက စေ လေ အလွမ်း" သံသာ ခွန်းဖွဲ့ ၊ ရွှန်းလဲ့ မူယာ ဖြူပြာ ဆောင်နန်း ၊ သောင်ကမ်း လှမ်းရည် ပန်းချီ ရှုံးလှ ၊ ပြုံးကြွ ဟန်ပျို မာန်ပို ဟိန်းသံ ၊ ယိန်းလျှံ နွယ်မောက် ပယ်ပျောက် ချစ်လှိုင်း ၊ ရှစ်တိုင်း မှိုင်းညို သိုင်းပြို မိုးပြေး ၊ ဖြိုးအေး အာကာ မာယာ နွဲ့ကြင် ၊ မဲ့လျှင် ပင်လယ် ဆင်ကွယ် မိုးသား ၊ မျိုးစား တိမ်တောင် ထိန်ရောင် လိမ့်ဆင်း ၊ နိမ့်ရင်း မဲမှောင် သဲသောင် ပြင်ထက် ၊ ညင်သက် တိုက်ခါ စိုက်လာ လေပြင်း ၊ စေနှင်း မိုးပေါက် မိုးရောက် ထစ်ချုန်း ၊ ချစ်တုန်း ခဏ ဘဝ ယိုစီး ၊ ငိုပြီး ပုလဲ စုဆဲ ငွေဥ၊ ကြွေလု ဆွတ်ဖြန်း ဇွတ်မှန်း တမ်းတ ၊ လွမ်းရ ခက်ပြီ ရက်သည် လပြောင်း ၊ ညပေါင်း စုံစေ ယုံလေ မိသူ ၊ ချိပူ ဗျာပါ သာယာ နိုးနိုး ၊ တိုးတိုး လှောင်သံ သန်းခေါင်ယံ ထဲ ရောက်ခဲ့ပြီ။ " သစ်ရိပ်ညို
- Get link
- X
- Other Apps
” ဆန္ဒ ညီမျှ လုံ့လ ” ရေနစ်သူ လိုအပ်ဆုံး ရုန်းလှပေါ့ တောင့်တစွာ လေရှု ချင်တာ။ တစ်ခုထဲ စွဲမြဲရာ ပညာသာ ရှိပေး။ တနေ့နေ့ တချိန်ချိန် ပညာရှိန် ဂုဏ်ထိန်းရ နိုးကြွလိမ့်လေး။ ။ ဇောထက်သန် လွန်တောင့်တ မြတ်နိုးလှ နွံသဒ္ဓါ မူးမိုက် အ စွာ။ ဆိုးနှင့်ကောင်း များပညာ သဒ္ဓါ နှင့် ယှဉ်တွဲ။ အချိုးကျကျ ညီမျှစွာ မတိမ်းစောင်းက သောင်းထိုက် ကျော်မြဲ။ ။ ” သစ်ရိပ်ညို ”
- Get link
- X
- Other Apps
" အသိရူး သတိရူး " ပုထုဇ္ဇနော..ဥမ္မတကော ဆိုခဲ့သော်ငြား သတိထားမှ ကံရေးအလုပ် ကောင်းလိမ့်မည်။ သူယုတ်မာထံ လှူရခြင်းထက် သူတော်ကောင်းထံ လှူရခြင်းက ပို၍မြတ်၏။ ဆိုရာ နတ္ထိ ကောင်းမှုမရှိ ကောင်းမှုမသိ ကောင်းရာမစေ ကောင်းရာမလုပ် ကောင်းဖို့မပြော ကောင်းဖို့နှောလည်း ကောင်းရေးမမြင် ကောင်းဆင်ခြင်ထုံ ကောင်းသတိမဲ့ ကောင်းဂုဏ်အင်ကင်း ကောင်းခြင်းမင်္ဂလာ မရှိရှာသည့် များဝေသတ္တာ သတ္တဝါတို့ လိုချင်ဖို့ပြု ကပ်၍ညုသော်.............. စားဦးစားဖျား သူတော်များထက် သာစွအရင် မဆင်ခြင်ပဲ ခေါ်ယူဆင့်ကြွေး လှူ၍ပေးလည်း ထပ်ငယ်ကပ်ပါး နိမ့်သူအားက နောင်ရေးကြွယ်ကြွယ် အမျက်တွယ်လိမ့်။...... အဆိပ်ပင်ရေလောင်း ခြုံအပေါင်းတို့ လှောင်လှောင်းထကာ ကိုယ့်နေရာနား ရှုပ်ပေငြားအံ့ ။.......... သင်သွားခုတ်လဲ သူကကဲ၍ ခြုံလည်းရိုင်းရိုင်း နွယ်သစ်ကိုင်းတို့ ပြိုင်းပြိုင်းထလာ မြင့်တက်လာရှင့်။.......... သူယုတ်ဆိုကား ကိုယ့်အားအတ္တ လောဘ မောဟ ဒေါမနသ ထကြွလာကြ အခိုက်မှတည့်။.......... မိုက်ပင်မိုက်ငြား သတိပွားကာ တရားဓမ္မ ကောင်းရာပြသည့် လမ်းကောင်းအမှန် ရွေးတတ်ရန်ရှင့်။........ စိတ်လိုလိုက်ငြား ဆထက်များလှ မိုက်အားမိုက်ထေ...
- Get link
- X
- Other Apps
"ဘဝ အစ ပထမ" ကဗျာတပုဒ် ထုတ်နှုပ်ဖတ်ခြင်း မြှုပ်ကွင်းအစ ပထမမှာ "မ"ကိုင်စာအုပ် ထိလှုပ်ခြင်းပင်။ ငုတ်တိုင်တစ်တိုင် မြေဆိုင်ချုပ်က ယိုင်လှုပ်မသာ မခါရအောင် ဥာဏစေမိုး နက်ရှိုးအစ ထိုးမြှုတ်ကြ၍ စတွေ့မရှာ ရှေ့အဆုံး၏ လူရှိများတွင် သိမှုအစ လူ့ဘဝလည်း အစရေကြည် တည်မှီလာ၏။ ဤမိဘကား ငုတ်သားတိုင်လို အားထမ်းလိုခဲ့ အဆုံးမဲ့၌ ပြုံးခဲ့တိုင်စေ မကျေကျေးဇူး ကျေကျေးဇူးဖြင့် လူ့ခွင့်ဆုံးစေ ချင့်ထောက်လေအပ်။ မချပ်ပုံသွေး မှတ်တေးဆန္ဒ ကျေးဇူးတရား များပြားလှ၏။ သားသမီးတို့ ဘယ်သို့ကုန်ခမ်း တို့စိတ်ဝမ်းထဲ မကွဲစေရ လွဲနေလှက အစမတွေး အဆုံးပြေးမှ မှားရက်ကြ၏။ စကြာဝဠာ ဆုံးရာမရှိ ကာလအစ သိမရလို့ အစဘယ်လို ပြောဆိုမတတ် ထိုထိုအစ တွေးဆနိုင်လျှက် မဖုံးသင့်ပေ တွေဝေအဆုံး ဖွေရှာသုံးရင် မြဲဆင်ခြင်၍ ထင်မြင်ကျေးဇူး ဆပ်ဖူးခွင့်လေး မြူးလွင့်မည်။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" မိုးသံ " တိမ်ညို တိမ်မိုင်း အုံ့ဆိုင်း လို့ပြို။ မိုးဝဠာ ဒေ၀ါညွှန်းလို့ ရွာသွန်း တော့သကို။ ရွှေမိုးငယ် တေးဆို မွှေးချိုချို မြေသင်း။ မြေပြင်မှာ ရေဆင်လောင်းသလို ချောင်းကန်ရေတင်း။ ။ လေတိုးတာ ကြောင့် ရေခိုးပါလာတယ်။ ဒီတခါ မိုးသံပေးလို့ မိုးလေးရွာတော့မယ်။ ကြိုးစားပါစို့ တို့တောရွာဝယ် မြန်မကြာ တကယ် စိုက်ပျိုး။ ထွန်ရေးငင် လယ်သမားတို့ အားအင်ပြည့်ဖြိုး။ ။ မိုးလေးရွာပါမှ ပျိုးလေးကသာ။ မျိုးစပါး လှိုင်လှိုင်စိုက်ကြ အားတိုက်လျက်သာ။ အထွက်တိုး စပါးဟာ တင်းနှစ်ရာ တစ်ဧက။ ဒီ့ထက်ဒီ တိုးလေသမျှကို ချိုးချလှူကြ။ ။ သူငယ်ချင်း နဲ့တွဲရေထားသဗျ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" အဆ မပွား စေ " အသီးတရာ အညှာတခု ပမာပြု သဘောမှာ ရောနှောစိမ့်ဖြာ။ သောတဆင် တေးကဗျာ ရေးဆိုကာ ဆက်သွင်း။ တေးချိုစွာ သံသာလဲ့ရယ် ပြောတဲ့ သံညင်း။ ။ ကောင်းစေလို ဆေးကိုတိုက်မှ ပျောက်ပါလိမ့် ဒီရောဂါ စိတ်လက်ကျန်းမာ။ အအိပ်ပျက် အစားအစာ ပါးလျလာ အင်အား။ ခြေမခိုင် ခွေယိုင်လျက်ကွယ် အားပျက်နေလား။ ။ စိတ်ရောဂါ ဆပွားလို့ ကိုယ်လက်များနာကျင် ခံစားရလျှင်။ တရားနှင့်ယှဉ် နောက်တိုးဝင် ရောဂါများ။ စိတ်ကိုပင် အရင်မှတ်ကာ ထပ်ထပ် ကုစား။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
အမောပာ(ပညာ)အကြောင်း ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ *အမောပာမှာ၊ ဥာဏ်ပညာတည်း မောပာကြီးစွာ၊ ဖုံးလွှမ်းကာထား အရာများကို၊ ဤဥာဏ်ပညာ ခေါ်ထိုက်ပါသော၊အမောပာက စွမ်းနိုင်သမျှ၊ ဖေါ်ထုတ်ပြ၅ု အမှန်သိမြင် ကြည်လင်မည်။ *ဥာဏ်ပညာလျှင်၊ အသွင်နှစ်မျိုး ရှိရိုးမှန်စွာ၊ ပညာစစ်မှန် ကံနှင့်ကံေ။်၊ အကျိုးသိသော ဥာဏ်ပာုလည်းကောင်း- - စာပေကျမ်းဂံ၊အဓိပ္ပာယ်မှန်အား နားလည်လွယ်သောဥာဏ်ပာုလည်းကောင်း ၀ိပဿနာ၊ ဥာဏ်များစွာမှန် မဂ်ဥာဏ်ဖိုလ်ဥာဏ်၊ တရားမှန်အား သိနားလည်သောဥာဏ်ပာုလည်းကောင်း ဘုရားရှင်ေ။်၊ သဗ္ဗညုတ ဥာဏ်ထိရအောင်၊ အသိဆောင်ရာ အလိမ္မာဖြစ်၊ အပြစ်ကင်းမှန် ဥာဏ်ပာူသမျှ ပညာအစစ်ဖြစ်ပေသည်။ *ပညာတုမူ၊ ပါးနပ်သူပာု ခေါ်တွင်ရသူ၊ တဖက်လူတွေ ကျလောက်စေရန်၊ပာန်ပန်လေသံ ပာန်ဆောင်ကောင်းသော ပောာပြောတတ်သော ဥာဏ်ပာုလည်းကောင်း အခိုးဝှက်ဥာဏ်၊ လှည့်စားဥာဏ်ကျယ် ပရိယာယ်ဖြာ၊မာယာလှည့်ပတ် လိမ်လည်တတ်သော ဥာဏ်ပာုလည်းကောင်း ထိုဥာဏ်များမှာ ပညာအစစ်၊ မဖြစ်ပါချေ လိမ်လည်ချင်သော ၀ဉ္စနာခေါ် ပညာအတုသာတည်း။ *ဥာဏ်စစ်ဥာဏ်တု၊ ခွဲခြားရှုကြည့် သင်ေ။်ဝန်းကျင်၊ လူ့ခွင်သဘော စောကြောပေါင်းဖေါ်ကြပါဘိ။ * ရင် လှိုင်း...
- Get link
- X
- Other Apps
" အိုဘယ့် ဘဝခရီးသည် " တကယ်သာ ဟော့သရမ်း ရင်ဖြင့် သော့သွမ်းဟု ဆိုဖွယ် ကျော့ကြမ်းမှု ပိုခင်တွယ်မယ် ပြင်ဆင်ကွယ် ခုများ။ ငွေဓန ရေရေရာ လျှင် အသေအချာ ထိန်းချုပ်လို့ထား။ သုံးစွဲပါ့ အဆွေလိုရာ ကို ချွေတာစွာ လက်ပါး။ ငွေဆိုတာ ရှာလျှင်ရှား သကွဲ့ မှတ်သားနဲ့ ရှိစေ။ ပွန်းပဲ့ကာ မပျောက်ရှ အောင်လို့ စောင့်ရှောက်ရ ချေးငှား မဲ့ထွေ။ ရှိတာလည်း မသိကြစေ မရှိလည်းလေ လုံစေ ဟုတ် ငုံ ရေ နှုတ် ပိတ်မှသာ စိတ်ချ ရတာ။ လိုရာခရီး ဆက်ဖို့ရာဝယ် လက်တို့ကာ ပြောချင်ရဲ့လေး။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
"ရပ်တည်ခြင်း သဘာဝ" မှုန်ရီညိုဆိုင်း ၊ ရိပ်မှိုင်းဝေဟန် တိုင်းရှစ်ခွင်ပျိုး ၊ ဆွေမိုးတိမ်ယံ ညှိုးမာန်ရယ်သိုင်း ၊ ရစ်ဝိုင်းဝသန် ထစ်ချုန်းမိုး ဝေဖြိုး ရွာမယ့်ဟန် ။ ။ သေလာတောင်ကမ်း ၊ စိမ့်စမ်းရေတံခွန် ချမ်းမြသာမော ၊ အံ့ဩသာလွန် တောချိုင့်တောင်ဝှမ်း ၊ ချောက်ကမ်းလျှိုလွန် မာယာပေါ မြိုင်ကြော ခင်တန်းညွှန်။ ။ စိမ့်ရေသွယ်မြောင်း ၊ တာချောင်းရယ်စုန် ပေါင်းစုမြစ်တွင်း ၊ ရင်ချင်းဖုံဖုံ ဆင်းပင်လယ်ချုပ် ၊ သမုဒ္ဒရာဆုံ ဌာနေတွင်း ထင်လင်း ဝင်စေကုန်။ ။ သမုဒယနှောင်ထပ် ၊ တွယ်ကပ်မေတ္တာ သဒ္ဒါ သီလ ၊ သုတ စာဂါ ဆထက်တိုးပွား ၊ များပြား ပညာ သင်လာကြ လူ့ဘဝ နောင်ချမ်းသာ။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
"ဆွေမိုး ဖွေရှာ" နွေရာသီ ပြောင်းအကွေ့ မိုးစက်တို့ကြို ။ တိမ်တောင်တွေ ငွေရည်သွန်းလို့ရယ် လွန်းခတ် လို့ငို ။ အေးစေစို သာပိုပေါ့မိုးတွေသည်း။ ရင်ထဲ ကြိတ်ငို ပြိုတဲ့မိုးဖွဲ။ ရွယ်ကိုးလှ တမ်းတချင်ပြန်တော့ တမင်ဖယ် ရှောင်ကွယ်လျှိုး ။ ဪ အခုတော့ ချစ်လျှက်သာ ပစ်ဖွဲ့ရှာပျိုးသူကြောင့် ဆွေးချက်ကဆိုး ။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
"ရပ်တည်ခြင်း သဘာဝ" မှုန်ရီညိုဆိုင်း ရိပ်မှိုင်းဝေဟန် တိုင်းရှစ်ခွင်ပျိုး ဆွေမိုးတိမ်ယံ ညှိုးမာန်ရယ်သိုင်း ရစ်ဝိုင်းဝသန် ထစ်ချုန်းမိုး ဝေဖြိုး ရွာမယ့်ဟန် ။ ။ သေလာတောင်ကမ်း စိမ့်စမ်းရေတံခွန် ချမ်းမြသာမော အံ့ဩသာလွန် တောချိုင့်တောင်ဝှမ်း ချောက်ကမ်းလျှိုလွန် မာယာပေါ မြိုင်ကြော ခင်တန်းညွှံ။ ။ စိမ့်ရေသွယ်မြောင်း တာချောင်းရယ်စုန် ပေါင်းစုမြစ်တွင်း ရင်ချင်းဖုံဖုံ ဆင်းပင်လယ်ချုပ် သမုဒ္ဒရာဆုံ ဌာနေတွင်း ထင်လင်း ဝင်စေကုန်။ ။ သမုဒယနှောင်ထပ် တွယ်ကပ်မေတ္တာ သဒ္ဒါ သီလ သုတ စာဂါ ဆထက်တိုးပွား များပြား ပညာ သင်လာကြ လူ့ဘဝ နောင်ချမ်းသာ။ ။ " သစ်ရိပ်ညို " ဆရာမောင်မောင်၏ ပန်းချီကား
- Get link
- X
- Other Apps
" အိုဘယ့် ဘဝခရီးသည် " တကယ်သာ ဟော့သရမ်း ရင်ဖြင့် သော့သွမ်းဟု ဆိုဖွယ် ကျော့ကြမ်းမှု ပိုခင်တွယ်မယ် ပြင်ဆင်ကွယ် ခုများ။ ငွေဓန ရေရေရာ လျှင် အသေအချာ ထိန်းချုပ်လို့ထား။ သုံးစွဲပါ့ အဆွေလိုရာ ကို ချွေတာစွာ လက်ပါး။ ငွေဆိုတာ ရှာလျှင်ရှား သကွဲ့ မှတ်သားနဲ့ ရှိစေ။ ပွန်းပဲ့ကာ မပျောက်ရှ အောင်လို့ စောင့်ရှောက်ရ ချေးငှား မဲ့ထွေ။ ရှိတာလည်း မသိကြစေ မရှိလည်းလေ လုံစေ ဟုတ် ငုံ ရေ နှုတ် ပိတ်မှသာ စိတ်ချ ရတာ။ လိုရာခရီး ဆက်ဖို့ရာဝယ် လက်တို့ကာ ပြောချင်ရဲ့လေး။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" အိုဘယ့် ဘဝခရီးသည် " တကယ်သာ ဟော့သရမ်း ရင်ဖြင့် သော့သွမ်းဟု ဆိုဖွယ် ကျော့ကြမ်းမှု ပိုခင်တွယ်မယ် ပြင်ဆင်ကွယ် ခုများ။ ငွေဓန ရေရေရာ လျှင် အသေအချာ ထိန်းချုပ်လို့ထား။ သုံးစွဲပါ့ အဆွေလိုရာ ကို ချွေတာစွာ လက်ပါး။ ငွေဆိုတာ ရှာလျှင်ရှား သကွဲ့ မှတ်သားနဲ့ ရှိစေ။ ပွန်းပဲ့ကာ မပျောက်ရှ အောင်လို့ စောင့်ရှောက်ရ ချေးငှား မဲ့ထွေ။ ရှိတာလည်း မသိကြစေ မရှိလည်းလေ လုံစေ ဟုတ် ငုံ ရေ နှုတ် ပိတ်မှသာ စိတ်ချ ရတာ။ လိုရာခရီး ဆက်ဖို့ရာဝယ် လက်တို့ကာ ပြောချင်ရဲ့လေး။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
” မစွန့်လွှတ်သင့်ရာ ” ဥစ္စာ ပညာ ၊ ကိုးကွယ်ရာ နှင့် ရိုးရာ ယဉ်ကျေး ၊ ဆက်ခံရေး တွက် မျှော်တွေး ကြိုတင် ထားသင့်သည်။ ဥစ္စာ လက်ကြား ၊ ယိုပေါက် သွားက မခြား ပညာ ၊ တုံးလာ ပါက ဘာသာ ကိုးကွယ် ၊ ရိုးရာ ပယ်၍ မဖွယ် ယဉ်ကျေး ၊ မျိုးပြတ် ဆွေးက ကိုယ်မွှေး သည့်မီး ၊ လောင်မြိုက် ဟီးသို့ သမီး နှင့်သား ၊ မျိုးနွယ်အား လျှင် စော်ကား သမှု ၊ မကောင်း မှုကြောင့် ရင်ထု မနာ ၊ ဖြစ်ရ ပါမည် နှစ်ဖြာ မိဘ ၊ ဘဝ စမှ ဆုံးမ သွန်သင် ၊ လိမ္မာ ယဉ်ကျေး ငယ်စဉ် လေးက ၊ နည်းနာ ပြ၍ လမ်းစ ဖေါ်ကာ ထားသင့်သည်။ ” သစ်ရိပ်ညို ”
- Get link
- X
- Other Apps
” ဆန္ဒ ညီမျှ လုံ့လ ” ရေနစ်သူ လိုအပ်ဆုံး ရုန်းလှပေါ့ တောင့်တစွာ လေရှု ချင်တာ။ တစ်ခုထဲ စွဲမြဲရာ ပညာသာ ရှိပေး။ တနေ့နေ့ တချိန်ချိန် ပညာရှိန် ဂုဏ်ထိန်းရ နိုးကြွလိမ့်လေး။ ။ ဇောထက်သန် လွန်တောင့်တ မြတ်နိုးလှ နွံသဒ္ဓါ မူးမိုက် အ စွာ။ ဆိုးနှင့်ကောင်း များပညာ သဒ္ဓါ နှင့် ယှဉ်တွဲ။ အချိုးကျကျ ညီမျှစွာ မတိမ်းစောင်းက သောင်းထိုက် ကျော်မြဲ။ ။ ” သစ်ရိပ်ညို ”
- Get link
- X
- Other Apps
" ကြည်သာချမ်အေး မိုးကလေး " ပေါ်လာနိုး ရွယ်ခိုးပါရဲ့ ရှေမိုးညို သည်နေပူ ဘိက္ခူဆိုက်ပါပေါ့ အိုက်လှပေါ့ဆို။ နေညိုညို ကြိုပါကွဲ့ လေအေး။ လေညှင်းရှင် တစ်ခါပျိုးလို့ရယ် ရေခိုးသယ် စိုစိုချမ်းပါ့ကွယ် မှန်းရွယ်ကွဲ့ လေး။ နေပူပျိုး ရေခိုးရယ်တဲ့ တလူလူ မြင်ရသူ စိတ်ထင်မှားအောင် တိမ်သားရောင် ချယ်ကာတောက်လေတော့ အာကာအောက် ဝဠာတိမ် ဝရဇိန် ညှင်းတယ်လို့လေး။ ရှင်လေညှင်း ရေခင်းကို တဲ့ ဆောင်ယူ ဆော့ကလူ ချော့မြှူဖို့ ပန်ကြား နတ်သိကြား ဒေဝါကူ လေကြူကြူ အစပျိုးလို့ မိုးသက်မှုန် စုန်စုန်ဖြန်းပါမှ အေးချမ်း ကွဲ့လေး။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" သက်ရှည်ခြင်း တရား " ဘူး ဖရုံ ငရုတ် သခွား သီးနှံများ ဟင်းလျာပင်။ ကြက်ဝက်ငါး အမဲသားတို့လို အသားဟင်း အစာပြင်။ သီးနှံနှင့် အသားစုံလင် စားသောက်လျှင် အင်အား။ ဝမ်းတစ်ထွာ အဟာရတွက် မျှတစွာစား။ ။ တန်လျှင်ဆေး လွန်ရင်ဘေးဟု ရှေးကစာစီ။ လျှာရင်းကို အလိုလိုက်က အမိုက်ဟု ဆိုသည်။ ဝမ်းဗိုက်ရဲ့ အဖီ ညီမျှစွာစား။ ဆီးဝမ်းလေ မျက်ရည်ချွေးနှင့် သွေးသည်းခြေ ပြည်အပုပ်တို့ကို ထုတ်နှုပ်သင့်သား။ ။ ကျန်းမာရေး အစဉ်တွေးမှ အသက်ရှည်။ အစားအစာ ချိန်တွယ်စား အားရှိလာမည်။ အားကစား လှုပ်ရှားမှုသည် ဦးနှောက်ကြည် လန်းဆန်း။ ဟန်ချက်ညီ နေထိုင်မြဲပါမှ ဆွဲဆန့်သက်တမ်း။ ။ သက်တမ်းတွေ ရှည်ကြာရပ်သော်လည်း စေတနာ မေတ္တာ မဟပ်ပါက အမြတ်က ဗလာ။ တတ်သိကြုံ ဗဟုသုတတို့ ပေးမျှကြ ဥာဏ်ပညာ ဒါမှ မြတ်တာ။ မှန်သောတရား ကြားနာရာ ဘာသာတရား သာသနာ မြင့်မြတ်စွာ လမ်းပြထား။ ဖြူစင်နှလုံး အပြုံးညင်သာ ကြင်နာစွာ ချိုသာပြော သဒ္ဓါနှော စိတ်ရင်းမှန်ဖြင့် ကျင့်ကြံပွားများ။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
” ချစ်ရိပ် လွင်လွင် ” တိမ်ယံကြားက ပေါက်ထွက်လာတဲ့ အလင်းလှေခါးထက်မှာ တရွေ့ရွေ့ ဆင်းလာတဲ့ မိုးနတ်သမီး ဖြူလွလွ ဇာပုဝါခြုံဟာ လေအရှိန်နှင့် တဖြတ်ဖြတ် တလူးလူး။ တစ်ချက်တစ်ချက် မိုးချိန်းသံနဲ့အတူ လျှပ်စီးတွေက ချစ်သူမြေနတ်သားကို လွမ်းနိမိတ် နိုးထစေခဲ့တယ်။ နိုးလာသော မြေနတ်သားက ချစ်သူ သူယောင်မယ် မိုးနတ်သမီး ကို.... ရင်ခွင်တံခါးဖွင့် ဆီးကြိုထွေးပွေ့ ရင်း..... အလွမ်းပိုပို လွမ်းစာဆို၍ လှမ်းကြိုပွေ့ဖက် အို အသက်ရယ်..... လွမ်းလရှည်ကြာ လွမ်းလှပါပြီ နမ်းလာ ရနံ့ မြေသင်းပြန့်က မိုးနံ့ရောစေ ချစ်ကြပေပြီ ညင်းလေကူသော နေ့လေးမှာ။ ။ ”ချစ်သူ့ရင်ခွင် ” တိမ်ယံလွှာ တိမ်ညွှန့်ကြားက လှေခါးပွင့် အလင်းရောင်။ ရွေ့ရွေ့ငယ် လှုပ်လှုပ်လူး လေဟုန်မြူး ခန်းစီးဆောင်။ ပုဝါဖြူ လျှပ်စီးရောင် သူယောင်မယ် နတ်သမီး။ ရံတခါ ဂျိုးဂျိုးဂျိမ့်နှယ် ချုန်းခြိမ့် တုန်ဟီး။ ။ ချစ်လွန်းသူ မြေနတ်သား အနားသို့ တိုးလာ။ မိုးနတ်မြေ ရင်ခွင်တံခါး လှုပ်ရှား နိုးကာ။ ချစ်ရတဲ့ မိုးဒေဝါ လွမ်းလှတာ ကြာပြီပေါ့။ လွမ်းစိတ်ပို ဆီးကြိုပွေ့တယ် လေဝှေ့ အနော့။ ။ ” သစ်ရိပ်ညို ”
- Get link
- X
- Other Apps
" ဆွေမိုး ဖွဲဖွဲ " နွေခေါင်ခေါင် လက်ပတ်ကြား ရေရှားလို့ဗျို့။ နေများပို ပူရင်ဆိုးပါရဲ့ မိုးမျှော်ပါလို့။ ရွာပြန်ပေါ့ မိုးရေလျှံ သာမန်ကွဲ့ဟုတ်ဘူး။ နောက်တောင်လေ ကြမ်းဝင်စိုင်းတယ် ရိုင်းတဲ့လေရူး။ ဒီတစ်ခါ မမျှော်ပါလည်း သည်းလှတဲ့ မိုးညိုညို ဖွဲဖွဲ စိုစို။ နေ့ရက်ပို စိပ်စိပ်စို တဖွဲဖွဲ။ အချိန်တန် ဝါဆိုပွဲမှာ ရှင်လိမ်ပြန် လူထွက်ကဲတယ် ရွှဲစိုလျှက်ပဲ ။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" သံသရာ ဝဲ တပတ် " ဘဝသမား ၊ လွန်ကြိုးစားကာ မိသားစုလေး ၊ မြှင့်တင်ပေးခဲ့။ နောင်ရေးကြောင့်ကျ ၊ မဖြစ်ရအောင် လမ်းပြဦးဆောင် ၊ လွန်ပျိုးထောင်ခဲ့။ ရှေ့ဆောင်ရှေ့ရွက် ၊ ကြိုးပမ်းလျက်ဖြင့် ညဥ့်နက်တိတ်ဆိတ် ၊ အိမ်ပြန်အိပ်ခဲ့။ ရိပ်ရိပ်သာယာ ၊ လှပလာအောင် ပညာရှေ့ရှု ၊ ဖြည့်ဆည်းပြုခဲ့။ ပြုစုယုယ ၊ လိမ္မာလှအောင် နေ့ညအစဉ် ၊ ဆုံးမသင်ခဲ့။ သားလျှင်သမီး ၊ အသီးသီးတို့ မငြီးမတွား ၊ လွန်ကြိုးစားခဲ့။ ရွယ်အားတင့်တယ် ၊ ပညာထည်ကာ မှတ်ဘွယ်သုတ ၊ ပြည့်စုံကြသော်..... မိဘနှစ်ဖြာ ၊ ဖေးကူရာကို စိတ်မှာဝန်လေး ၊ နားချိန်လေးဟု..... နွဲ့တွေးစိတ်ညို ၊ ခိုင်းသည်ကိုပင် ငြိုငြင်မခန့် ၊ ပြန်လှန်အံ့ဟု..... ရှင်းသန့်ကူဖေး ၊ မေတ္တာရေးဖြင့် စိတ်လေးကြန့်ကြာ ၊ မရှိရာဟု..... နှစ်ဖြာမိဘ ၊ အားကိုးရချိန် ဘယ်အချိန်မှ ၊ လွန်အားရဟု..... ကြံဆမတွေး ၊ ဘဝရေးမှာ တက်လေးမပါ ၊ လက်ဗလာဖြင့် လှော်သာလှော်ကြ ၊ ဪ မိဘတို့..... ရင်ဝဆို့သည့် ၊ မပြည့်သည့်အိုး ပြည့်သည့်အိုးပင် ၊ စိတ်ဘောင်ဘင်သည် နောင်လျှင်သည်းခံ အပ်ရာတည်း။ ။ ဆောင်ငင်တရား မှတ်ရာတည်း။ ။ အောင်မြင်သမီးသား မှတ်ဘို့တည်း။ ။ ...
- Get link
- X
- Other Apps
” သစ်ရိပ်ညို ဝယ် ” ချွေးပြိုက်ပြိုက်ကယ်သန် နေပူဒါဏ် ခံနိုင်ခဲ။ အေးရိပ်ခို သစ်ညိုရိပ်မှာ ချွေးသိပ် လျက်ပဲ။ ။ လေအလူး ဝေ့မြူးတဲ့ ရွက်ဝါလေး။ ဖျတ်ဖျတ်ခုန် လေအလိုက်မှာ ဝဲဝိုက် ထပြေး။ ။ ရွက်ကြားမှာ နေခို လေပျိုက ဆော့ကစား။ မြေပြင်မှာ နေရွှင်ပြောက် တိုးထောက် ခစား။ ။ မူးမူးမေ့ နေဒါဏ် ရွှင်စိတ်ခံ အဖဲ့။ သစ်ရိပ်ညို ရွက်ပျိုတောမှာ မျောလွင့် အလှည့်။ ။ ” သစ်ရိပ်ညို ”
- Get link
- X
- Other Apps
" သမားဂုဏ် " ကပါ ကပါ ကကြပါ။ ဒီအသွင် မြင်ကြရ ရင်ဝထိ နာ။ မင်းစိတ်ကြိုက်သာ ကကြရှာ မြန်ပြည်တစ်လွှား။ ပညာရေးရယ်က ကလေးငယ် ဆံ ဆံတောက်သို့ လျှောက်ရ ဟန်အား။ ။ " ရှေးရိုးပျက်သောခေတ် " ဆရာ့ဂုဏ် ဟန်တည်ထား ချစ်သားတို့ အတွက်ရယ်။ စာပေါက်အောင် အသာခြောက်သဟဲ့ ကြောက်နဲ့ နော်ကွယ်။ ပညာတတ် ဖြစ်စေချင်တယ် ရှေးမျိုးနွယ် ဆရာများ။ ခုများလျှင်ဖြင့် သင်သားဖင် ခေါင်းတွင်ပွတ်တောင် ခွင့်လွှတ် ရမလား။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" မြတ်ပညာ " ရွှေပင်ရွှေငြမ်း ရွှေကြငှါန်း ရွှေနန်းဆောင်ယံတွင်း။ ရွှေစင်ရွှေရွေး ရွှေမှုံကြွေး ရွှေရေးထိန်လျှံဝင်း။ ငွေမှင်ငွေတန်း ငွေရောင်လွှမ်း ငွေပန်းဆင်းသက်နှင်း။ ငွေခင်းငွေချည် ငွေကြယ်ဆီ ငွေရည်လနှယ်ခင်း။ ဥာဏ်ပညာနယ် ပညာကြွယ် တင့်တယ်လျောက်ပတ်ခြင်း။ သုတစွယ်စုံ များခြုံငုံ ကုံလုံဥာဏ်သိရှင်း။ ပညာအရောင် ထွန်းလင်းပြောင် တန်ဆောင်နေသို့လင်း။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
” ဂဏန်း ကင်းမြှီးကောက် မြွေ ” ရေက တက်ကာ ၊ ကန့်လန့် လာ အဲ့ဒါ ဂဏန်း ပင်။ ကုန်းရိုး တလျောက် ၊ ကင်းမြှီးကောက် ကိုယ်ဖျောက် အဆိပ် ရှင်။ လိမ်ကောက် သည့်မြွေ ၊ ရှုပ်ထွေး ပေ လျှာတွေ နှစ်ခွ မြင်။ ကင်းမြှီးကောက် အား ၊ မြှီးဖြတ် သွား သူကား ဂဏန်း ပင်။ ဂဏန်း လက်မ ၊ မြွေ ရန်စ မြွေက မြိုချ လျှင်။ မြွေဝမ်း ပေါက်ထွက် ၊ ဂဏန်း သက် ကျေပျက် နောက်ဆုံးတွင်။ မကောင်းမှု ကံ ၊ သူတို့ ဒါဏ် သူပြန် ခံရ ပင်။ ။ ” သစ်ရိပ်ညို ”
- Get link
- X
- Other Apps
" သည်တစ်မိုး ဖိုးမောင်ငိုပြီ " မိုးလရာသီ ချိန်ခါမီ သည်ဝသန်ပေမို့ ဝဠာမြေ အုံ့ဆိုင်း ရှစ်တိုင်း ခွင်လုံး ထစ်ချုန်း ပတ်လည် မိုးဆမ်းပန်း လန်းရွှင်ကြည် နတ်ပန်းချီ မင်ရည်ဆေးစက် မိုးလုံးသက် ထက်အောက်မှောင်ရီ အနောက်တောင် လေပြေသွေးပြီပေါ့ မိုးအေးတဲ့ လရာသီ။ မှုန်ပြာရီ ညို့ညို့ဆိုင်းဆိုင်း အုံမှိုင်း ညို့ဆိုင်း တိမ်လှိုင်းဝင့်သည် လယ်ရေခံ လယ်ယာကွင်းမှာ ပြည့်တင်း ရေဖွေး ပြန့်ထွေး သည်ချိန် ကောက်စိုက်ပျိုးချိန် နောက်ဖက်မိုးတိမ် ကောက်စိုက်ချိန် ပျိုမေသင်းတို့ လယ်ကန်သင်းမှာ တန်းစီလျှောက်သည် သာရကာ သည်ရွှေကျေးသို့ ဆိုတေး ဟစ်ကြွေး ချိုအေး သံသာသီ။ လမ်းလျှောက် နေရင်း သီချင်းဝေစီ ကောက်စိုက် နေရင်း သီချင်းဆိုမည် ကေသာပန်း စံမြန်းခိုသည် လှအိနြေ္ဒ တစ်ပွင့်ပန်း ကိုယ်စီ သနပ်ခါး ပါးကွက်ညီညီ ရွှင်အား ဘဝင်စိမ့် ကြည်မွေ့ခါတော်မှီ။ ဖိုးမောင်ရေ ပျိုးထောင်လေ ကောက်စိုက်မေ ပျိုတသင်းဖြင့် ကောက်စိုက်ယိမ်း စပါပြီ ကောက်စိုက်သမရယ် တောပန်း အလှရယ် ကောက်ပင်ပျိုရယ် လေယူရာတိမ်းလို့ ယိမ်း .. နွဲ့ .. က ..ဟန်ချီ။ ဖိုးမောင်ရင်မှာ မချိပြီ မြို့ကိုရောက် ပျောက်ရှာလေသော ကွမ်းတောင်ကိုင် အလှဆုံး ...
- Get link
- X
- Other Apps
” စတုတ္ထမြောက် သုညဘဝ ” မိန်းမရေ ထမင်းရေ ရပြီလား။ ရတော့မယ် ကိုထွန်းရဲ့ ငှဲ့ဖို့ ပြင်ထား။ ။ ငှဲ့ပြီးရင် ဆားခပ်လျက် ငါ့အတွက် ယူခဲ့ကွာ။ ထမင်းကို တစ်စွန်းခပ် ဇွန်းတပ် ခဲ့ပါ။ ဆီဆားဆမ်း ထမင်းဟာ အိပ်နေရှာ သားသမီးတွက်။ စက်ဘီး ကယ်ရီယာ အစုံ ကွမ်းယာခုံ တင်လို့ပေးကာ ဈေးရောင်းဖို့ထွက်။ ။ လမ်းဘေးမှာ ကွမ်းယာရောင်း စက်ဘီးဟောင်းလေးနှင့်ပင် ဈေးဘမ်းကိုတင်။ လူများလှ လမ်းပေါ်တွင် ဈေးဝယ်လျှင် အလွန်နည်း။ ရသလောက်နှင့်သာပါ့ ရန်ကုန်မှာ ရောက်ခါစရယ် ဒုက္ခ ပေပဲ။ ။ ” သစ်ရိပ်ညို ”
- Get link
- X
- Other Apps
" ကစားနည်း " ဘောလုံး လေးကို ကိုင်ကာပစ်တော့ ဘတ်စကက်ဘော ဖြစ်သွားတယ်။ ဘောလုံး လေးကို လက်နဲ့ပုတ်တော့ ဘောလီဘောပုတ် ကစားတယ်။ ဘောလုံး ကိုကွယ် တုတ်နဲ့ရိုက်တော့ ဂေါက်ရိုက်ကစားနည်း ဖြစ်သွားတယ်။ ဘောလုံး ကိုတည် ခြေကန်ပေးတော့ ဘောလုံးကန်လို့ ခေါ်ကြတယ်။ ဘောလုံး လေမှာ ခြေကန်မြှောက်တော့ ပိုက်ကျော်ဘောလုံး ကစားတယ်။ ကစားမယ် ကစားမယ်။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" ဆရာမနိုင် နှစ်ဆောင်ပြိုင် " KG စာမသင်ရ ပထမ ကကြီးသင် ဒုတန်းတွင် ပေါင်းနှုတ်စ တရောက်မှ အလီဆို လေးတန်းကို ဝါကျဖွဲ့ ငါးလှည့်မှ ပထဝီ ခြောက်တလီ ဒီသမိုင်း ခုနစ်ဂိုင်း ကိုင်း သိပ္ပံ ကိုးရောက်တန် သိပ္ပံခွဲ ဆယ်စုကွဲ လိုင်းခွဲစို့ ဆယ့်တစ်တို့ အူလည်လည် ဆယ့်နှစ်ဝယ် အကျတန်း။ ဘွဲ့လမ်းတွက် သက်တန်းပို ဘယ်လမ်းကို အမောင်ရွေးပါရ ကလေးငယ် မြီးကောင်ပေါက်တို့ အခန်းနောက် မျက်ကွယ်တွင် ဆရာပင် မနိုင်ကိန်းကွယ် ယိမ်းတိုက် ကြစမ်း။ ။ " သစ်ရိပ်ညို "
- Get link
- X
- Other Apps
" စကားပြင် " လုံးပိုဒ်လှ အက္ခရာ သီးသန့်သာ မထား။ သဒ္ဒါသွား ဝါကျရိုးထုံး ဖွဲ့ကုံး သည့်စကား။ ။ " သီချင်း " အက္ခရာ လုံးပိုဒ်သီးသန့် ရှေ့နောက်ဆန့် ပိုဒ်ချင်းကာရန် စပ်ဖက် သီဟန်။ အချိုးကျန အသံမှန် အပြန်လှန် ဌာန်ကရိုဏ်း။ သံရှည်တို နိမ့်မြင့်ဖြတ် လေးပေါ့ဟပ် ကြိုးချင်းညီ မျိုးဆင်းချီ သက်တက်သွားငယ် ကြွားဖွယ့် သံလှိုင်း။ ။ " နှစ်မျိုးစပ် " စကားပြင် သီချင်းစပ် ထိုနှစ်ရပ် နှစ်ဖွဲ့အပါ။ စပ်ဖက်ကာ ထိုသရိုး မျိုးစပ် စုံစွာ။ စည်းကမ်းကျ ဝါကျသဒ္ဒါ နားလည်ပါ ဘာသာစကား။ လက်လိုက်နှုတ်ပါစွာဖြင့် မြဲလေ့လာ အစဉ်ကျွမ်းအောင် လမ်းပြဆောင်ငြား။ ။ ဥပစာ သဒ္ဒါနှစ်မျိုး အသံကျိုး အပြစ် ဂုဏ်။ အလင်္ကာ ရသနှင့် သဘာဝ ဇုန်။ ပေါရာဏ ရယ်နှင့် ဝေါဟာရ အနက်အစုံ ကုံလုံကြွယ် ပြည့်ရေး။ ကဗျာပီချို စာသီဆို လင်္ကာပျိုးတော့ ကျိုးရှိ ကွဲ့လေး။ ။ " သုတကြွယ်ကြွယ် " ရာဇဝင် ဇာတ် နိပါတ် တတ်သိအပ် ခိုင်စေ။ ဥတု လေ ရာသီကြော တောတောင်ရေမြေ။ ဓမ္မတာ သဘောတွေ ဇော စိတ်ထွေ တေးဂီတ။ ကျမ်းဂန် အထူးထူးမှတ် ပရမတ် ပညတ် သဘော အေဟာ သုတ။ ။ " အပြစ်ကင်းစေ ...