"အတ္တမဲ့ချစ်ခြင်း"

မောလိုက်တာသားရယ် အမေမနားပါဘူး
သားလေးဆီရောက်ဖို့ဘဲ အမေမျှော်လင့်တယ်
ခု တရားစခန်းက အမေ ထွက်လာခဲ့တာကွဲ့
သားသတင်းကြားကြားခြင်းအပြေးလေးလာပေါ့
မိုက်လိုက်တာသားရယ် စဉ်းစားလေ
လူမိုက်ကို ဖက်ပြိုင်တော့ သားအနိုင်ရရဲ့လား
ခုတော့သားရှိတဲ့အရပ်ဆီ အမေလာနေပြီလေ
တရားမမှတ်နိုင်တော့ပါဘူး သားရယ်
သားကိုချစ်လွန်းလို့ စိုရိမ်လွန်ကဲ
အမေ့ရင်တွေ ပူလောင်ဆူပွက်နေပါပြီ
နေအပူ မြေပူလဲ အမေဂရုမစိုက်အား
လေပူ လေအေးမှန်းလည်း မခံစားမိပါကွယ်
ချွေးစို့စို့ထွက်တဲ့ အမေ့နဖူးဆံစကို
ခေါင်းပေါင်းတံဘက်စ ဖြုတ်သုတ်ရင်း
ဆယ်နွေကဲတဲ့အပူမီး အမေ့ရင်မှာပိုက်ထားတယ်
အမေ့အချစ် အမေ့မေတ္တာက သားအတွက်
သောကနဲ့ လိမ်းကျံ ပြီး
အချုပ်ထောင်ဝ ရောက်လာပြီ သားငယ်လေး
မေမေချစ်တဲ့သား အမေ့သား
ဖျားနာ နေမလား စွန်းပဲ့သွားမလား
သားမျက်နှာလေး မြင်လိုလှပါပြီ
အမေ ဘာမှ စွမ်းဆောင် မပေးနိုင်ပေမယ့်
သားလေးနေကောင်းထိုင်သာမြင်ရဖို့ လာတာပါ
"အမေ"လို့ သားခေါ်သံလေး ရင်နင့်နင့်
အမေ့နား ကြားလိုလှပါပေါ့ သားငယ်
သားလေး ကျန်းမာပါစေဘုရား။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး