" အသက်တွေလည်းကြီးပါပြီဗျာ "

ကျောက်ထက်စာတင် ၊ သမိုင်းဝင်ဟု
ထင်မြင်နွယ်ဖွား ၊ အမျိုးသားတို့။

ကျောက်သားခိုင်မာ ၊ ရှိဘိရာလည်း
ပင်ညှာမြစ်ပေါက် ၊ မဖြစ်လောက်ဟု

စိုးနှောင့်ဗျာပွေ ၊ မရှိလေဘဲ
ကြာရှည်သောခါ ၊ စွဲမြဲရာက

ကျောက်ဖြာလည်းကွဲ ၊ ကျောက်လည်းခွဲ၍
အက်ကွဲဟက်တက် ၊ အမျိုးပျက်တည့်။

ခွဲထွက်စေလို ၊ ဝင်သပ်လျှိုလျက်
ကျောက်ကိုကြည့်စမ်း ၊ ထက်ပိုင်းချမ်းသို့

ပြည်ဝှမ်းစိပ်စိပ် ၊ ဝါးမြိုကြိတ်သော်
စိုးထိတ်ပူပန် ရလိမ့်မည်။

စိုးထိတ်ပူပန် ၊ မရှိရန်တွက်
ပင်မှန်သမျှ ၊ ရှင်းလင်းကြမှ

စိတ်ချနောင်ရေး ၊ တို့ရင်သွေးတွက်
မွေပေးလှမ်းကိုင် ၊ လက်ကမ်းနိုင်မှ
ခိုင်ခိုင် စိတ်ချမ်းသာလိမ့်မည်။

စိတ်ချမ်းသာမှု ၊ မျိုးဖျက်စုက
လူမှုဝန်းကျင် ၊ ပြစ်မမြင်ဖို့
လိမ်ဆင်ဝါဒ ၊ ကြားရုံမျှဖြင့်
ပြည့်ဝထောက်ခံ ၊ ပြည်ကျောက်ကန်သော်
ဧကန်မုချ ၊ သင့်ဘဝသည်
သုံးချခံသူ ဖြစ်တော့မည်။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်