"နွေနေ့ ကုသိုလ်"

နွေကန္တာတွင်
ပင်အိုငုတ်တို
သစ်ပုတ်အို။

နွေလယ်လများ
ရေရှားပါးနေ
လှူစို့လေ။

နွေတည်းခေါင်ခေါင်
ပွက်လောင်ဆူမြိုက်
ပူအိုက်အိုက်။

နွေလမိုးကြဲ
လွန်ကြိုးဆွဲပွဲ
ဆင်ယင်နွှဲ။

နွေနေနေ့ခင်း
လေပူပြင်းပြင်း
အိုက်စပ်ဖျင်း။

နွေဂိမ္မန်တ
ပြောင်းကြွရောက်လျှင်
တေးဆိုချင်။

နွေရှည်လညောင်း
ကိန်းအောင်းမြူးတုံ
ပေါင်းကူးဆုန်။

အားကြိုးမာန်တက်
နွေနေ့ရက်တို့
ချိတ်ဆက်စာနာ
စေတနာ ဖြင့်
မေတ္တာ ရေစမ်း
ဘယ်မခန်းဟု
ဆောင်နန်းကြွဘိ
ပရဟိတ
ရှိကြထွေထွေ
နွေပြည် တိုင်းနွေ
ဝေချင်တိုင်းဝေ
အဆွေခင်ပွန်း
သဒ္ဓါသွန်း၍
ပြည်ဝန်းစိတ်တူ
မြတ်အလှူဖြင့်
ရေလှူကြစို့ အမျိုးတို့။ ။

"သစ်ရိပ်ညို"

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး