"ခက်တော့ခက်သားလား"

သူတို့ကိစ္စ ကိုယ့်ကိစ္စလုပ်
ကိစ္စများမြောင် လူတို့ဘောင်ဝယ်
ခမ်းဆောင်မင်္ဂလာ အဖြာဖြာနှင့်
လှူပါတမ်းပါ ကူညီပါဟု
သူငါစုရုံး မေတ္တာထုံးနှောင်။

သဲသောင်ကမ်းနား လူအများတို့
ပြေးလွှားရောက်နေ ရေနစ်လေသူ
ဆယ်စေကူရာ လူစုလာ၏။

ညှာတာထောက်ထား လွန်သနားဖွယ်
ခွန်အားငယ်သည့် လူငယ့်မိဘ
မရှိကြလျှင် ပံ့ပိုးချင်၏။

ရေတွင်ပြတ်ငတ် ခြောက်သွေ့ရပ်တွင်
မပြတ်လှူချင် ဒါနရှင်များ
စိတ်ကြင်မွန်မြတ် စာနာတတ်၏။

စာတတ်လူရှင် ပညာသင်ရာ
ကျောင်းတွင်လိုအပ် အရပ်ရပ်သော
ကျေနပ်ဖွယ်ရာ လှူဒါန်းစွာ၏။

မြို့ရွာရပ်ကွက် လမ်းသွားခက်သည့်
လှမ်းဆက်ဖို့လမ်း လူ့စခန်းမှ
လမ်းပမ်းသွယ်ကာ ဖောက်ကြရှာ၏။

ဘာသာတရား လက်ကိုင်ထားကာ
ဆပွားမေတ္တာ မြတ်သဒ္ဒါနှင့်
တည်ကာဘုရား စေတီများတည့်။

မွေးဖွားလာမှ မမြင်ရသည့်
မရပြောကြား နားမကြားလည်း
လူကြားထဲမှာ နိမ့်ကျရှာ၏။

ဖွေရှာအံ့ဩ လူတို့လောက
အတောမသတ် အရပ်ရပ်တွင်
လွတ်လပ်ပါဝင် စုဖွဲ့ထွင်သည့်
ဆင်ခြင်သိလှ ပရဟိတဆောင်
ဤလူ့ဘောင်ဝယ် တည်ထောင်ကာထား
ပါဝင်အားက များပြားလှစွာ
ချစ်စရာနှလုံး အစဉ်ပြုံးလို့
စုရုံးနှောင်ချည် ဝိုင်းဖွဲ့သီကြ
အများကိစ္စ ကိုယ့်ကိစ္စလုပ်
ဒုက္ခများလှ လူ့ဘဝတွက်
ခက်တော့ခက်သား ပါလားနော်။

"သစ်ရိပ်ညို"

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး