” လက်ကြောတင်းသောမိန်းမ ”

ရှေးမြန်မာ မိန်းမများ
ထင်ရှားတဲ့ သုံးနှုန်းပါ။

ငရုတ်သီး အစိပျက်
ကြေညက်အောင် ထောင်းတာ။

အဲ့ဒါမှ မိန်းမပီစွာ
အိမ်မှုရာ လက်ကြောတင်း။

စံတိုင်းတာ ပမာပြတယ်
မိန်းမ ရည်ခြင်း။ ။

ငရုတ်ဟာ ထမင်းမြိန်လွေး
ဟင်းခတ်မွှေး သုံးတည့်စွာ။

ကျန်းမာသည့် ကျိုးသင့်ကြောင်း
သောင်းပြောင်းထွေလာ။

ငရုတ်စိ ဝမ်းတွင်းမှာ
ပုတ်တတ်ရာ အူအတက်။

ငရုတ်ဆုံ ထည့်ကာထောင်းမှ
ကောင်းကောင်း ကြေညက်။ ။

” သစ်ရိပ်ညို ”

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်