"အမေများနေ့ "
အမေရွယ်အို
အလှပြိုလည်း
အမေ့အပြုံး
ရှုမဆုံးခဲ့။
အမေ့စကား
ဝမ်းလွယ်ထားဆဲ
သန္ဓေခဲစဉ်
နားချိုဝင်ခဲ့။
အမေဆိုတေး
နို့ချိုကြွေးတိုက်
အိုအေးအေးအို
ချော့မြှူဆိုပုံ
အရွယ်မခြား
ကြင်နာအားဖက်
သားသ္မီးတွက်ဆို
အသက်ပါပုံ
ကုန်လုံပြည့်ဝှမ်း
အမေ့ဝမ်းတွင်
စိတ်ကြည်လင်ဖို့
ရယ်ရွှင်စို့စို့
အမေ့နို့ဖိုး ကြေစေချင်။
သစ်ရိပ်ညို
အမေရွယ်အို
အလှပြိုလည်း
အမေ့အပြုံး
ရှုမဆုံးခဲ့။
အမေ့စကား
ဝမ်းလွယ်ထားဆဲ
သန္ဓေခဲစဉ်
နားချိုဝင်ခဲ့။
အမေဆိုတေး
နို့ချိုကြွေးတိုက်
အိုအေးအေးအို
ချော့မြှူဆိုပုံ
အရွယ်မခြား
ကြင်နာအားဖက်
သားသ္မီးတွက်ဆို
အသက်ပါပုံ
ကုန်လုံပြည့်ဝှမ်း
အမေ့ဝမ်းတွင်
စိတ်ကြည်လင်ဖို့
ရယ်ရွှင်စို့စို့
အမေ့နို့ဖိုး ကြေစေချင်။
သစ်ရိပ်ညို
Comments
Post a Comment