” လုံးဝ လွဲနေပြီ ”
သူမမောပါဘု
ဟောသည်မှာ မေမေ ရေ
ရွှေငါး ကလေးလေ။
အမြဲတစေ ပေ
ရေထဲမှာ လှုပ်ရှား။
မှန်ရေကန် ဘောင်အတွင်းမှာ
ဆင်းငုတ် လျက်သား။ ။
ကျနော် မကယ်ထုတ် ရင်တော့
ရေငုတ်တဲ့ ရွှေငါးဟာ
မွန်းသေ တော့မှာ။
သနား စရာ
အမြန်သာ ကယ်လို့ပေး။
ရွှေငါးငယ် ရေကိုကြိုက်တယ်
မိုက်ပါ ကွဲ့လေး။ ။
ပိုက်လေးနှင့် ကျနော်ဖမ်း
ဘမ်းပေါ်မှာ ရွှေငါးတင်
ကြည့်လို့ နေစဉ်။
ရွှေငါး အရှင်
ပျော်ရွှင်ပုံ အသွင်ထူး။
တခါနှစ်ခါ ဆတ်ပါလို့
ဖျတ်ဖျတ်ခါ ရေမှာငုတ်သလို
လှုပ်နိုင် တော့ဘူး။ ။
” သစ်ရိပ်ညို ”
သူမမောပါဘု
ဟောသည်မှာ မေမေ ရေ
ရွှေငါး ကလေးလေ။
အမြဲတစေ ပေ
ရေထဲမှာ လှုပ်ရှား။
မှန်ရေကန် ဘောင်အတွင်းမှာ
ဆင်းငုတ် လျက်သား။ ။
ကျနော် မကယ်ထုတ် ရင်တော့
ရေငုတ်တဲ့ ရွှေငါးဟာ
မွန်းသေ တော့မှာ။
သနား စရာ
အမြန်သာ ကယ်လို့ပေး။
ရွှေငါးငယ် ရေကိုကြိုက်တယ်
မိုက်ပါ ကွဲ့လေး။ ။
ပိုက်လေးနှင့် ကျနော်ဖမ်း
ဘမ်းပေါ်မှာ ရွှေငါးတင်
ကြည့်လို့ နေစဉ်။
ရွှေငါး အရှင်
ပျော်ရွှင်ပုံ အသွင်ထူး။
တခါနှစ်ခါ ဆတ်ပါလို့
ဖျတ်ဖျတ်ခါ ရေမှာငုတ်သလို
လှုပ်နိုင် တော့ဘူး။ ။
” သစ်ရိပ်ညို ”
Comments
Post a Comment