" လောကပါလ "
အသိ ကင်းရင်ဖြင့်
အဆင်း မဲ့ပါတယ်။
ကိုယ့်အခြေ ကိုယ့်အသိ
ရှိကြ ပါကွယ်။
သတိနဲ့ ဆင်ခြင်ဖွယ်
အမြင်ကျယ် ပါစေသား။
ပသာဒ မပါတဲ့
သဘာဝ ယှဉ် လောကဓာတ် နယ်
ထိန်းတတ် ပြီလား။ ။
ကျင့်ဝတ်ဂုဏ် ဘယ်မတိမ်းဖို့
စောင့်ထိန်း လို့ ထားကွယ်။
ညစ်ဆိုးကျယ် ဖယ်အညှောင့်
စောင့်လေ မျိုးနွယ်။
ကျော်မကျူး ကြနဲ့ကွယ်
ကိုယ့်နယ်ပယ် ကိုယ့်အသိ။
သမာကိန်း ပါဗျ
စောင့်ထိန်း တစ်မယ် ခင်ရဲ့
အရွယ်တွင် ဥာဏ်မသိုးအောင်
နိုးကြား သတိ။ ။
ကျွေးမွေး မပျက် ဆောင်ရွက် စီမံ
မွေခံ ထိုက်စေ ၊ လှူမျှဝေ ၍
စောင့်လေ မျိုးနွယ် ၊ အသွယ်သွယ် လျှင်
နယ်ပယ် အနှံ့ ၊ စိတ်သန့်သန့် နှင့်
ဖြန့်ကျက် ဂုဏ်ရည် ၊ မျိုးဂုဏ် တည်၍
ညီမျှစေသား ၊ သမီး သား တို့
မှောက်မှား မရှိ ၊ မြဲသတိ နှင့်
အသိ ရှိစွာ ၊ နေတတ်ပါ ဟု
မင်္ဂလာ ဆုတောင်း ၊ ခွန်းချွေ လောင်းသည်
ကောင်းခြင်း မင်္ဂလာ ပြည့်ဝစေ။ ။
" သစ်ရိပ်ညို "
အသိ ကင်းရင်ဖြင့်
အဆင်း မဲ့ပါတယ်။
ကိုယ့်အခြေ ကိုယ့်အသိ
ရှိကြ ပါကွယ်။
သတိနဲ့ ဆင်ခြင်ဖွယ်
အမြင်ကျယ် ပါစေသား။
ပသာဒ မပါတဲ့
သဘာဝ ယှဉ် လောကဓာတ် နယ်
ထိန်းတတ် ပြီလား။ ။
ကျင့်ဝတ်ဂုဏ် ဘယ်မတိမ်းဖို့
စောင့်ထိန်း လို့ ထားကွယ်။
ညစ်ဆိုးကျယ် ဖယ်အညှောင့်
စောင့်လေ မျိုးနွယ်။
ကျော်မကျူး ကြနဲ့ကွယ်
ကိုယ့်နယ်ပယ် ကိုယ့်အသိ။
သမာကိန်း ပါဗျ
စောင့်ထိန်း တစ်မယ် ခင်ရဲ့
အရွယ်တွင် ဥာဏ်မသိုးအောင်
နိုးကြား သတိ။ ။
ကျွေးမွေး မပျက် ဆောင်ရွက် စီမံ
မွေခံ ထိုက်စေ ၊ လှူမျှဝေ ၍
စောင့်လေ မျိုးနွယ် ၊ အသွယ်သွယ် လျှင်
နယ်ပယ် အနှံ့ ၊ စိတ်သန့်သန့် နှင့်
ဖြန့်ကျက် ဂုဏ်ရည် ၊ မျိုးဂုဏ် တည်၍
ညီမျှစေသား ၊ သမီး သား တို့
မှောက်မှား မရှိ ၊ မြဲသတိ နှင့်
အသိ ရှိစွာ ၊ နေတတ်ပါ ဟု
မင်္ဂလာ ဆုတောင်း ၊ ခွန်းချွေ လောင်းသည်
ကောင်းခြင်း မင်္ဂလာ ပြည့်ဝစေ။ ။
" သစ်ရိပ်ညို "
Comments
Post a Comment