" အဆိပ်တက်သော အသည်းများ "

အမိနိုင်ငံတော် typeကြောင့်
ငိုက်ကနဲ ပါသွားတယ်။

ဥပဓိ လေးကြောင့်
ထွေး ကနဲ ပါသွားတယ်။

အသည်းခိုက် အကြိုက်တွေ့ပြီး
မူးမိုက်မေ့သွား ကြတယ်။

သူလျှောက်တဲ့ လမ်း
ဆီဆမ်းတဲ့ လိမ်ဆင်
ခွင်ရိုက်သည့် လူမျိုးရေး

ပေးကြွေးတဲ့ ဝါဒ
ကပြတဲ့ ဇာတ်ခုံ
ယုံခက်တဲ့ စကားလုံး

သုံးတတ်တဲ့ လက်ပြန်ကြိုး
ချိုးဖျက်မယ့် ယုံကြည်မှု
နုဖတ်သည့် လျှပ်ပေါ်

လော်လီသည့် ကိုယ်ကျင့်တရား
မှားယွင်းသည့် အလုပ်
ယုတ်ဓာတ်ရဲ့ လမ်းစဉ်

နင် မမြင်ဘူးလား
နင် မနာကျဉ်ဘူးလား
နင် ချစ်ရမှာ နိုင်ငံနဲ့လူမျိုး
နင် ချစ်နေတာ ရုပ်ရှင်ဇာတ်လမ်း
လွဲနေပြီလေ
အတော်ကို လွဲနေပါပြီ။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး