" အသိရူး သတိရူး "

ပုထုဇ္ဇနော..ဥမ္မတကော

ဆိုခဲ့သော်ငြား သတိထားမှ
ကံရေးအလုပ် ကောင်းလိမ့်မည်။

သူယုတ်မာထံ လှူရခြင်းထက်
သူတော်ကောင်းထံ လှူရခြင်းက
ပို၍မြတ်၏။

ဆိုရာ နတ္ထိ
ကောင်းမှုမရှိ ကောင်းမှုမသိ
ကောင်းရာမစေ ကောင်းရာမလုပ်
ကောင်းဖို့မပြော ကောင်းဖို့နှောလည်း
ကောင်းရေးမမြင် ကောင်းဆင်ခြင်ထုံ
ကောင်းသတိမဲ့ ကောင်းဂုဏ်အင်ကင်း
ကောင်းခြင်းမင်္ဂလာ မရှိရှာသည့်
များဝေသတ္တာ သတ္တဝါတို့
လိုချင်ဖို့ပြု ကပ်၍ညုသော်..............

စားဦးစားဖျား သူတော်များထက်
သာစွအရင် မဆင်ခြင်ပဲ
ခေါ်ယူဆင့်ကြွေး လှူ၍ပေးလည်း
ထပ်ငယ်ကပ်ပါး နိမ့်သူအားက
နောင်ရေးကြွယ်ကြွယ် အမျက်တွယ်လိမ့်။......

အဆိပ်ပင်ရေလောင်း ခြုံအပေါင်းတို့
လှောင်လှောင်းထကာ ကိုယ့်နေရာနား
ရှုပ်ပေငြားအံ့ ။..........

သင်သွားခုတ်လဲ သူကကဲ၍
ခြုံလည်းရိုင်းရိုင်း နွယ်သစ်ကိုင်းတို့
ပြိုင်းပြိုင်းထလာ မြင့်တက်လာရှင့်။..........

သူယုတ်ဆိုကား ကိုယ့်အားအတ္တ
လောဘ မောဟ ဒေါမနသ
ထကြွလာကြ အခိုက်မှတည့်။..........

မိုက်ပင်မိုက်ငြား သတိပွားကာ
တရားဓမ္မ ကောင်းရာပြသည့်
လမ်းကောင်းအမှန် ရွေးတတ်ရန်ရှင့်။........

စိတ်လိုလိုက်ငြား ဆထက်များလှ
မိုက်အားမိုက်ထွေ မိုက်ပစ်တွေ၏
ရောက်လေခဏ ဒေါမနသ ။...........

သူငါအားလုံး ယူ၍သုံးသည့်
အောက်ဆုံးယုတ်မာ သူ့ထက်သာဟု
မာန်ဂုဏ်ဝင့်ကြွေး ဟစ်နေသေးသည့်
လူယုတ်မာထုံး ရှက်ကြောက် ရှုံးလည်း
နွံဝဲ နွံဖောက် ငရဲအောက်သို့
ဇောက်ထိုးမိုးမျှော် အားရပျော်၏။...........

သို့စေ စော်ကား သူတော်များသို့
အားပါးတရ ပြောမဝနိုင်
နှုတ်ထွက် "ဆိုင်" လို့ သူပြောလိုက်ချေ
" ပုထုဇ္ဖကော ၊ ဥမ္မတကော "

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်