" ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ "
ကျွန်ုပ်တို့ရဲ့ အလံတော်
အရောင် လေးမျိုး ရှိသနော်။
ဖြူ နီ စိမ်း ဝါ အရောင်များ
မြန်မာပြည် ကိုယ်စား။ ။
အလံတော်မှ အဝါရောင်
စည်းလုံးညီညွတ် မှုကိုဆောင်။
ပညာတန်ဆောင် ထွန်းလင်းလျှက်
တို့တွေ လက်ခြင်းဆက်။ ။
အလံတော်ရှိ အစိမ်းရောင်
မြေဆီဩဇာ ကြွယ်ဝဆောင်။
ငြိမ်းချမ်းသာယာ မေတ္တာအေး
စိမ်းလန်း စိုပြည်ရေး။ ။
အလံတော်၏ အနီရောင်
ရဲရင့်ပြတ်သား အားကိုဆောင်။
သွေးစည်းညီစေ တို့တွေများ
ပြည်ထောင်စုရဲ့ သား ။ ။
အဖြူရောင်ရဲ့ အဓိပ္ပါယ်
မြင့်မြတ်သန့်ရှင်း ဖြူစင်ကြယ်။
တို့တိုင်းပြည်ရဲ့ ယဉ်ကျေးမှု
ရိုးသား ဖြောင့်မတ်မှု။ ။
စည်းလုံး ဝေစည် သွေးချင်းညီ
ဖြူစင် သန့်ရှင်း စင်ကြယ်သည်။
စွမ်းရည် ပြည့်ဝ ရှိစေသား
အလံတော်၌ ထား။ ။
လွတ်လပ်ရေးကို ထိန်းသိမ်းရန်
သစ္စာရှိဖို့ သတိပန်။
တို့ပြည်ထောင်စု တို့လူထု
နိုင်ငံတော်ကို အလေးပြု။ ။
ပေါင်းစုညီစေ တို့အင်အား
ရိုးသားကြိုးစား တို့လုပ်အား။
မှတ်သားသိဖွယ် ဂရုပြု
အလံတော်ကို အလေးပြု။ ။
" သစ်ရိပ်ညို "
ကျွန်ုပ်တို့ရဲ့ အလံတော်
အရောင် လေးမျိုး ရှိသနော်။
ဖြူ နီ စိမ်း ဝါ အရောင်များ
မြန်မာပြည် ကိုယ်စား။ ။
အလံတော်မှ အဝါရောင်
စည်းလုံးညီညွတ် မှုကိုဆောင်။
ပညာတန်ဆောင် ထွန်းလင်းလျှက်
တို့တွေ လက်ခြင်းဆက်။ ။
အလံတော်ရှိ အစိမ်းရောင်
မြေဆီဩဇာ ကြွယ်ဝဆောင်။
ငြိမ်းချမ်းသာယာ မေတ္တာအေး
စိမ်းလန်း စိုပြည်ရေး။ ။
အလံတော်၏ အနီရောင်
ရဲရင့်ပြတ်သား အားကိုဆောင်။
သွေးစည်းညီစေ တို့တွေများ
ပြည်ထောင်စုရဲ့ သား ။ ။
အဖြူရောင်ရဲ့ အဓိပ္ပါယ်
မြင့်မြတ်သန့်ရှင်း ဖြူစင်ကြယ်။
တို့တိုင်းပြည်ရဲ့ ယဉ်ကျေးမှု
ရိုးသား ဖြောင့်မတ်မှု။ ။
စည်းလုံး ဝေစည် သွေးချင်းညီ
ဖြူစင် သန့်ရှင်း စင်ကြယ်သည်။
စွမ်းရည် ပြည့်ဝ ရှိစေသား
အလံတော်၌ ထား။ ။
လွတ်လပ်ရေးကို ထိန်းသိမ်းရန်
သစ္စာရှိဖို့ သတိပန်။
တို့ပြည်ထောင်စု တို့လူထု
နိုင်ငံတော်ကို အလေးပြု။ ။
ပေါင်းစုညီစေ တို့အင်အား
ရိုးသားကြိုးစား တို့လုပ်အား။
မှတ်သားသိဖွယ် ဂရုပြု
အလံတော်ကို အလေးပြု။ ။
" သစ်ရိပ်ညို "
Comments
Post a Comment