" ကျနော့်ကဗျာ "

ရသခုံမင် ၊ သုတယှဉ်၍
ဖတ်ချင်ဓမ္မ ၊ မကျန်ရအောင်
စစတွေးတော မိပါသည်။

အဆုံးအမ ၊ ရွာအလှနှင့်
ချိုမြသံချို ၊ လင်္ကာတိုဖြင့်
ခွန်းချိုကဗျာ သမိသည်။

အနှောင့်အသွား ၊ စာစကားဖြင့်
အများသူငါ ၊ မပြောပါဘူး
သာယာချိုနှော ပြောခဲ့သည်။

ရှေ့သို့လည်းသင် ၊ ပညာရှင်ထံ
သင်အံမှတ်သား ၊ စာဝါပွားလျက်
ကြိုးစားမှတ်သိ ရှိပါသည်။

လူငယ်နောင်သွေး ၊ ပညာပေး၍
ဆွေးနွေးသုတ ၊ နည်းလမ်းပြဆို
ဝေငှအတွေး ပေးပါသည်။

အကောင်းအဆိုး ၊ ထိုနှစ်မျိုးတွင်
ကောင်းကျိုးစေငြား ၊ ထိုနှစ်ပါးတွင်
ဆိုးသွားသည်လည်း ရှိခဲ့သည်။

တစ်နေ့တစ်ည ၊ တစ်ဘဝတွင်
လှပစိတ်ဝမ်း ၊ လွန်အေးချမ်းသည့်
ပြုံးပန်းဝေဆာ ရှိပါမည်။

သာယာကြည်အေး ပန်းတိုင်းမွှေးသို့
ရွှင်အေးစေကြောင်း တောင်းဆုရည်။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်