" ပိတ်မိနေပြီ "

ခဏလေးပေမယ့်
ဘဝအရေး က ခက်လှတယ်
စားဝတ်နေ မလွယ်။

စည်းကမ်းဘောင် ကျဉ်းကျဉ်းမယ်
ဝဲပျံနယ် ရှိဘူး။

ဘောင်၌ပျံ
လှောင်ချိုင့်စံ ငှက်ငယ်ဘဝတို့
ခပ်နန ရူး။ ။

" တနင့်တပိုး "

အခွန်တွေ တုပ်ပါလို့
လှုပ်သည်နှင့် ကြိုးချည်
ဒုက္ခ ဗျာသီ။

ချုပ်ညနာရီ
မအီသာ လိမ့်လူး။

တိရစ္ဆာန် ရုံ
ဗိမာန်ဘုံ ရဂုံတောဝယ်
မောမေ့မေ့ မူး။ ။

" ဘဝမေ့သူ "

ကိုယ်လိုလူ အာဏာရ
ဘဝကို ပြောင်းပြန်မြင်
လူ့ဘဝ ဘုံခွင်။

စက်ရုပ်သွင်
ထင်မြင်သည့် လူသား။

သနားမညှာတာ
ခါးတမာ သကာဖုံးနှယ်
သုံးချ ပုံများ။ ။

" ကျွန် "

အခွန်ပေါ် အခွန်ဆင့်
အခွန်မြင့် တို့တိုင်းပြည်
တိုးကောက် လိမ့်မည်။

စိုးကြောက်ဖွယ့် ဗာရာဏသီပြည်
ဖြေမဆည် နိုင်အား။

ရာဇမာန်
အနိမ့်စံ လှိမ့်ခံဦးကွယ်
ရုန်းထ ခက်သား။ ။

" ကျီးလန့်စာစား "

ဖမ်းမယ်တဲ့ဆီးမယ်။

တစ်ပိုင်နိုင် ဈေးသူသား
လမ်းကြား ထိကွယ်။

စက်ဘီးနဲ့ ဘက်ထရီရယ်
လိုင်စင်ငယ် ချမပေး။

ပါးစပ် သေနတ် သာဖြင့်
ခပ်ပြတ်ပြတ် အပိုင်သိမ်း လို့
ဂိမ်း ဆော့ ရော့လေး။ ။

" တောကစားထွက်ခြင်း "

ဖြစ်ချင်တာဖြစ်စေတော့
လည်ပင်းလည်း အစ်နေပြီ။

စမ ဆောင် အောင်သိဒ္ဓိ
မဟိဒ္ဓိ ပြည်။

အော်နေမိပြီ
ပြည်တည်တဲ့ အနာရင်း။

ပြောင်းချက်တန်
စောင်းခွက်မှန် နားပန်ကုပ် ကို
တုတ်လက်သံ ပြင်း။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်