" ပညာသတ္တိ "

အတွေးမျှော်ကိုး ၊ ရလိမ့်နိုးနှင့်
တစိုးတစိ ၊ မှောင်သတိကြောင့်
ပိုးထိ အဆိပ် ၊ သင့်ငယ်ထိပ်သို့
နှိပ်စက် ဆူဝေ ၊ ပြန့်နှံ့ပေလိမ့်။

မျှဝေ ပိုင်းခြား ၊ သတိထား၍
သစ်ကျားကင်းမြွေ ၊ ရှောင်တတ်လေမှ
ထွေထွေအကျိုး ၊ ဥာဏ်စပျိုးလျက်
တန်ဖိုး ရှိစွာ ၊ ပိုင်ဆိုင်ပါလိမ့်။

ရှိတာမခက် ၊ သိတာ ခက်မို့
ဥာဏ်စက် ချွန်းနှယ် ၊ ထိုးထွင်းလွယ်စွာ
မြင်ကြွယ် လျပ်ပါး ၊ လိမ္မာငြားမူ
လွဲမှား အမှု ၊ တိမ်းရှောင်ပြုလိမ့်။

ကံဆု ပြည့်ဝ ၊ ကျိုးလှ ကွန်းခို
ပင်အိုသစ်ခေါင်း ၊ တွင်းအောင်းရတနာ
ပညာ မျက်စိ ၊ မြဲသတိနှင့်
ဆုံးထိ မလွန် ၊ တတ်သိပွန်မူ
မကျွံ မိုက်ဆိုး ၊ ရှောင်နိုင်မျိုးမို့
တန်ဖိုး အနဂ္ဂ ၊ ပိုင်ဆိုင် ရပြီး
ဘဝ မျက်မြင် ၊ လူ့တန်းဝင် မည်
လူရှင် ပညာ ရှိသောကြောင့်။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်