"အမေ မှ အမေ"
အပြောချိုချို
အမေအိုလည်း
ပြောဆိုဆုံးမ
မြေဝယ်မကျ
သားလှရှိပါ့ ပါပေါ့ အမေ။
အရေတွန့်မွဲ
ပါးရေတွဲနှင့်
အားခဲစိတ်မွေး
သားရှေ့ရေးတွက်
မအေး ကြောင့်ကျ ရှိပေါ့အမေ။
သားရဲ့အပူ
မျှဝေယူဖို့
အမေ့ မူ မနား
စိတ်မချအားပဲ
သားဇောချစ်စိတ် ပြင်းပေါ့အမေ။
အမေအမေ..
သားရုပ်ခန္ဓာ
ကြီးမားလာလဲ
ငယ်တာပဲလေ့
မနောခွေ့လျက်
အမေ့မျက်ဝန်း ရွှန်းပေါ့အမေ။
နှိုင်းတုမဲ့စရာ
မေတ္တာ ရည်စ
အမေမှတပါး
သားတွက်မှာဖြင့်
ကမ္ဘာ ကုန်ရှာလည်း မတွေ့တော့ပြီ။
" သစ်ရိပ်ညို "
အပြောချိုချို
အမေအိုလည်း
ပြောဆိုဆုံးမ
မြေဝယ်မကျ
သားလှရှိပါ့ ပါပေါ့ အမေ။
အရေတွန့်မွဲ
ပါးရေတွဲနှင့်
အားခဲစိတ်မွေး
သားရှေ့ရေးတွက်
မအေး ကြောင့်ကျ ရှိပေါ့အမေ။
သားရဲ့အပူ
မျှဝေယူဖို့
အမေ့ မူ မနား
စိတ်မချအားပဲ
သားဇောချစ်စိတ် ပြင်းပေါ့အမေ။
အမေအမေ..
သားရုပ်ခန္ဓာ
ကြီးမားလာလဲ
ငယ်တာပဲလေ့
မနောခွေ့လျက်
အမေ့မျက်ဝန်း ရွှန်းပေါ့အမေ။
နှိုင်းတုမဲ့စရာ
မေတ္တာ ရည်စ
အမေမှတပါး
သားတွက်မှာဖြင့်
ကမ္ဘာ ကုန်ရှာလည်း မတွေ့တော့ပြီ။
" သစ်ရိပ်ညို "
Comments
Post a Comment